Google ကနေ အခုအချိန်မှာ ရှိသမျှ Application တွေနဲ့ Service တွေကို Dark Mode အနေနဲ့ Update ထုတ်ပေးနေတာဖြစ်ပါတယ်။ အခုလည်း မကြာခင်မှာ Notes App တစ်ခုဖြစ်တဲ့ Google Keep Web Version မှာလည်း Dark Mode ရရှိလာတော့မှာဖြစ်ပါတယ်။

Google Keep ဟာ Mobile Application မှာတော့ Dark Mode ရရှိပြီးဖြစ်ပြီးတော့ Notes App နဲ့ Service တွေထဲမှာ လူသုံးအများဆုံးဖြစ်နေတယ်လို့တောင် ပြောလို့ရပါတယ်။ ဒါပေမယ့် Web Browser ဒါမှမဟုတ် Chrome App အနေနဲ့ အသုံးပြုရတဲ့ Google Keep Web Version ကတော့ Dark Mode ကို မရရှိသေးပါဘူး။

Google က အခုအချိန်မှာဆိုရင် G Suite အသုံးပြုသူတွေကို စတင်ပြီး Keep မှာ Dark Theme ရရှိအောင် ဆောင်ရွက်ပေးနေပြီဖြစ်ပြီးတော့ Website ရဲ့ ညာဘက်က Setting Icon ကို နှိပ်ပြီးတော့ Enable Dark Mode ကို ရွေးချယ်ပေးလိုက်ရုံပါပဲ။

ဘာပဲဖြစ်ဖြစ် Google Keep ကို အသုံးပြုနေတဲ့သူတွေအတွက်တော့ G Suite User မဟုတ်လည်း မကြာခင်မှာ Dark Mode ကို အသုံးပြုနိုင်တော့မှာပါ။

Ref : Android Authority