Google ကေန Pixel 2 စမတ္ဖုန္းေတြကို စတင္မိတ္ဆက္ခဲ့တာက ျပီးခဲ့တဲ့ႏွစ္ ေအာက္တုိဘာလမွာ မိတ္ဆက္ခဲ့တာျဖစ္ျပီးေတာ့ Processor နဲ႔ Design ပိုင္းအရ အနည္းငယ္ ဒိတ္ေအာက္သြားျပီျဖစ္ေပမယ့္ ကင္မရာပိုင္းအရေတာ့ အေကာင္းဆံုးေသာ ကင္မရာဖုန္းလုိ႔ ေျပာလုိ႔ရမွာပါ။

Google Pixel 2

ဒါေပမယ့္ Pixel 2 စမတ္ဖုန္းေတြက ကင္မရာပိုင္း ေကာင္းမြန္တယ္ဆုိေပမယ့္ ျပႆနာတစ္ခုရွိေနျပီးေတာ့ အဲ့ဒါကေတာ့ တခါတေလမွာ “Fatal Camera Error” ဆိုျပီး ကင္မရာရုိက္လုိ႔မရေတာ့တာျဖစ္ပါတယ္။ အခုျပႆနာဟာ တစ္ခါတေလမွ ျဖစ္တတ္တယ္ဆုိေပမယ့္ Pixel 2 ထြက္ရွိထဲက အခုအခ်ိန္အထိ ျဖစ္ေနတဲ့ ျပႆနာျဖစ္ေနတာပါ။

Google Pixel 2

အဆိုပါ ျပႆနာဟာ Reddit Forum လုိမ်ိဳး Forum ေတြမွာလည္း အေျပာခံေနရျပီးေတာ့ အေစာဆံုးျဖစ္ပြားတဲ့အခ်ိန္က ျပီးခဲ့တဲ့ႏွစ္ ႏုိဝင္ဘာလထဲက ျဖစ္ေနတာျဖစ္ပါတယ္။ တခ်ိဳ႕ေသာသူေတြက သူတို႔ရဲ႕ Pixel 2 ဖုန္းကို Factory Reset ျပဳလုပ္လုိက္ေပမယ့္ အခုလုိမ်ိဳး Reset ျပဳလုပ္တာက အခု Error ကို ေျဖရွင္းေပးျခင္းမရွိဘူးလုိ႔လဲ သိရပါတယ္။

ဒါေပမယ့္ Google ကေန အခုလုိမ်ိဳး ျပႆနာအတြက္ ေမးျမန္းခဲ့တဲ့ အသံုးျပဳသူတစ္ဦးအေပၚကို Made by Google ကေန အခု ျပႆနာကို သိရွိျပီးျဖစ္ျပီး ေျဖရွင္းဖုိ႔ ေဆာင္ရြက္ေနတယ္လုိ႔ ျပန္လည္ေျဖၾကားခဲ့တာျဖစ္ပါတယ္။ အဲ့ဒီအတြက္ Google Pixel 2 ရဲ႕ ကင္မရာ ရုိက္လုိ႔မရတဲ့ ျပႆနာက မၾကာခင္ Google ကေန ေျဖရွင္းေပးသြားေတာ့မယ္လုိ႔ ယူဆရပါတယ္။

Ref : Android Authority

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

Google ကနေ Pixel 2 စမတ်ဖုန်းတွေကို စတင်မိတ်ဆက်ခဲ့တာက ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ မိတ်ဆက်ခဲ့တာဖြစ်ပြီးတော့ Processor နဲ့ Design ပိုင်းအရ အနည်းငယ် ဒိတ်အောက်သွားပြီဖြစ်ပေမယ့် ကင်မရာပိုင်းအရတော့ အကောင်းဆုံးသော ကင်မရာဖုန်းလို့ ပြောလို့ရမှာပါ။

Google Pixel 2

ဒါပေမယ့် Pixel 2 စမတ်ဖုန်းတွေက ကင်မရာပိုင်း ကောင်းမွန်တယ်ဆိုပေမယ့် ပြဿနာတစ်ခုရှိနေပြီးတော့ အဲ့ဒါကတော့ တခါတလေမှာ “Fatal Camera Error” ဆိုပြီး ကင်မရာရိုက်လို့မရတော့တာဖြစ်ပါတယ်။ အခုပြဿနာဟာ တစ်ခါတလေမှ ဖြစ်တတ်တယ်ဆိုပေမယ့် Pixel 2 ထွက်ရှိထဲက အခုအချိန်အထိ ဖြစ်နေတဲ့ ပြဿနာဖြစ်နေတာပါ။

Google Pixel 2

အဆိုပါ ပြဿနာဟာ Reddit Forum လိုမျိုး Forum တွေမှာလည်း အပြောခံနေရပြီးတော့ အစောဆုံးဖြစ်ပွားတဲ့အချိန်က ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလထဲက ဖြစ်နေတာဖြစ်ပါတယ်။ အချို့သောသူတွေက သူတို့ရဲ့ Pixel 2 ဖုန်းကို Factory Reset ပြုလုပ်လိုက်ပေမယ့် အခုလိုမျိုး Reset ပြုလုပ်တာက အခု Error ကို ဖြေရှင်းပေးခြင်းမရှိဘူးလို့လဲ သိရပါတယ်။

ဒါပေမယ့် Google ကနေ အခုလိုမျိုး ပြဿနာအတွက် မေးမြန်းခဲ့တဲ့ အသုံးပြုသူတစ်ဦးအပေါ်ကို Made by Google ကနေ အခု ပြဿနာကို သိရှိပြီးဖြစ်ပြီး ဖြေရှင်းဖို့ ဆောင်ရွက်နေတယ်လို့ ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအတွက် Google Pixel 2 ရဲ့ ကင်မရာ ရိုက်လို့မရတဲ့ ပြဿနာက မကြာခင် Google ကနေ ဖြေရှင်းပေးသွားတော့မယ်လို့ ယူဆရပါတယ်။

Ref : Android Authority

Zawyè (Akhayar) 

www.akhayar.com