[Zawgyi] 

အခုကေန လာမယ့္ ၁၀ လအတြင္းမွာ Google+ ဝန္းေဆာင္မႈကို ပိတ္သိမ္းသြားေတာ့မယ္လို႔ သိရပါတယ္။ အေၾကာင္းကေတာ့ အေသးစိတ္လူသိရွင္ၾကားမေဖာ္ျပထားတဲ့ လံုၿခံဳေရးအားနည္းခ်က္ ရွိေနတာေၾကာင့္ပါ။

Google Plus

 

Google အေနနဲ႔ေဖာ္ျပထားတာကေတာ့ လက္ရွိအခ်ိန္မွာ Google+ က ေန႔စဥ္အသံုးျပဳသူနည္းေနသလို Google+ အသံုးျပဳသူ 90% ရဲ႕ တစ္ခါဝင္ၾကည့္တဲ့ၾကာခ်ိန္ကလည္း ၅ စကၠန္႔ထက္ကို နည္းေနတယ္လို႔ သိရပါတယ္။ ဒါေပမယ့္ Google က လုပ္ငန္းခြင္အတြက္အသံုးျပဳေနတဲ့ Enterprise Customer ေတြအတြက္ေတာ့ Google+ ဝန္ေဆာင္မႈကို ဆက္ၿပီးထားေပးဦးမယ္လို႔ ေၾကညာထားပါတယ္။ 

Google+ on Android

Google+ က မၾကာခင္မွာပဲ လုပ္ငန္းခြန္သံုး Social Network တစ္ခုအျဖစ္ေျပာင္းလဲသြားမွာပါ။ လံုၿခံဳေရးအားနည္းေနတဲ့အပိုင္းကေတာ့ User Profile Data အပိုင္းပါ။ အဲ့ဒီကိစၥနဲ႔ပတ္သက္လိုိ႔လည္း Android ဖုန္းေတြနဲ႔ Gmail ကေနၿပီး Use Data ကို ဝင္ေရာက္သိပုိုင္ခြင့္မရွိေအာင္ API အသစ္ေတြကို သတ္မွတ္ေပးသြားမွာပါ။ ေနာက္ပိုင္းမွာေတာ့ Developer ေတြအေနနဲ႔ ဖုန္းေပၚက Call Log နဲ႔ SMS ေတြအေပၚ ထိန္းခ်ဳပ္မႈေတြလုပ္ႏိုင္ေတာ့မွာ မဟုတ္ပါဘူး။ Android ဖုန္းေတြေပၚက Contacts App ကေနလည္း ဖုန္းထဲက Contact ေတြနဲ႔ပတ္သက္ၿပီးလည္း အေသးစိတ္အခ်က္အလက္ေတြကို သိပိုင္ခြင့္မရွိေတာ့ေအာင္ လုပ္ေပးလိုက္ပါၿပီ။ 

Permission Access

လိုအပ္တဲ့အေျခအေနအမ်ိဳးမ်ိဳးေၾကာင့္ Data ကို Access လုပ္ခြင့္ရခဲ့ရင္ေတာင္ အဲ့ဒီ App Developer အေနနဲ႔ လံုၿခံဳေရးဆိုင္ရာ သေဘာတူညီမႈေတြကိုရယူၿပီး User Data ကို အသံုးခ်ၿပီး ေၾကာ္ျငာေတြအတြက္ အသံုးခ်တာ၊ လႊဲေျပာင္းေပးတာ၊ Data ေရာင္းစားတာမ်ိဳးေတြကို မလုပ္ႏိုင္ေအာင္ စီစဥ္ထားတယ္လို႔လည္း သိရပါတယ္။ အျပင္က App ေတြကို Install လုပ္ၿပီး အသံုးျပဳတဲ့အခါ App ကေတာင္းတဲ့ Permission ေတြကို User ေတြအေနနဲ႔ အေသးစိတ္ဖတ္ၾကည့္သင့္တယ္ဆိုတာနဲ႔ Gmail နဲ႔ပတ္သက္ၿပီး သတိေပးထားပါတယ္။ တခ်ိဳ႕ App ေတြမွာ Gmail ကိုဖတ္ခြင့္ေတာင္းတာမ်ိဳးပါလာတတ္ၿပီး Gmail လိပ္စာကို မလိုအပ္တဲ့ ေၾကာ္ျငာေတြပို႔လာတတ္ပါတယ္။ Google အေနနဲ႔ေတာ့ လံုၿခံဳေရးႁမွင့္ဖို႔အတြက္ Project Strobe ဆိုတာကို လုပ္ေနၿပီး မၾကာခင္မွာေျပာင္းလဲခ်က္ေတြကို ေၾကျငာေပးသြားမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ Google+ ကေတာ့ ေနာက္ထပ္ ၁၀ လေက်ာ္ေလာက္ေနရင္ အၿပီးဖ်က္သိမ္းသြားေတာ့မွာပါ။ 

Ref: The Verge | Google | Android Headlines

Min Than Htike (Akhayar)

www.akhayar.com

[Unicode] 

Google+ Platform ကို မကြာခင်ပိတ်သိမ်းဖို့ ကြေညာလိုက်ပြီ

အခုကနေ လာမယ့် ၁၀ လအတွင်းမှာ Google+ ဝန်းဆောင်မှုကို ပိတ်သိမ်းသွားတော့မယ်လို့ သိရပါတယ်။ အကြောင်းကတော့ အသေးစိတ်လူသိရှင်ကြားမဖော်ပြထားတဲ့ လုံခြုံရေးအားနည်းချက် ရှိနေတာကြောင့်ပါ။

Google Plus

 

Google အနေနဲ့ဖော်ပြထားတာကတော့ လက်ရှိအချိန်မှာ Google+ က နေ့စဉ်အသုံးပြုသူနည်းနေသလို Google+ အသုံးပြုသူ 90% ရဲ့ တစ်ခါဝင်ကြည့်တဲ့ကြာချိန်ကလည်း ၅ စက္ကန့်ထက်ကို နည်းနေတယ်လို့ သိရပါတယ်။ ဒါပေမယ့် Google က လုပ်ငန်းခွင်အတွက်အသုံးပြုနေတဲ့ Enterprise Customer တွေအတွက်တော့ Google+ ဝန်ဆောင်မှုကို ဆက်ပြီးထားပေးဦးမယ်လို့ ကြေညာထားပါတယ်။ 

Google+ on Android

Google+ က မကြာခင်မှာပဲ လုပ်ငန်းခွန်သုံး Social Network တစ်ခုအဖြစ်ပြောင်းလဲသွားမှာပါ။ လုံခြုံရေးအားနည်းနေတဲ့အပိုင်းကတော့ User Profile Data အပိုင်းပါ။ အဲ့ဒီကိစ္စနဲ့ပတ်သက်လို့လည်း Android ဖုန်းတွေနဲ့ Gmail ကနေပြီး Use Data ကို ဝင်ရောက်သိပိုင်ခွင့်မရှိအောင် API အသစ်တွေကို သတ်မှတ်ပေးသွားမှာပါ။ နောက်ပိုင်းမှာတော့ Developer တွေအနေနဲ့ ဖုန်းပေါ်က Call Log နဲ့ SMS တွေအပေါ် ထိန်းချုပ်မှုတွေလုပ်နိုင်တော့မှာ မဟုတ်ပါဘူး။ Android ဖုန်းတွေပေါ်က Contacts App ကနေလည်း ဖုန်းထဲက Contact တွေနဲ့ပတ်သက်ပြီးလည်း အသေးစိတ်အချက်အလက်တွေကို သိပိုင်ခွင့်မရှိတော့အောင် လုပ်ပေးလိုက်ပါပြီ။ 

Permission Access

လိုအပ်တဲ့အခြေအနေအမျိုးမျိုးကြောင့် Data ကို Access လုပ်ခွင့်ရခဲ့ရင်တောင် အဲ့ဒီ App Developer အနေနဲ့ လုံခြုံရေးဆိုင်ရာ သဘောတူညီမှုတွေကိုရယူပြီး User Data ကို အသုံးချပြီး ကြော်ငြာတွေအတွက် အသုံးချတာ၊ လွှဲပြောင်းပေးတာ၊ Data ရောင်းစားတာမျိုးတွေကို မလုပ်နိုင်အောင် စီစဉ်ထားတယ်လို့လည်း သိရပါတယ်။ အပြင်က App တွေကို Install လုပ်ပြီး အသုံးပြုတဲ့အခါ App ကတောင်းတဲ့ Permission တွေကို User တွေအနေနဲ့ အသေးစိတ်ဖတ်ကြည့်သင့်တယ်ဆိုတာနဲ့ Gmail နဲ့ပတ်သက်ပြီး သတိပေးထားပါတယ်။ တချို့ App တွေမှာ Gmail ကိုဖတ်ခွင့်တောင်းတာမျိုးပါလာတတ်ပြီး Gmail လိပ်စာကို မလိုအပ်တဲ့ ကြော်ငြာတွေပို့လာတတ်ပါတယ်။ Google အနေနဲ့တော့ လုံခြုံရေးမြှင့်ဖို့အတွက် Project Strobe ဆိုတာကို လုပ်နေပြီး မကြာခင်မှာပြောင်းလဲချက်တွေကို ကြေငြာပေးသွားမယ်လို့ မျှော်လင့်ရပါတယ်။ Google+ ကတော့ နောက်ထပ် ၁၀ လကျော်လောက်နေရင် အပြီးဖျက်သိမ်းသွားတော့မှာပါ။ 

Ref: The Verge | Google | Android Headlines

Min Than Htike (Akhayar)

www.akhayar.com