[Zawgyi]

Android OS အသုံးျပဳမႈ ရပ္ဆိုင္းဖို႔ ျပင္ဆင္ေနၿပီျဖစ္တဲ့ Google ကုမၸဏီ

အခုခ်ိန္မွာ Android OS အသုံးျပဳထားတဲ့ စမတ္ဖုန္းေတြ မႈိလိုေပါက္ေနတယ္ဆိုေပမယ့္ iPhone ေတြေလာက္ လုံၿခဳံမႈမရွိေသးပါဘူး။ Update ထုတ္ေပးတာခ်င္း အတူတူဆိုရင္ေတာင္ iPhone User ေတြ ခ်က္ခ်င္း Update လုပ္ဖို႔အခြင့္ေရးရွိေပမယ့္ Android သမားေတြကေတာ့ မူကြဲေနတဲ့ စမတ္ဖုန္းထုတ္လုပ္သူေတြေၾကာင့္ အၿမဲလိုလို ဘက္ပဲ့ေနၾကတာပါ။

iOS & Android

Security ပိုင္းယွဥ္လိုက္ရင္ Android မွာ လုံၿခဳံေရးအားနည္းေနတယ္လို႔ ေျပာလို႔မရေပမယ့္ Spectre လို အႏၲရာယ္မ်ိဳးရင္ဆိုင္ရရင္ အာမခံခ်က္မရွိပါဘူး။ ဒါကို Google ရဲ႕ အားနည္းခ်က္လို႔ ေျပာလို႔မရသလို Linux လို Open Source Platform ကို မွီခိုထားရတာလည္း ပါပါတယ္။ ကမာၻတစ္ဝန္း စမတ္ဖုန္းသုံးေနသူ ၈၅ ရာခိုင္ႏႈန္းေလာက္က Android OS ကို မွီဝဲေနရတာပါ။ Google ဘယ္လိုပဲ Security Update ဝန္ေဆာင္မႈေတြ ေပးေနတယ္ေျပာေျပာ ၁၀ ရာခိုင္ႏႈန္းေလာက္ပဲ ဒီအခြင့္ေရးမ်ိဳးရႏိုင္တာပါ။

The most secure Android Smartphone BlackBerry’s “PRIV”

အဲ့ဒါေၾကာင့္ Google အေနနဲ႔ ျဖစ္ေပၚလာတဲ့ အေျခအေနအလိုက္ Apple လို ဝန္ေဆာင္မႈမ်ိဳးေပးသြားခ်င္တယ္ဆိုရင္ လက္ရွိသုံးေနတဲ့ System တစ္ခုလုံးေျပာင္းလဲပစ္မွ ျဖစ္ႏိုင္မွာပါ။ ဘာလို႔လဲဆိုေတာ့ Linux Platform ကို မွီခိုေနတာ Android တစ္ခုထဲမဟုတ္သလို Chrome OS လည္း ပါဝင္ေနပါေသးတယ္။ အဲ့ဒါအျပင္ Google Assistant လို အသံနဲ႔ခိုင္းေစလို႔ရတဲ့ နည္းပညာမွာလည္း အခုလို အားနည္းခ်က္ရွိေနတာေၾကာင့္ Google အေနနဲ႔ တစ္စုတစည္းထဲျဖစ္လာေအာင္ ျပင္ဆင္ထားပုံရပါတယ္။

Google Assistant on Galaxy Smartphone

ဒီလို မွီခိုမႈမရွိဘဲ တစ္သီးတျခား ရပ္တည္ဖို႔ Google စဥ္းစားလာတာ Security Update ေပးဖို႔ဆိုလိုခ်င္တာထက္ Google Assistant လို နည္းပညာေတြကို ပင္မ Operating System တစ္ခုထဲမွာ ေပါင္းစည္းခ်င္တဲ့သေဘာပါ။ ဒါဆိုရင္ Google နည္းပညာအားလုံးကို တစ္ေနရာထဲ စုစည္းထားလိုက္သလို ျဖစ္လာႏိုင္ၿပီး ျပႆနာတိုင္း ေျဖရွင္းေပးေနစရာ မလိုေတာ့ပါဘူး။

Apple’s iPhone 6s Plus

Google ကလည္း အရမ္းကို ပါးနပ္လြန္းတဲ့သူပါ။ Tocuhscreen နည္းပညာ စၿပီးေခတ္စားလာတဲ့အခ်ိန္ Android OS မိတ္ဆက္လိုက္သလို အခုလို အကူးအေျပာင္းကာလမွာ Fuchsia OS အစားထိုးဖို႔ လြန္ခဲ့တဲ့ ၂ ႏွစ္ကတည္းက ႀကံ႐ြည္ေနခဲ့တာပါ။ ဒါေပမယ့္လည္း နည္းပညာသစ္ကို “ေရာ့အင့္” ဆိုၿပီး ခ်ျပလိုက္ရင္ ျပႆနာတက္သြားမွာက Google Partner ေတြပါ။ ဘာလို႔လဲဆိုေတာ့ Apple ကလႊဲၿပီး iOS လို အားေကာင္းလြန္းတဲ့ System မ်ိဳး ဘယ္သူမွ မထုတ္ႏိုင္ေသးပါဘူး။ ဒါကို ေဘာင္ေက်ာ္ၿပီး Fuchsia OS သုံးမယ္ေဟ့လို႔ လုပ္ခ်လိုက္ရင္ Android OS ကိုမွီခိုေနရတဲ့ Samsung ၊ LG နဲ႔ Sony တို႔လို ကုမၸဏီႀကီးေတြ စားခြက္ေပ်ာက္သြားႏိုင္ပါတယ္။ ဒီလိုပဲ AI လို ဥာဏ္ရည္တုနည္းပညာက ပညာေရးနယ္ပယ္ထဲအထိ ေျခလွမ္းထည့္ထားတာေၾကာင့္ အားလုံး ကေမာက္ကမ ျဖစ္သြားႏိုင္ပါတယ္။

Fuchsia will run virtually on all machines

အဲ့ဒါေတြအားလုံးထက္ Google ရင္ဆိုင္လာရမွာက Fuchsia မွာ ဘယ္လို Kernel System သုံးထားမလဲဆိုတာပါ။ မေန႔တေန႔တုန္းက Bloomberg ကို Google ေျပာၾကားခဲ့တဲ့အတိုင္းသာဆိုရင္ Fuchsia OS မွာ Linux နည္းပညာမသုံးေတာ့ဘဲ Zircon ဆိုၿပီး သီးသန္႔ Kernel System နဲ႔ရပ္တည္သြားမွာပါ။ အဲ့ဒါေၾကာင့္ Linux Kernel ေပၚ အေျခခံထားတာတဲ့ Android နဲ႔ Chrome Device ေတြအားလုံး OS အသစ္နဲ႔ အစဥ္မေျပႏိုင္ေတာ့ပါဘူး။ ဒါေပမယ့္လည္း Fuchsia OS မွာ Device ေတြကို အသံနဲ႔ ထိန္းခ်ဳပ္ထားႏိုင္သလို Security Update လည္း အၿမဲရရွိေနမွာျဖစ္တဲ့အတြက္ CEO ျဖစ္သူ Sundar Pichai က ကုမၸဏီရဲ႕ပန္းတိုင္ကို “ကမာၻတစ္ဝန္းကလူအားလုံးကို AI ဥာဏ္ရည္တုနည္းပညာနဲ႔ ပံ့ပိုးသြားႏိုင္ရန္” လို႔ ေရးသားခဲ့ပါတယ္။

Google’s CEO Sundar Pichai

အခုအခ်ိန္မွာေတာ့ Google အေနနဲ႔ Fuchsia မွာ အားနည္းခ်က္ရွိမရွိ OS ထဲ ဝင္ Hack ဖို႔ Beta Program စတင္လိုက္ပါၿပီ။ Bloomberg သတင္းဌာနမွာ ေျပာၾကားခ်က္အရဆိုရင္လည္း Beta Test ၿပီးသြားရင္ Android နဲ႔ Chrome OS အသုံးျပဳထားတဲ့ Device ေတြအားလုံး မၾကာခင္မွာ Fuchsia OS သုံးလို႔ရလာေတာ့မွာပါ။ Google အေနနဲ႔ကေတာ့ လာမယ့္ ၂ ႏွစ္အတြင္း Device ေတြအားလုံးကို OS အသစ္ အစားထိုးသြားဖို႔ ျပင္ဆင္ေနၿပီျဖစ္တယ္လို႔ Fuchsia Project မွာပါဝင္ခဲ့သူ သုေတသီ ၂ ေယာက္ ေျပာၾကားခဲ့တယ္လို႔ သိရပါတယ္။

2B (Akhayar)

www.akhayar.com

Ref: The Verge, Engadget, Bloomberg

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

Android OS အသုံးပြုမှု ရပ်ဆိုင်းဖို့ ပြင်ဆင်နေပြီဖြစ်တဲ့ Google ကုမ္ပဏီ

အခုချိန်မှာ Android OS အသုံးပြုထားတဲ့ စမတ်ဖုန်းတွေ မှိုလိုပေါက်နေတယ်ဆိုပေမယ့် iPhone တွေလောက် လုံခြုံမှုမရှိသေးပါဘူး။ Update ထုတ်ပေးတာချင်း အတူတူဆိုရင်တောင် iPhone User တွေ ချက်ချင်း Update လုပ်ဖို့အခွင့်ရေးရှိပေမယ့် Android သမားတွေကတော့ မူကွဲနေတဲ့ စမတ်ဖုန်းထုတ်လုပ်သူတွေကြောင့် အမြဲလိုလို ဘက်ပဲ့နေကြတာပါ။

iOS & Android

Security ပိုင်းယှဥ်လိုက်ရင် Android မှာ လုံခြုံရေးအားနည်းနေတယ်လို့ ပြောလို့မရပေမယ့် Spectre လို အန္တရာယ်မျိုးရင်ဆိုင်ရရင် အာမခံချက်မရှိပါဘူး။ ဒါကို Google ရဲ့ အားနည်းချက်လို့ ပြောလို့မရသလို Linux လို Open Source Platform ကို မှီခိုထားရတာလည်း ပါပါတယ်။ ကမ္ဘာတစ်ဝန်း စမတ်ဖုန်းသုံးနေသူ ၈၅ ရာခိုင်နှုန်းလောက်က Android OS ကို မှီဝဲနေရတာပါ။ Google ဘယ်လိုပဲ Security Update ဝန်ဆောင်မှုတွေ ပေးနေတယ်ပြောပြော ၁၀ ရာခိုင်နှုန်းလောက်ပဲ ဒီအခွင့်ရေးမျိုးရနိုင်တာပါ။

The most secure Android Smartphone BlackBerry’s “PRIV”

အဲ့ဒါကြောင့် Google အနေနဲ့ ဖြစ်ပေါ်လာတဲ့ အခြေအနေအလိုက် Apple လို ဝန်ဆောင်မှုမျိုးပေးသွားချင်တယ်ဆိုရင် လက်ရှိသုံးနေတဲ့ System တစ်ခုလုံးပြောင်းလဲပစ်မှ ဖြစ်နိုင်မှာပါ။ ဘာလို့လဲဆိုတော့ Linux Platform ကို မှီခိုနေတာ Android တစ်ခုထဲမဟုတ်သလို Chrome OS လည်း ပါဝင်နေပါသေးတယ်။ အဲ့ဒါအပြင် Google Assistant လို အသံနဲ့ခိုင်းစေလို့ရတဲ့ နည်းပညာမှာလည်း အခုလို အားနည်းချက်ရှိနေတာကြောင့် Google အနေနဲ့ တစ်စုတစည်းထဲဖြစ်လာအောင် ပြင်ဆင်ထားပုံရပါတယ်။

Google Assistant on Galaxy Smartphone

ဒီလို မှီခိုမှုမရှိဘဲ တစ်သီးတခြား ရပ်တည်ဖို့ Google စဥ်းစားလာတာ Security Update ပေးဖို့ဆိုလိုချင်တာထက် Google Assistant လို နည်းပညာတွေကို ပင်မ Operating System တစ်ခုထဲမှာ ပေါင်းစည်းချင်တဲ့သဘောပါ။ ဒါဆိုရင် Google နည်းပညာအားလုံးကို တစ်နေရာထဲ စုစည်းထားလိုက်သလို ဖြစ်လာနိုင်ပြီး ပြဿနာတိုင်း ဖြေရှင်းပေးနေစရာ မလိုတော့ပါဘူး။

Apple’s iPhone 6s Plus

Google ကလည်း အရမ်းကို ပါးနပ်လွန်းတဲ့သူပါ။ Tocuhscreen နည်းပညာ စပြီးခေတ်စားလာတဲ့အချိန် Android OS မိတ်ဆက်လိုက်သလို အခုလို အကူးအပြောင်းကာလမှာ Fuchsia OS အစားထိုးဖို့ လွန်ခဲ့တဲ့ ၂ နှစ်ကတည်းက ကြံရွည်နေခဲ့တာပါ။ ဒါပေမယ့်လည်း နည်းပညာသစ်ကို “ရော့အင့်” ဆိုပြီး ချပြလိုက်ရင် ပြဿနာတက်သွားမှာက Google Partner တွေပါ။ ဘာလို့လဲဆိုတော့ Apple ကလွှဲပြီး iOS လို အားကောင်းလွန်းတဲ့ System မျိုး ဘယ်သူမှ မထုတ်နိုင်သေးပါဘူး။ ဒါကို ဘောင်ကျော်ပြီး Fuchsia OS သုံးမယ်ဟေ့လို့ လုပ်ချလိုက်ရင် Android OS ကိုမှီခိုနေရတဲ့ Samsung ၊ LG နဲ့ Sony တို့လို ကုမ္ပဏီကြီးတွေ စားခွက်ပျောက်သွားနိုင်ပါတယ်။ ဒီလိုပဲ AI လို ဥာဏ်ရည်တုနည်းပညာက ပညာရေးနယ်ပယ်ထဲအထိ ခြေလှမ်းထည့်ထားတာကြောင့် အားလုံး ကမောက်ကမ ဖြစ်သွားနိုင်ပါတယ်။

Fuchsia will run virtually on all machines

အဲ့ဒါတွေအားလုံးထက် Google ရင်ဆိုင်လာရမှာက Fuchsia မှာ ဘယ်လို Kernel System သုံးထားမလဲဆိုတာပါ။ မနေ့တနေ့တုန်းက Bloomberg ကို Google ပြောကြားခဲ့တဲ့အတိုင်းသာဆိုရင် Fuchsia OS မှာ Linux နည်းပညာမသုံးတော့ဘဲ Zircon ဆိုပြီး သီးသန့် Kernel System နဲ့ရပ်တည်သွားမှာပါ။ အဲ့ဒါကြောင့် Linux Kernel ပေါ် အခြေခံထားတာတဲ့ Android နဲ့ Chrome Device တွေအားလုံး OS အသစ်နဲ့ အစဥ်မပြေနိုင်တော့ပါဘူး။ ဒါပေမယ့်လည်း Fuchsia OS မှာ Device တွေကို အသံနဲ့ ထိန်းချုပ်ထားနိုင်သလို Security Update လည်း အမြဲရရှိနေမှာဖြစ်တဲ့အတွက် CEO ဖြစ်သူ Sundar Pichai က ကုမ္ပဏီရဲ့ပန်းတိုင်ကို “ကမ္ဘာတစ်ဝန်းကလူအားလုံးကို AI ဥာဏ်ရည်တုနည်းပညာနဲ့ ပံ့ပိုးသွားနိုင်ရန်” လို့ ရေးသားခဲ့ပါတယ်။

Google’s CEO Sundar Pichai

အခုအချိန်မှာတော့ Google အနေနဲ့ Fuchsia မှာ အားနည်းချက်ရှိမရှိ OS ထဲ ဝင် Hack ဖို့ Beta Program စတင်လိုက်ပါပြီ။ Bloomberg သတင်းဌာနမှာ ပြောကြားချက်အရဆိုရင်လည်း Beta Test ပြီးသွားရင် Android နဲ့ Chrome OS အသုံးပြုထားတဲ့ Device တွေအားလုံး မကြာခင်မှာ Fuchsia OS သုံးလို့ရလာတော့မှာပါ။ Google အနေနဲ့ကတော့ လာမယ့် ၂ နှစ်အတွင်း Device တွေအားလုံးကို OS အသစ် အစားထိုးသွားဖို့ ပြင်ဆင်နေပြီဖြစ်တယ်လို့ Fuchsia Project မှာပါဝင်ခဲ့သူ သုတေသီ ၂ ယောက် ပြောကြားခဲ့တယ်လို့ သိရပါတယ်။

2B (Akhayar)

www.akhayar.com

Ref: The Verge, Engadget, Bloomberg

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။