HGID_KV_Ads_Square-41Joker (Akhayar)
Ref: The Verge
Pixel ဖုန်းသစ်တွေကို အောက်တိုဘာ ၅ရက်နေ့မှာ Google ထုတ်လုပ်ဖွယ်ရှိနေ
ပထမဆုံး Pixel စီးရီးဖြစ်တဲ့ Pixel နဲ့ Pixel XL ဖုန်းတွေကို ၂၀၁၆ အောက်တိုဘာလ ၄ရက်နေ့မှာ ထုတ်လုပ်ခဲ့ပြီးနောက် အောက်တိုဘာ ၅၇က် ၂၀၁၇မှာတော့ နောက်ထပ်အမျိုးအစား Pixel 2 မျိုးဆက်သစ်ဖုန်းတွေကို ထုတ်ဖော်သွားဖွယ်ရှိနေကြောင်း သိရပါတယ်။ Leaker တစ်ဦးဖြစ်တဲ့ Evan Blass ရဲ့ Tweet တစ်ခုအရ ဖုန်းရဲ့ Processor နဲ့ အချက်အလက်အချို့ပါ ထုတ်လုပ်မယ့်ရက်နဲ့အတူ ပါဝင်ခဲ့တာပါ။
Tweet မှာဆိုရင် Blass က Google ရဲ့ ဒုတိယမြောက် Pixel ဟာ Snapdragon 836 SoC နဲ့အတူ လာမယ့် အောက်တိုဘာ ၅ရက်မှာ ထုတ်လုပ်မယ်လို့ ရေးသားသွားခဲ့တာပါ။
Google ဟာ Pixel ကို ပထမမျိုးဆက်ထွက်တဲ့တစ်နှစ်တင်းတင်းပြည့်တဲ့ ရက်နဲ့ မကွာအောင် ထုတ်လုပ်ဖို့ရှိရုံမက တူညီတဲ့ SoC အမျိုးအစားကိုပဲ ထည့်သွင်းလာဖို့ ရှိနေတာပါ။ ၂၀၁၆ Pixel တုန်းက သုံးခဲ့တဲ့ Snapdragon 821 ထက်အနည်းငယ်မြင့်ပြီး လက်ရှိ Flagship part ဖြစ်တဲ့ 835 မော်ဒယ်ထက်လည်း လုပ်ဆောင်ချက် အနည်းငယ်သာလွန်ဖွယ် ရှိနေတာဖြစ်ပါတယ်။
Fudzilla ရဲ့ သတင်းတစ်ရပ်အရဆိုရင် 836 SoC ဟာ CPU နဲ့ GPU နှစ်မျိုးလုံးက maximum speed ကို အနည်းငယ် မြှင့်တင်ထားပြီး ဘက်ထရီသက်တမ်းပိုင်းကိုလည်း အနည်းငယ် တိုးမြှင့်ထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် အနည်းငယ်ဆိုတဲ့အတိုင်း 835 SoC တွေနဲ့ ထုူးထူးခြာခြားတော့ ကွာခြားသွားဖို့ မရှိပါဘူး။
Joker (Akhayar)
Ref: The Verge