
Google Glass




AR Glasses


Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

Google ရဲ့ Smart Glasses တစ်ခုဖြစ်တဲ့ Google Glass ကို မှတ်မိကြဦးမှာပါ။ အဲ့ဒီ Google Glass က လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ်ထဲက ထွက်ရှိခဲ့တာဖြစ်ပေမယ့် အခုအချိန်အထိ အောင်မြင်တယ်လို့ ပြောလို့မရတဲ့အဆင့်မှာပဲ ရှိနေသေးတာပါ။

Google Glass

အဲ့ဒီအတွက် Google ကနေ Standalone Augmented Reality – AR Headset တစ်ခုကို ထပ်မံဆောင်ရွက်နေတယ်လို့ သိရပါတယ်။ အခု AR Headset အသစ်ကို Qualcomm ရဲ့ Processor Chips အသစ်တွေကို အသုံးပြုပြီး ဆောင်ရွက်သွားမှာဖြစ်တဲ့အပြင် Taiwanese Computer Maker တစ်ဦးဖြစ်တဲ့ Quantra ကနေ ထုတ်လုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိထွက်ပေါ်လာတဲ့သတင်းတွေအရတော့ အခု Google ရဲ့ AR Headset အသစ်က အစောပိုင်းအဆင့်တွေမှာပဲ ရှိနေသေးပြီးတော့ Codename အနေနဲ့ Google A65 လို့ နာမည်ပေးထားတယ်လို့ သိရပါတယ်။

အခုထုတ်လုပ်သွားမယ့် Google A65 AR Headset ဟာ Microsoft ကနေ ထုတ်လုပ်နေတဲ့ HoloLens နဲ့ လုပ်ဆောင်ပုံချင်းတူညီမှာမဟုတ်ပေမယ့် Qualcomm ရဲ့ QSC603 Four-core Chips အသစ်တွေကိုပဲ အသုံးပြုတာက တူညီနေတယ်လို့လည်း သိရပါတယ်။

AR Glasses

ဘာပဲဖြစ်ဖြစ် လာမယ့်မကြာတော့တဲ့အနာဂတ်မှာ AR Glasses တွေ ခေတ်စားလာတော့မယ်လို့ ယူဆရပါတယ်။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com