911 ကို အေရးေပၚေခၚဆုိတဲ့သူေတြရဲ႕ ေနရာအတိအက်သိႏုိင္ေအာင္ကူညီေပးမယ့္ Google

Google ဟာ သူရဲ႕နည္းပညာေတြကို 911 Emergency Operator ေတြကို တဖက္တလမ္းကေန ကူညီဖုိ႔ျပဳလုပ္ေနျပီး အေရးေပၚေခၚဆုိတဲ့သူေတြရဲ႕ ေနရာကို အတိအက်သိႏုိင္ဖုိ႔ ၾကိဳးစားသြားမွပဲျဖစ္ပါတယ္။ အခုအခ်ိန္မွာ Google ကေန ၂ လအတြင္းမွာ ျပည္နယ္မ်ိဳးစံုက 911 ကိုေခၚဆိုမႈေပါင္း ေသာင္းနဲ႔ခ်ီျပီးကို စမ္းသပ္ခဲ့ျပီးျဖစ္တယ္လုိ႔ သိရပါတယ္။

အခုမ်ိဳးစမ္းသပ္မႈေတြကို 911 Centers ေတြနဲ႔ ခ်ိတ္ဆက္ထားတဲ့ West Corp. နဲ႔ RapidSOS ကုမၸဏီ ႏွစ္ခုနဲ႔ ပူးေပါင္းျပဳလုပ္ခဲ့တာျဖစ္ျပီးေတာ့ Google ရဲ႕ အကူအညီေၾကာင့္ 911 ကို ဖုန္းေခၚတဲ့ စကၠန္႔ ၃၀ အတြင္းမွာ ယခင္ထက္ ၈၀ ရာခုိင္ႏႈန္းပိုျပီးတိက်တဲ့ ေနရာအတိအက်ကို သိႏုိင္တယ္လုိ႔ သိရပါတယ္။ Google ရဲ႕ အခုလုိ ကူညီမႈဟာ သာမန္ဖုန္းလုိင္းကေန သိရတာထက္ပိုျပီးျမန္ဆန္တဲ့အျပင္ GPS က ပိုျပီး တိက်လာျပီး ယခင္ ၅၂၂ ေပအတြင္းပဲ သိႏုိင္တာကေန အခုအခ်ိန္မွာ တိက်မႈက ၁၂၁ ေပပတ္လည္အထိ ေလ်ာ႔က်လာခဲ့တာျဖစ္ပါတယ္။

The Wall Street Journal ရဲ႕ ေျပာၾကားခ်က္အရေတာ့ 911 ကို ေခၚဆိုတဲ့သူေတြရဲ႕ ေနရာကို ၁ မိနစ္ပဲ ပုိျပီးေစာေစာေရာက္ႏိုင္တယ္ဆုိရင္ တစ္ႏွစ္ကို လူအေယာက္ ၁ ေသာင္းရဲ႕ အသက္ေတြကို ပိုျပီးကယ္ဆယ္ႏုိင္မွာျဖစ္တယ္လုိ႔ သိရပါတယ္။

အခုလုိမ်ိဳး Google ရဲ႕ ပါဝင္ကူညီမႈေတြဟာ လူေပါင္းမ်ားစြာရဲ႕အသက္ေတြကို ကယ္ဆယ္ေပးႏိုင္ေတာ့မွာျဖစ္ေပမယ့္ လက္ရွိအခ်ိန္မွာ ႏုိင္ငံ ၁၄ ႏုိင္ငံကပဲ အသံုးျပဳသြားဦးမွာျဖစ္ျပီး US ကိုေတာ့ ယခုႏွစ္ထဲမွ အသံုးျပဳလာႏုိင္မွာျဖစ္တယ္လုိ႔ သိရပါတယ္။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

Google ဟာ သူရဲ့နည်းပညာတွေကို 911 Emergency Operator တွေကို တဖက်တလမ်းကနေ ကူညီဖို့ပြုလုပ်နေပြီး အရေးပေါ်ခေါ်ဆိုတဲ့သူတွေရဲ့ နေရာကို အတိအကျသိနိုင်ဖို့ ကြိုးစားသွားမှပဲဖြစ်ပါတယ်။ အခုအချိန်မှာ Google ကနေ ၂ လအတွင်းမှာ ပြည်နယ်မျိုးစုံက 911 ကိုခေါ်ဆိုမှုပေါင်း သောင်းနဲ့ချီပြီးကို စမ်းသပ်ခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

အခုမျိုးစမ်းသပ်မှုတွေကို 911 Centers တွေနဲ့ ချိတ်ဆက်ထားတဲ့ West Corp. နဲ့ RapidSOS ကုမ္ပဏီ နှစ်ခုနဲ့ ပူးပေါင်းပြုလုပ်ခဲ့တာဖြစ်ပြီးတော့ Google ရဲ့ အကူအညီကြောင့် 911 ကို ဖုန်းခေါ်တဲ့ စက္ကန့် ၃၀ အတွင်းမှာ ယခင်ထက် ၈၀ ရာခိုင်နှုန်းပိုပြီးတိကျတဲ့ နေရာအတိအကျကို သိနိုင်တယ်လို့ သိရပါတယ်။ Google ရဲ့ အခုလို ကူညီမှုဟာ သာမန်ဖုန်းလိုင်းကနေ သိရတာထက်ပိုပြီးမြန်ဆန်တဲ့အပြင် GPS က ပိုပြီး တိကျလာပြီး ယခင် ၅၂၂ ပေအတွင်းပဲ သိနိုင်တာကနေ အခုအချိန်မှာ တိကျမှုက ၁၂၁ ပေပတ်လည်အထိ လျော့ကျလာခဲ့တာဖြစ်ပါတယ်။

The Wall Street Journal ရဲ့ ပြောကြားချက်အရတော့ 911 ကို ခေါ်ဆိုတဲ့သူတွေရဲ့ နေရာကို ၁ မိနစ်ပဲ ပိုပြီးစောစောရောက်နိုင်တယ်ဆိုရင် တစ်နှစ်ကို လူအယောက် ၁ သောင်းရဲ့ အသက်တွေကို ပိုပြီးကယ်ဆယ်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

အခုလိုမျိုး Google ရဲ့ ပါဝင်ကူညီမှုတွေဟာ လူပေါင်းများစွာရဲ့အသက်တွေကို ကယ်ဆယ်ပေးနိုင်တော့မှာဖြစ်ပေမယ့် လက်ရှိအချိန်မှာ နိုင်ငံ ၁၄ နိုင်ငံကပဲ အသုံးပြုသွားဦးမှာဖြစ်ပြီး US ကိုတော့ ယခုနှစ်ထဲမှ အသုံးပြုလာနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com