Google Gmail ကို လူတိုင္းအသံုးျပဳေနၾကျပီးျဖစ္မွာပါ။ တကယ္လို႔ Mobile မွာပဲျဖစ္ျဖစ္ Web Browser မွာပဲျဖစ္ျဖစ္ Google ကေနပဲ Gmail အတြက္ Client တစ္ခုျဖစ္တဲ့ Google Inbox ကိုလည္း အသံုးျပဳဖူးတဲ့သူေတြရွိေလာက္ပါတယ္။ အဆိုပါ Google Inbox ဟာ Google ရဲ႕ ႏွစ္ေတြၾကာျမင့္တဲ့အခ်ိန္အထိ ဒီဇုိင္းေျပာင္းလဲျခင္းမရွိတဲ့ Gmail အစားထုိး အသံုးျပဳစရာအေနနဲ႔ ရွိေနခဲ့တာျဖစ္ပါတယ္။

Google Inbox

ဒါေပမယ့္ Google ဟာ ဒီႏွစ္အေစာပိုင္းမွာ Gmail ကို အၾကီးစားဒီဇုိင္းေျပာင္းလဲမႈေတြျပဳလုပ္ခဲ့ျပီးေတာ့ Gmail ကို Inbox နဲ႔ ပိုျပီး တူညီေအာင္ ေဆာင္ရြက္ခဲ့ပါတယ္။ အဲ့ဒီအခ်ိန္ကစတင္ျပီးေတာ့ Gmail အတြက္ Inbox ကို အသံုးျပဳစရာမလုိေတာ့သလုိေတာင္ ျဖစ္လာခဲ့ပါတယ္။

အခုအခ်ိန္မွာေတာ့ Google ရဲ႕ Product Manager ျဖစ္တဲ့ Matthew Izatt ကေန Google Inbox ကို ဆက္လက္ေဆာင္ရြက္ေတာ့မွာမဟုတ္ဘဲ လာမယ့္ ၂၀၁၉ ခုႏွစ္ မတ္လကုန္မွာ Inbox ကို အသံုးျပဳမွာမဟုတ္ေတာ့ဘူး လုိ႔ ေျပာၾကားလုိက္ျပီျဖစ္ပါတယ္။ အဲ့ဒီအတြက္ သက္တမ္း ၄ ႏွစ္ေလာက္ပဲရွိေသးတဲ့ Google Inbox ဟာ Gmail ကို မေက်ာ္ႏုိင္ေတာ့ဘဲ ေသဆံုးေတာ့မွာပါ။

ဒါေပမယ့္လည္း ယခင္တုန္းက Google Inbox က Gmail ကေန ခြဲထြက္ခဲ့တဲ့ Feature ေတြျဖစ္တဲ့ Smart Compose ၊ Nudges နဲ႔ Email Snoozing လုိမ်ိဳး Feature ေတြကလည္း အခုအခ်ိန္မွာ Gmail မွာပါ ရရွိေနျပီျဖစ္တဲ့အတြက္ Inbox ကိုအသံုးျပဳဖုိ႔ သီးသန္႔ အေၾကာင္းျပခ်က္မရွိေတာ့တာကလည္း Google အတြက္ေတာ့ Inbox ကို သတ္ပစ္ဖုိ႔လြယ္ကူသြားတာျဖစ္ပါတယ္။

Google Inbox

Akhayar ပရိသတ္ၾကီးထဲမွာေရာ Google Inbox ကို အသံုးျပဳေနတဲ့သူေတြရွိၾကပါသလား?

Ref : ZDNet

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

Google Gmail ကို လူတိုင်းအသုံးပြုနေကြပြီးဖြစ်မှာပါ။ တကယ်လို့ Mobile မှာပဲဖြစ်ဖြစ် Web Browser မှာပဲဖြစ်ဖြစ် Google ကနေပဲ Gmail အတွက် Client တစ်ခုဖြစ်တဲ့ Google Inbox ကိုလည်း အသုံးပြုဖူးတဲ့သူတွေရှိလောက်ပါတယ်။ အဆိုပါ Google Inbox ဟာ Google ရဲ့ နှစ်တွေကြာမြင့်တဲ့အချိန်အထိ ဒီဇိုင်းပြောင်းလဲခြင်းမရှိတဲ့ Gmail အစားထိုး အသုံးပြုစရာအနေနဲ့ ရှိနေခဲ့တာဖြစ်ပါတယ်။

Google Inbox

ဒါပေမယ့် Google ဟာ ဒီနှစ်အစောပိုင်းမှာ Gmail ကို အကြီးစားဒီဇိုင်းပြောင်းလဲမှုတွေပြုလုပ်ခဲ့ပြီးတော့ Gmail ကို Inbox နဲ့ ပိုပြီး တူညီအောင် ဆောင်ရွက်ခဲ့ပါတယ်။ အဲ့ဒီအချိန်ကစတင်ပြီးတော့ Gmail အတွက် Inbox ကို အသုံးပြုစရာမလိုတော့သလိုတောင် ဖြစ်လာခဲ့ပါတယ်။

အခုအချိန်မှာတော့ Google ရဲ့ Product Manager ဖြစ်တဲ့ Matthew Izatt ကနေ Google Inbox ကို ဆက်လက်ဆောင်ရွက်တော့မှာမဟုတ်ဘဲ လာမယ့် ၂၀၁၉ ခုနှစ် မတ်လကုန်မှာ Inbox ကို အသုံးပြုမှာမဟုတ်တော့ဘူး လို့ ပြောကြားလိုက်ပြီဖြစ်ပါတယ်။ အဲ့ဒီအတွက် သက်တမ်း ၄ နှစ်လောက်ပဲရှိသေးတဲ့ Google Inbox ဟာ Gmail ကို မကျော်နိုင်တော့ဘဲ သေဆုံးတော့မှာပါ။

ဒါပေမယ့်လည်း ယခင်တုန်းက Google Inbox က Gmail ကနေ ခွဲထွက်ခဲ့တဲ့ Feature တွေဖြစ်တဲ့ Smart Compose ၊ Nudges နဲ့ Email Snoozing လိုမျိုး Feature တွေကလည်း အခုအချိန်မှာ Gmail မှာပါ ရရှိနေပြီဖြစ်တဲ့အတွက် Inbox ကိုအသုံးပြုဖို့ သီးသန့် အကြောင်းပြချက်မရှိတော့တာကလည်း Google အတွက်တော့ Inbox ကို သတ်ပစ်ဖို့လွယ်ကူသွားတာဖြစ်ပါတယ်။

Google Inbox

Akhayar ပရိသတ်ကြီးထဲမှာရော Google Inbox ကို အသုံးပြုနေတဲ့သူတွေရှိကြပါသလား?

Ref : ZDNet

Zawyè (Akhayar) 

www.akhayar.com