Gaming Console နဲ့ Gaming Streaming Service ကို ပြုလုပ်နေတဲ့ Google
Ref : GSMArena
Zawyè (Akhayar) 
www.akhayar.com
Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။
[UNICODE]
Google က လက်ရှိအချိန်မှာ အကြီးမားဆုံးသော နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်ပြီးတော့ သူရဲ့ Services တွေကိုလည်း တဖြည်းဖြည်းတိုးချဲ့နေတာပဲဖြစ်ပါတယ်။ အခုလည်း Google အနေနဲ့ ယခင်က တစ်ခါမှ ပြုလုပ်ဖူးခြင်းမရှိသေးတဲ့ Service တွေကို ပြုလုပ်တော့မယ့်ပုံပါပဲ။
Google က အခုအချိန်မှာ Gaming ဘက်ကို အာရုံစိုက်လာပြီးတော့ Codename ကို Yeti ဆိုတဲ့ နာမည်နဲ့ Platform တစ်ခုစတင်နေတယ်လို့ သိရပါတယ်။ အဆိုပါ Yeti Gaming Platform မှာတော့ Gaming Console အပြင် Google ရဲ့ ကိုယ်ပိုင် Game Streaming Service လည်း ပါဝင်လာမယ်လို့ သိရပါတယ်။
အဆိုပါ Service က လက်ရှိ “Made by Google” နာမည်နဲ့ ထုတ်လုပ်နေတဲ့ Product တွေလိုမျိုးပဲ ထုတ်လုပ်လာမှာဖြစ်ပြီး Yeti က Chromecasts တွေမှာလည်း အလုပ်လုပ်မယ်လို့ သိရှိရတဲ့အတွက် Google ဟာ Amazon ရဲ့ Twitch Gaming နဲ့ ယှဉ်ပြိုင်ဖို့ထက် အခြားနည်းလမ်းတစ်ခုနဲ့ ပြုလုပ်လာမယ်လို့ ယူဆရပါတယ်။
သေချာသလောက်ဖြစ်နေတဲ့အချက်ကတော့ Google ရဲ့ အခု Gaming Service ဟာ အခြားသော Games တွေလိုမျိုး Data ကို Download ရယူတာ (သို့) ဂိမ်းခွေတွေ ဝယ်ယူပြီး ဆော့ကစားရမယ့် ဂိမ်းအမျိုးအစားတွေ မဟုတ်ပဲ အင်တာနက်ကနေပဲ Streaming ပြုလုပ်ပြီးဆော့ကစားရမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် သေချာတာကတော့ Internet Connection ကတော့ တော်တေ်ာလေးကို ကောင်းနေမှကစားလို့ရတော့မှာပါ။
Google ရဲ့ အခု Yeti Gaming Service က ဘယ်လောက်ထိ အောင်မြင်နိုင်မလဲ? Gamer တွေအနေနဲ့ရော လက်ရှိ Gaming Console တွေဖြစ်တဲ့ Nintendo ၊ PlayStation နဲ့ Xbox Game Console တွေကို ကျော်လွန်ပြီး Google ရဲ့ Gaming Console တွေအပေါ် အားပေးကြမှာလားဆိုတာကတော့ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။
Ref : GSMArena
Zawyè (Akhayar) 
www.akhayar.com