ကၽြန္ေတာ္ကေတာ့ ဖုန္းထဲက Bagan ကီးဘုတ္မွာပါတဲ့ Google ရဲ႕ Default Emoji ေတြကုိ မုန္းပါတယ္။ ေတာ္ေတာ္ရုပ္ဆုိးသလုိ၊ ၾကည့္ရ ရႈရတာလည္း မသဲကြဲလုိ႔ပါ။ Emoji ေတြက လူပံုစံကုိ ကုိယ္စားျပဳရမယ့္အစား လက္မေတြနဲ႔ ပုိတူေနသလုိပါပဲ။ ဒါမွမဟုတ္ သူငယ္ခ်င္းတစ္ေယာက္ရဲ႕ စကား ယူေျပာရရင္ “အရည္ေပ်ာ္က်ေနတဲ့ သာမန္အီမိုဂ်ီေတြ” လုိ႔ ေျပာရမလုိျဖစ္ေနလုိပါ။ ဒါမွမဟုတ္လဲ ခ်ိဳခ်ဥ္အရည္ေပ်ာ္က်ေနသလိုလုိ၊ ဘာလုိလုိနဲ႔ပါ။

Google လုိ ကုမၸဏီႀကီးက ဒီလုိ ေပါေပါပဲပဲ ပံုစံထုတ္ထားတဲ့ Emoji ေတြကုိ ကၽြန္ေတာ္တုိ႔ မုန္းခဲ့ၾကပါတယ္။ ဒါေပမယ့္ အခုေတာ့ ထပ္မုန္းစရာမလုိေတာ့ပါဘူး။ ဘာလုိ႔လဲဆုိေတာ့ ေနာက္ထြက္မယ့္ Android O မွာ Emoji ေတြကုိ လံုးဝ အသစ္ပံုစံမ်ိဳး အစားထုိးဖုိ႔ ျပဳလုပ္လိုက္လုိ႔ပါ။

ကုမၸဏီရဲ႕ ေျပာၾကားခ်က္အရ ဒီလုိ Redesign ျပန္လုပ္ဖုိ႔အတြက္ အခ်ိန္ ၁၈လေလာက္ ယူခဲ့ရတယ္လုိ႔ သိရပါတယ္။ ဒါေၾကာင့္ Google ဟာ ယခုအခါမွာ နဂိုပံုစံေနရာကေန ယခု Facebook လုိ လူမႈကြန္ယက္ေတြရဲ႕ Emoji ဒီဇုိင္းေတြကုိ ျပန္လည္ ထည့္သြင္းလိုက္တာပါ။

Android ဗားရွင္းေတြ ပုိမုိၿပီး တုိးတက္ေျပာင္းလဲလာတာနဲ႔ အညီ Emoji ေတြဟာလုိ ပုိမုိ အဆင့္ရွိလာၿပီး ပုိမုိ Formal က်လာပါတယ္။ လူေတြရဲ႕ စိတ္ခံစားမႈအတုိင္းလုိလည္း ပုိၿပီးေတာ့ အသက္ဝင္လာပါတယ္။

ဒီ Emoji ေတြကုိ သင္ကုိယ္တုိင္ ယခုထုတ္လုပ္ထားတဲ့ Androoid O ဗားရွင္းကုိ Update လုပ္၊ Install  လုပ္ၾကည့္ၿပီး အသံုးျပဳႏုိင္ပါတယ္။ တကယ္လုိ႔ Beta Bugs ေတြေၾကာက္တယ္ဆုိရင္ေတာ့ မလုပ္ပဲနဲ႔ လာမယ့္ ေႏြမွာ ထုတ္လုပ္မယ့္ OS အသစ္ တရားဝင္ထြက္ရင္ေတာ့ Update လုပ္ၿပီး အသံုးျပဳႏုိင္ပါၿပီခင္ဗ်ာ..။

Joker (Akhayar)

Ref: The Verge

===========

[Unicode]

ရုပ်ဆိုးဆိုး Emoji တွေအစား Android O မှာ Emoji အသစ်လေးတွေနဲ့ အစားထိုးမယ်

ကျွန်တော်ကတော့ ဖုန်းထဲက Bagan ကီးဘုတ်မှာပါတဲ့ Google ရဲ့ Default Emoji တွေကို မုန်းပါတယ်။ တော်တော်ရုပ်ဆိုးသလို၊ ကြည့်ရ ရှုရတာလည်း မသဲကွဲလို့ပါ။ Emoji တွေက လူပုံစံကို ကိုယ်စားပြုရမယ့်အစား လက်မတွေနဲ့ ပိုတူနေသလိုပါပဲ။ ဒါမှမဟုတ် သူငယ်ချင်းတစ်ယောက်ရဲ့ စကား ယူပြောရရင် “အရည်ပျော်ကျနေတဲ့ သာမန်အီမိုဂျီတွေ” လို့ ပြောရမလိုဖြစ်နေလိုပါ။ ဒါမှမဟုတ်လဲ ချိုချဉ်အရည်ပျော်ကျနေသလိုလို၊ ဘာလိုလိုနဲ့ပါ။

Google လို ကုမ္ပဏီကြီးက ဒီလို ပေါပေါပဲပဲ ပုံစံထုတ်ထားတဲ့ Emoji တွေကို ကျွန်တော်တို့ မုန်းခဲ့ကြပါတယ်။ ဒါပေမယ့် အခုတော့ ထပ်မုန်းစရာမလိုတော့ပါဘူး။ ဘာလို့လဲဆိုတော့ နောက်ထွက်မယ့် Android O မှာ Emoji တွေကို လုံးဝ အသစ်ပုံစံမျိုး အစားထိုးဖို့ ပြုလုပ်လိုက်လို့ပါ။

ကုမ္ပဏီရဲ့ ပြောကြားချက်အရ ဒီလို Redesign ပြန်လုပ်ဖို့အတွက် အချိန် ၁၈လလောက် ယူခဲ့ရတယ်လို့ သိရပါတယ်။ ဒါကြောင့် Google ဟာ ယခုအခါမှာ နဂိုပုံစံနေရာကနေ ယခု Facebook လို လူမှုကွန်ယက်တွေရဲ့ Emoji ဒီဇိုင်းတွေကို ပြန်လည် ထည့်သွင်းလိုက်တာပါ။

Android ဗားရှင်းတွေ ပိုမိုပြီး တိုးတက်ပြောင်းလဲလာတာနဲ့ အညီ Emoji တွေဟာလို ပိုမို အဆင့်ရှိလာပြီး ပိုမို Formal ကျလာပါတယ်။ လူတွေရဲ့ စိတ်ခံစားမှုအတိုင်းလိုလည်း ပိုပြီးတော့ အသက်ဝင်လာပါတယ်။

ဒီ Emoji တွေကို သင်ကိုယ်တိုင် ယခုထုတ်လုပ်ထားတဲ့ Androoid O ဗားရှင်းကို Update လုပ်၊ Install  လုပ်ကြည့်ပြီး အသုံးပြုနိုင်ပါတယ်။ တကယ်လို့ Beta Bugs တွေကြောက်တယ်ဆိုရင်တော့ မလုပ်ပဲနဲ့ လာမယ့် နွေမှာ ထုတ်လုပ်မယ့် OS အသစ် တရားဝင်ထွက်ရင်တော့ Update လုပ်ပြီး အသုံးပြုနိုင်ပါပြီခင်ဗျာ..။

Joker (Akhayar)

Ref: The Verge