[Zawgyi] 
Incognito Mode mode ON
Ref: GSM Arena
Min Than Htike (Akhayar)
www.akhayar.com
[Unicode] 
Incognito Mode ကို YouTube မှာ မကြာခင်အသုံးပြုလာနိုင်တော့မယ်
Google Chrome ကိုသင်အသုံးပြုနေသူတစ်ယောက်ဆိုရင်တော့ Incognito Mode ဆိုတဲ့ စကားလုံးက သင်နဲ့ရင်းနှီးပြီးသားဖြစ်မှာပါ။ သင် ဘာတွေ ရှာလိုက်သလဲ၊ ဘယ် Website ကိုသွားသလဲဆိုတဲ့ History တို Browser ကမှတ်ထားပေးမှာ မဟုတ်တဲ့ Feature ပါ။ အကြောင်းအမျိုးမျိုးကြောင့် ဒီ Feature ကို လူတော်တော်များများ သဘောကျပါတယ်။ 
Incognito Mode on YouTube Android App
အဲ့ဒီလို Chrome ရဲ့ နာမည်ကြီး Incognito Mode ဆိုတာကြီးက မကြာခင်မှာ Google ရဲ့ YouTube မှာပါ သုံးလို့ရလာတော့မှာပါ။ လက်ရှိမှာတော့ Google က Incognito Mode ကို Android YouTube App မှာစမ်းသပ်နေတယ်လို့ သိရပါတယ်။ စမ်းသပ်မှုကာလ ပြီးသွားရင်တော့ Android App နဲ့ iOS App နှစ်ခုလုံးမှာ အခု Feature ကို အသုံးပြုလို့ရမှာပါ။ 
Incognito Mode mode ON
YouTube မှာ အရင်ကတည်းက ပါတာတွေကတော့ Search History နဲ့ Watch History ကို ပိတ်ထားလို့ရတဲ့ Feature တွေပါ။ အဲ့ဒီနှစ်ခုပေါင်းလိုက်ရင် Incognito Mode နဲ့ အတူတူပဲလို့ပြောလို့ရပါတယ်။ သင်ရှာတဲ့ Video နဲ့ ကြည့်တဲ့ Video တွေကို YouTube History မှာမှတ်ထားပေးပါတယ်။ Incognito Mode ကိုဖွင့်လိုက်ရင်တော့ အဲ့တာတွေ တစ်ခုမှ မှတ်ထားပေးမှာမဟုတ်တော့တဲ့အပြင် Subscribe လုပ်ထားတဲ့ Channel တွေက Video တွေကိုလည်း List ထဲမှာ မြင်ရမှာမဟုတ်ပါဘူး။ 
Search History နဲ့ Watch History ကို တစ်ခုခြင်း အဖွင့်အပိတ် သွားလုပ်နေရတာက အချိန်ကုန်သလို တစ်ကယ်သုံးဖို့လိုအပ်လာရင် စိတ်ရှုတ်ရပါတယ်။ အဲ့ဒီလိုဖြစ်တာတွေကို Incognito Mode ခလုတ်တစ်ခုတည်းထည့်ပေးတာက ပိုအဆင်ပြေသွားမှာသေခြာပါတယ်။ Google အနေနဲ့လည်း Android P မိတ်ဆက်ပြီးနောက်ပိုင်းမှာ သူတို့ရဲ့ Service တွေကို Web အပိုင်းမှာရော Mobile App အပိုုင်းမှာပါ အသေးစိတ်ဂရုစိုက်ပြင်ဆင်မှုတွေ ပြန်လုပ်ပေးလာတာကိုတွေ့ရပါတယ်။ အခုလို လိုအပ်ပြီး တစ်ကယ်အသုံးဝင်တဲ့ Feature တွေကို နောက်ပိုင်းမှာ ဒီထက် အများကြီးထပ်တွေ့လာနိုင်မယ်လို့လည်း မျှော်လင့်ရပါတယ်။ 
Ref: GSM Arena
Min Than Htike (Akhayar)
www.akhayar.com
Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။