[Zawgyi] 


Gun Emoji





Ref: Tech Crunch 

Min Than Htike (Akhayar)

www.akhayar.com


[Unicode] 

Google က Gun Emoji မှာသုံးထားတဲ့ သေနတ်ပုံကို ပြောင်းပေးတော့မှာလား

Online ပေါ်မှာ ကြမ်းတမ်းတဲ့အသုံးအနှုံးတွေကို တိုင်ဖျက်ဖို့ Apple ၊ Twitter နဲ့ Facebook တို့က Hate Speech ဆိုတဲ့ခေါင်းစဉ်အောက်မှာ စည်းမျဉ်းအသစ်တွေ၊ ပြောင်းလဲမှုအသစ်တွေကို အမြဲပြင်ဆင်လေ့ရှိပါတယ်။ 

Gun Emoji

လွန်ခဲ့တဲ့ ၂၀၁၆ က Apple အနေနဲ့ သူတို့ရဲ့ Emoji တွေထဲက သေနပ် Emoji မှာသုံးထားတဲ့ ပစ္စတို သေနတ်ပုံကို ပယ်ဖျက်ခဲ့ပါတယ်။ ပစ္စတို သေနတ်ပုံအစား ရေသေနတ် အစိမ်းရောင်လေးကိုပဲ အစားထိုးထည့်သွင်းပေးခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ Twitter ကလည်း သေနတ်ပုံကိုပြောင်းခဲ့ပါတယ်။ 

Google Gun Emoji Change

Gun Emoji ကိုပြောင်းလဲဖို့ နောက်ကျနေတာကတော့ Google ပဲဖြစ်ပါတယ်။ Google ကသူတို့ရဲ့ Android OS နဲ့ Chrome OS တွေမှာ အသုံးပြုမယ့် Emoji စာရင်းအသစ်ကို GitHub မှာပြသခဲ့ပါတယ်။ Gun Emoji ကိုတော့ Apple နဲ့ Twitter တို့ပြောင်းသလိုမျိုး ရေသေနတ်တစ်ခုနဲ့ အစားထိုးပေးတာကို တွေ့ရပါတယ်။ 

အခုလိုအပြောင်းအလဲက ပုံသေဖြစ်သွားမှာဖြစ်ပြီး Online ပေါ်မှာ အမုန်းစကားပြန့်ပွားမှာကို မလိုလားတာကြောင့် သေနတ်ပုံကိုသိသိသာသာ ပြောင်းခဲ့ကြတာပါ။ Social Media တွေမှာလည်း လူအချင်းချင်းအမုန်းပွားတာမျိုးကို အားမပေးတာကြောင့် Hate Speech အတွက် စည်းမျဉ်းစည်းကမ်းတွေရှိနေပြီးသားဖြစ်ပါတယ်။

Ref: Tech Crunch 

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။