YouTube ဆုိတာက လက္ရွိအခ်ိန္မွာ ၾကည့္ရႈသူအမ်ားဆံုးေသာ Video Streaming Platform တစ္ခုဆိုရင္လည္းမမွားပါဘူး။ အခုအခ်ိန္မွာေတာ့့ Google ကေန YouTube ကို ပိုျပီး အခ်ိန္နဲ႔ တေျပးညီမွန္ကန္တဲ့ သတင္းေတြကို ေဖာ္ျပေပးႏုိင္ဖုိ႔အတြက္ ေဒၚလာ ၂၅ သန္းျမဳပ္ႏွံလုိက္ပါတယ္။

YouTube

Google ဟာ ဒီႏွစ္အေစာပိုင္းမွာထဲက အခုလုိမ်ိဳး သတင္းနဲ႔ Media ပိုင္းကို အာရုံစိုက္လာတာျဖစ္ျပီး သတင္းမွားေတြမျဖစ္ရေအာင္လည္း ရင္းႏွီးျမဳပ္ႏွံမႈေတြအမ်ားအျပားျပဳလုပ္ေနတာပဲျဖစ္ပါတယ္။ ျပီးခဲ့တဲ့ လပိုင္းတုန္းကလည္း Google ဟာ အခုလုိမ်ိဳး သတင္းေတြအတြက္ Google News ဆိုျပီး ယခင္က Google Newstand ကို ေျပာင္းလဲခဲ့တာျဖစ္ပါတယ္။ အဆုိပါ Google News ကလည္း ကိုယ့္အတြက္ အကိုက္ညီဆံုးသတင္းေတြကိုပဲ AI စနစ္ေတြကို အသံုးျပဳျပီး ေဖာ္ျပေနတာပါ။

YouTube Top News

အခုလုိမ်ိဳး Google ကေန YouTube အေပၚမွာ ေဒၚလာ ၂၅ သန္း ရင္းႏွီးျမဳပ္ႏွံလုိက္တဲ့အတြက္ ယခင္က ျဖစ္ခဲ့သလုိမ်ိဳး Breaking News ေတြ၊ Trending Sections ေတြမွာ သတင္းအမွားေတြရွိေနေတာ့မွာမဟုတ္ဘဲ အသံုးျပဳသူေတြကိုယ္တုိင္လည္း “Top News” နဲ႔ “Breaking News” ဆိုျပီး Shelf အသစ္ ၂ ခုကို YouTube မွာ စတင္ျမင္လာရေတာ့မွာျဖစ္ပါတယ္။ ဒါေပမယ့္ အခု Features အသစ္ ၂ ခုက U.S ၊ U.K ၊ France ၊ Italy ၊ Japan ၊ India ၊ Mexico ၊ Brazil ၊ South Africa နဲ႔ Nigeria အပါအဝင္ ႏုိင္ငံ ၁၇ ႏုိင္ငံမွာပဲ အရင္ရရွိေနဦးမွာျဖစ္တယ္လုိ႔ သိရပါတယ္။

ေနာက္ျပီး တကယ္လုိ႔ Breaking News အေနနဲ႔ YouTube မွာ တက္လာျပီဆုိရင္ အဆုိပါ သတင္းအတြက္ ေရးသားထားျပီးသား Article တစ္ခုအရင္ရွိေနဖုိ႔ လိုအပ္မွာျဖစ္ျပီး YouTube ဟာ အခု Breaking News Videos ေတြရဲ႕ ေအာက္မွာ အဆိုပါ သတင္း Article ရဲ႕ Website Link ကိုပါ တပါတည္း ေဖာ္ျပသြားေပးမွာျဖစ္တယ္လုိ႔ ဆိုထားပါတယ္။ အဲ့ဒီအတြက္ Breaking News ေတြဟာ ယခင္ကထက္ပိုျပီး ယံုၾကည္ရမွာျဖစ္ပါတယ္။

YouTube Breaking News

Google က အခုလုိမ်ိဳး ရင္းႏွီးျမဳပ္ႏွံမႈဟာ သတင္း Publisher ေတြကိုလည္း သက္ေရာက္မွာျဖစ္ျပီးေတာ့ YouTube ဟာ သတင္း Publisher ေတြအတြက္ အကူအညီေပးႏုိင္ဖို႔ Members ေတြကိုလည္း ထပ္မံေခၚဆုိသြားဦးမွာျဖစ္တယ္လုိ႔ သိရပါတယ္။

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

YouTube ဆိုတာက လက်ရှိအချိန်မှာ ကြည့်ရှုသူအများဆုံးသော Video Streaming Platform တစ်ခုဆိုရင်လည်းမမှားပါဘူး။ အခုအချိန်မှာတော့ Google ကနေ YouTube ကို ပိုပြီး အချိန်နဲ့ တပြေးညီမှန်ကန်တဲ့ သတင်းတွေကို ဖော်ပြပေးနိုင်ဖို့အတွက် ဒေါ်လာ ၂၅ သန်းမြုပ်နှံလိုက်ပါတယ်။

YouTube

Google ဟာ ဒီနှစ်အစောပိုင်းမှာထဲက အခုလိုမျိုး သတင်းနဲ့ Media ပိုင်းကို အာရုံစိုက်လာတာဖြစ်ပြီး သတင်းမှားတွေမဖြစ်ရအောင်လည်း ရင်းနှီးမြုပ်နှံမှုတွေအများအပြားပြုလုပ်နေတာပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လပိုင်းတုန်းကလည်း Google ဟာ အခုလိုမျိုး သတင်းတွေအတွက် Google News ဆိုပြီး ယခင်က Google Newstand ကို ပြောင်းလဲခဲ့တာဖြစ်ပါတယ်။ အဆိုပါ Google News ကလည်း ကိုယ့်အတွက် အကိုက်ညီဆုံးသတင်းတွေကိုပဲ AI စနစ်တွေကို အသုံးပြုပြီး ဖော်ပြနေတာပါ။

YouTube Top News

အခုလိုမျိုး Google ကနေ YouTube အပေါ်မှာ ဒေါ်လာ ၂၅ သန်း ရင်းနှီးမြုပ်နှံလိုက်တဲ့အတွက် ယခင်က ဖြစ်ခဲ့သလိုမျိုး Breaking News တွေ၊ Trending Sections တွေမှာ သတင်းအမှားတွေရှိနေတော့မှာမဟုတ်ပဲ အသုံးပြုသူတွေကိုယ်တိုင်လည်း “Top News” နဲ့ “Breaking News” ဆိုပြီး Shelf အသစ် ၂ ခုကို YouTube မှာ စတင်မြင်လာရတော့မှာဖြစ်ပါတယ်။ ဒါပေမယ့် အခု Features အသစ် ၂ ခုက U.S ၊ U.K ၊ France ၊ Italy ၊ Japan ၊ India ၊ Mexico ၊ Brazil ၊ South Africa နဲ့ Nigeria အပါအဝင် နိုင်ငံ ၁၇ နိုင်ငံမှာပဲ အရင်ရရှိနေဦးမှာဖြစ်တယ်လို့ သိရပါတယ်။

နောက်ပြီး တကယ်လို့ Breaking News အနေနဲ့ YouTube မှာ တက်လာပြီဆိုရင် အဆိုပါ သတင်းအတွက် ရေးသားထားပြီးသား Article တစ်ခုအရင်ရှိနေဖို့ လိုအပ်မှာဖြစ်ပြီး YouTube ဟာ အခု Breaking News Videos တွေရဲ့ အောက်မှာ အဆိုပါ သတင်း Article ရဲ့ Website Link ကိုပါ တပါတည်း ဖော်ပြသွားပေးမှာဖြစ်တယ်လို့ ဆိုထားပါတယ်။ အဲ့ဒီအတွက် Breaking News တွေဟာ ယခင်ကထက်ပိုပြီး ယုံကြည်ရမှာဖြစ်ပါတယ်။

YouTube Breaking News

Google က အခုလိုမျိုး ရင်းနှီးမြုပ်နှံမှုဟာ သတင်း Publisher တွေကိုလည်း သက်ရောက်မှာဖြစ်ပြီးတော့ YouTube ဟာ သတင်း Publisher တွေအတွက် အကူအညီပေးနိုင်ဖို့ Members တွေကိုလည်း ထပ်မံခေါ်ဆိုသွားဦးမှာဖြစ်တယ်လို့ သိရပါတယ်။

Zawyè (Akhayar) 

www.akhayar.com