[Zawgyi]

ဓါတ္ပံုမ်ားရွာေဖြရာမွာ ပိုမိုျမန္ဆန္လြယ္ကူေအာင္ Google ကFeature သစ္မ်ားထည့္သြင္း

စစ္တမ္းမ်ားအရ Android သာမက iOS ေတြမွာပါ Google Search ကိုအသံုးျပဳၿပီးဓါတ္ပံုေတြရွာေဖြႏႈန္းမ်ားျပားလာပါတယ္။ ဒါေၾကာင့္ Google Image Search ကိုအသံုးျပဳတဲ့အခါမွာပိုမိုလြယ္ကူေစရန္အတြက္ Search bar မွာ ရိုက္ရွာတဲ့အခါမွာ ပံုသာမကပဲ အဆိုပါပံုရဲ႕ အမည္ နဲ႔အျခား စပ္ဆက္မႈရွိတဲ့ အမည္ေတြကိုပါ ေဖာ္ျပေပးသြားမွာျဖစ္ပါတယ္။ ဒီလိုေတြ႕ျမင္ရျခင္းအားျဖင့္ ကိုယ္ရွာတဲ့ပံုနဲ႔ပတ္သက္တ့ဲ မာတိာကာေခါင္းစဥ္ေတြကို အလြယ္တစ္ကူသိရွိႏိုင္ၿပီး ပိုမိုေကာင္းမြန္တိက်တဲ့ ပံုေတြကိုလွ်င္ျမန္စြာရွာေဖြႏိုင္မွာျဖစ္တယ္လို႔ဆိုပါတယ္။ ဒါ့အျပင္ ယံုၾကည္စိတ္ခ်ရတဲ့မူလရင္းျမစ္ Link ေတြကိုပါ တစ္ပါတည္းပူးတြဲေဖာ္ျပေပးသြားဦးမွာျဖစ္ပါတယ္။


Google အေနနဲ႔ ဒီလိုလုပ္ေပးရတာဟာ စမတ္ဖုန္း အသံုးျပဳသူေတြအေနနဲ႔ Google Search ကို လြယ္လြယ္နဲ႔ျမန္ျမန္ အသံုးျပဳလာႏိုင္ေအာင္အဓိကရည္ရြယ္တာျဖစ္ပါတယ္။ ဒါေပမယ့္ ဒီ Feature ဟာ Mobile Browser မွာသာရရွိႏိုင္ဦးမွာျဖစ္တယ္လို႔သိရပါတယ္။

Ref; Google

Phone Hay Ko (Akhayar)
www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ဓါတ်ပုံများရှာဖွေရာမှာ ပိုမိုမြန်ဆန်လွယ်ကူအောင် Google ကFeature သစ်များထည့်သွင်း

စစ်တမ်းများအရ Android သာမက iOS တွေမှာပါ Google Search ကိုအသုံးပြုပြီးဓါတ်ပုံတွေရှာဖွေနှုန်းများပြားလာပါတယ်။ ဒါကြောင့် Google Image Search ကိုအသုံးပြုတဲ့အခါမှာပိုမိုလွယ်ကူစေရန်အတွက် Search bar မှာ ရိုက်ရှာတဲ့အခါမှာ ပုံသာမကပဲ အဆိုပါပုံရဲ့ အမည် နဲ့အခြား စပ်ဆက်မှုရှိတဲ့ အမည်တွေကိုပါ ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ ဒီလိုတွေ့မြင်ရခြင်းအားဖြင့် ကိုယ်ရှာတဲ့ပုံနဲ့ပတ်သက်တဲ့ မာတိာကာခေါင်းစဉ်တွေကို အလွယ်တစ်ကူသိရှိနိုင်ပြီး ပိုမိုကောင်းမွန်တိကျတဲ့ ပုံတွေကိုလျှင်မြန်စွာရှာဖွေနိုင်မှာဖြစ်တယ်လို့ဆိုပါတယ်။ ဒါ့အပြင် ယုံကြည်စိတ်ချရတဲ့မူလရင်းမြစ် Link တွေကိုပါ တစ်ပါတည်းပူးတွဲဖော်ပြပေးသွားဦးမှာဖြစ်ပါတယ်။


Google အနေနဲ့ ဒီလိုလုပ်ပေးရတာဟာ စမတ်ဖုန်း အသုံးပြုသူတွေအနေနဲ့ Google Search ကို လွယ်လွယ်နဲ့မြန်မြန် အသုံးပြုလာနိုင်အောင်အဓိကရည်ရွယ်တာဖြစ်ပါတယ်။ ဒါပေမယ့် ဒီ Feature ဟာ Mobile Browser မှာသာရရှိနိုင်ဦးမှာဖြစ်တယ်လို့သိရပါတယ်။

Ref; Google

Phone Hay Ko (Akhayar)
www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။