Google လုိ႔ေျပာလုိက္တာနဲ႔ လက္ရွိကမၻာေပၚမွာ အေကာင္းဆံုးနဲ႔ လူသံုးအမ်ားဆံုး Search Engine လုိ႔ ေျပးျမင္မိမွာပါ။ ဒါေပမယ့္ Google အတြက္ အခုလုိမ်ိဳး ေနရာကို ဆက္လက္ထိန္းထားႏုိင္ဖုိ႔က ေငြေၾကးအေျမာက္အမ်ားသံုးစြဲေနရတဲ့ပံုပါပဲ။

Apple Vs Google

ယခင္တုန္းကလည္း Yahoo က Mozilla Firefox Browser မွာ အခုလုိမ်ိဳး Default Search Engine အျဖစ္ေနရာရရွိဖုိ႔အတြက္ ေဒၚလာ သန္း ၃၀၀ ေပးခဲ့တယ္လုိ႔ သတင္းေတြထြက္ခဲ့ဖူးျပီးေတာ့ အဲ့ဒီေနာက္မွာေတာ့ Google ကေန အဆိုပါ Default Search Engine ေနရာကို ေစ်းပိုေပးျပီး ဝယ္ယူခဲ့တယ္လုိ႔လည္း ေကာလဟာလထြက္ခဲ့ဖူးပါေသးတယ္။

Safari Browser

အခုေနာက္ဆံုးအေနနဲ႔ ထြက္ေပၚလာတဲ့သတင္းေတြအရေတာ့ Google က Apple iPhone ေတြမွာ Default Search Engine အျဖစ္ေနရာရရွိေနဖုိ႔အတြက္ကို ေငြေၾကးအေျမာက္အမ်ားထပ္ျပီးေပးေနရေသးတယ္လုိ႔ သိရပါတယ္။ အခုေငြေၾကးပမာဏကေတာ့ ေဒၚလာ ၉ ဘီလီယံအထိေပးေနရတယ္လုိ႔ ဆိုထားတဲ့အတြက္ Google အေနနဲ႔ဆုိရင္ေတာင္ ေတာ္ေတာ္ေလးကိုမ်ားျပားတဲ့ ပမာဏတစ္ခုလုိ႔ ေျပာရမွာပါ။

Google ဟာ ျပီးခဲ့တဲ့ ၂၀၁၄ ခုႏွစ္တုန္းက Oracle နဲ႔ တရားရင္ဆိုင္မႈမွာ အခုလုိမ်ိဳး iPhone ေတြမွာ Search Engine ရဲ႕ Ads ေတြကေန ပိုက္ဆံျပန္ရဖုိ႔အတြက္ ေဒၚလာ ၁ ဘီလီယံေပးေနတယ္ဆုိျပီး ထြက္ေပၚခဲ့ဖူးေပမယ့္ အခုပမာဏကေတာ့ အဲ့ဒီတုန္းကထက္ေတာင္ သိသိသာသာပိုျပီး မ်ားျပားလာတာျဖစ္ပါတယ္။

Google Vs Apple

အခု Analyst Firm ျဖစ္တဲ့ Goldman Sachs ရဲ႕ ေျပာၾကားခ်က္အရေတာ့ အခုႏွစ္ ၂၀၁၈ ခုႏွစ္မွာ Google က Apple ကို ေဒၚလာ ၉ ဘီလီယံေပးေနတယ္ဆုိေပမယ့္ ေနာက္ႏွစ္ၾကရင္ေတာ့ အခုပမာဏက ၁၂ ဘီလီယံအထိေတာင္ တုိးလာဖို႔ရွိေနတယ္လုိ႔ သိရပါတယ္။ အခုလုိမ်ိဳး Apple iPhone ေတြရဲ႕ Safari Browser ကပဲျဖစ္ျဖစ္ Siri Assistant ကပဲျဖစ္ျဖစ္ Search Result ေတြကို Google ကို အသံုးျပဳဖုိ႔က အခုေလာက္ေတာင္ ေငြေၾကးအသံုးျပဳဖုိ႔လုိအပ္သလားကေတာ့ ေသခ်ာမသိေပမယ့္ Google ေၾကာင့္ Apple က ဝင္ေငြပိုတုိးလာဖုိ႔ပဲရွိေနပါတယ္။

Ref : Android Police

Zawyè (Akhayar) 

www.akhayar.com

[UNICODE]

Google လို့ပြောလိုက်တာနဲ့ လက်ရှိကမ္ဘာပေါ်မှာ အကောင်းဆုံးနဲ့ လူသုံးအများဆုံး Search Engine လို့ ပြေးမြင်မိမှာပါ။ ဒါပေမယ့် Google အတွက် အခုလိုမျိုး နေရာကို ဆက်လက်ထိန်းထားနိုင်ဖို့က ငွေကြေးအမြောက်အများသုံးစွဲနေရတဲ့ပုံပါပဲ။

Apple Vs Google

ယခင်တုန်းကလည်း Yahoo က Mozilla Firefox Browser မှာ အခုလိုမျိုး Default Search Engine အဖြစ်နေရာရရှိဖို့အတွက် ဒေါ်လာ သန်း ၃၀၀ ပေးခဲ့တယ်လို့ သတင်းတွေထွက်ခဲ့ဖူးပြီးတော့ အဲ့ဒီနောက်မှာတော့ Google ကနေ အဆိုပါ Default Search Engine နေရာကို စျေးပိုပေးပြီး ဝယ်ယူခဲ့တယ်လို့လည်း ကောလဟာလထွက်ခဲ့ဖူးပါသေးတယ်။

Safari Browser

အခုနောက်ဆုံးအနေနဲ့ ထွက်ပေါ်လာတဲ့သတင်းတွေအရတော့ Google က Apple iPhone တွေမှာ Default Search Engine အဖြစ်နေရာရရှိနေဖို့အတွက်ကို ငွေကြေးအမြောက်အများထပ်ပြီးပေးနေရသေးတယ်လို့ သိရပါတယ်။ အခုငွေကြေးပမာဏကတော့ ဒေါ်လာ ၉ ဘီလီယံအထိပေးနေရတယ်လို့ ဆိုထားတဲ့အတွက် Google အနေနဲ့ဆိုရင်တောင် တော်တော်လေးကိုများပြားတဲ့ ပမာဏတစ်ခုလို့ ပြောရမှာပါ။

Google ဟာ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်တုန်းက Oracle နဲ့ တရားရင်ဆိုင်မှုမှာ အခုလိုမျိုး iPhone တွေမှာ Search Engine ရဲ့ Ads တွေကနေ ပိုက်ဆံပြန်ရဖို့အတွက် ဒေါ်လာ ၁ ဘီလီယံပေးနေတယ်ဆိုပြီး ထွက်ပေါ်ခဲ့ဖူးပေမယ့် အခုပမာဏကတော့ အဲ့ဒီတုန်းကထက်တောင် သိသိသာသာပိုပြီး များပြားလာတာဖြစ်ပါတယ်။

Google Vs Apple

အခု Analyst Firm ဖြစ်တဲ့ Goldman Sachs ရဲ့ ပြောကြားချက်အရတော့ အခုနှစ် ၂၀၁၈ ခုနှစ်မှာ Google က Apple ကို ဒေါ်လာ ၉ ဘီလီယံပေးနေတယ်ဆိုပေမယ့် နောက်နှစ်ကြရင်တော့ အခုပမာဏက ၁၂ ဘီလီယံအထိတောင် တိုးလာဖို့ရှိနေတယ်လို့ သိရပါတယ်။ အခုလိုမျိုး Apple iPhone တွေရဲ့ Safari Browser ကပဲဖြစ်ဖြစ် Siri Assistant ကပဲဖြစ်ဖြစ် Search Result တွေကို Google ကို အသုံးပြုဖို့က အခုလောက်တောင် ငွေကြေးအသုံးပြုဖို့လိုအပ်သလားကတော့ သေချာမသိပေမယ့် Google ကြောင့် Apple က ဝင်ငွေပိုတိုးလာဖို့ပဲရှိနေပါတယ်။

Ref : Android Police

Zawyè (Akhayar) 

www.akhayar.com