Google Plus ကို ၂၀၁၁၁ ခုနှစ် June လ ၂၈ ရက်မှာစတင်မိတ်ဆက်ခဲ့ပါတယ်။ ၂၀၁၈ မှာတော့ ဖျက်သိမ်းဖို့စတင်ကြေညာခဲ့ပြီး ဖျက်သိမ်းမယ့်ရက်အတိအကျကိုတော့ ၂၀၁၉ April လထဲမှာဖြစ်မယ်လို့ကနဦးသတင်းတွေကဖော်ပြခဲ့ပါတယ်။ သက်တမ်းအားဖြင့် ၈နှစ်တာကြာမြင့်ခဲ့တဲ့ Google Plus ဟာ ၂၀၁၉ ခုနှစ် April လ ၂ရက်နေ့မှာတော့ Web Platform ပေါ်မှာရှိသမျှ User Data တွေအားလုံးကိုဖျက်သိမ်းခဲ့ပါတယ်။

ပြီးခဲ့တဲ့အင်္ဂါနေ့က Google ဟာ နှစ်ရှည်လများပေးထားခဲ့တဲ့ကတိကို အကောင်အထည်ဖော်ဖို့အတွက် Google + Social Network ကို Shutdown မလုပ်ခင် မှာ Account တွေကိုဖျက်သိမ်းလိုက်ပါပြီ။

Larry Page နဲ့ Sergey-Brin ၊ Photo Getty

Larry Page ရဲ့ Profile

Google ရဲ့ Executives တွေအပါအဝင် Co-founder တွေဖြစ်တဲ့ Sergey Brin ၊ Larry Page ၊ လက်ရှိ CEO Sundar Pichai နဲ့ CEO အဟောင်း Eric Schmidt တို့အားလုံးရဲ့ Accountတွေ၊ Postတွေနဲ့ Photo တွေကိုပါဖျက်သိမ်းခဲ့တာပါ။ Executives တွေရဲ့ Google+ Profile မှာရူးကြောင်ကြောင် Selfie တွေနဲ့ Pancake မုန့်လုပ်နည်းတွေသာ တွေ့ရပေမယ့် ဒီ Profile တွေက Google’s History အတွက်အရေးပါတဲ့နေရာတစ်နေရာမှာရပ်တည်နေပါတယ်။ ပျောက်ဆုံးသွားတဲ့ Information တွေဘယ်လောက်များလဲ ဆိုတာကိုတော့သိဖို့မလွယ်ကူပါဘူး။

Business Insider ဆိုတဲ့ စီးပွားရေး သတင်း Website တစ်ခုကတော့ Google ကို စုံစမ်းဖို့ကြိုးစားခဲ့ပေမယ့် သိပ်မကြာခင်မှာတင် Executive Sergey Brin, Sundar Pichai, နဲ့ Eric Schmidt တို့ရဲ့ Account တွေဟာဖျက်သိမ်းခံခဲ့ရတာကြောင့် အရာမထင်ခဲ့ပါဘူး။ Google ရဲ့ Co-founder တစ်ဦးဖြစ်တဲ့ Larry Page ရဲ့ Profile ကိုတော့မပျက်ခင်လေးမှာ Screenshot ရိုက်နိုင်ခဲ့ပါတယ်။
ဒီလိုမျိုး နာမည်ကျော်ပုဂ္ဂိုလ် တွေရဲ့ Profile တွေပျောက်ဆုံးသွားတာကြောင့် Google ရဲ့ ရာဇဝင် ကိုသေချာသိရှိဖို့ ခဲယဉ်းသွားခဲ့ပါပြီ။ Executive တွေရဲ့ Account ဖျက်သိမ်းခံရမှုမှာ Mark Zuckerberg (Facebook CEO) ရဲ့ Facebook Post တွေပျောက်ဆုံးသွားတဲ့အချိန်ကကကြုံခဲ့ရတဲ့ ပြဿနာမျိုးတွေ ထပ်ပေါ်လာနိုင်တယ် လို့ လွန်ခဲ့တဲ့အပတ်က Business Insider က အကြောင်းကြားခဲ့ပါတယ်။
Zuckerberg ရဲ့ အရေးကြီး Company Event တွေနဲ့ဆိုင်တဲ့မှတ်ချက်တွေဟာ ပျောက်သွားတဲ့ Post တွေနဲ့ အတူရောပါသွားခဲ့တာပါ။

Ref; BusinessInsider

SiD (Akhayar)