Google Gmail မှာ Website တွေကို AMP Support ပေးသွားတော့မည်







Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

Google ရဲ့ AMP ဒါမှမဟုတ် Accelerated Mobile Pages တွေဟာ Facebook Instant Articles ပုံစံနဲ့ ဆင်တူပြီးတော့ စမတ်ဖုန်းတွေမှာ အသုံးပြုမယ်ဆိုရင် အလွန်မြန်မြန်ဆန်ဆန် အသုံးပြုနိုင်တာပဲဖြစ်ပါတယ်။

အခုအချိန်မှာ AMP Function ကို အချို့သော Website တွေမှာရရှိနေပြီဖြစ်ပြီးတော့ Google ကနေ Gmail ကိုပါအဆိုပါ AMP Function ကို ထည့်သွင်းပေးတော့မှာဖြစ်ပါတယ်။ အဲ့ဒီအတွက် Google Gmail ကို ဝင်ရောက်လာတဲ့ Mail တွေထဲမှာ Website ကို ဝင်ရောက်ရတော့မယ်ဆိုရင် Browser ကနေ သွားစရာမလိုအပ်ပဲ AMP အနေနဲ့ ပိုပြီး လျှင်လျှင်မြန်မြန် ကြည့်ရှုနိုင်တော့မယ်လို့ သိရပါတယ်။

Google ရဲ့ အခု Gmail အတွက် AMP Feature ဟာ Open-Source ဖြစ်ပြီးတော့ Developers တွေဟာ သူတို့ရဲ့ အသုံးချနိုင်စွမ်းပေါ်မှုတည်ပြီးတော့ အသုံးပြုသူတွေကို မတူညီတဲ့အတွေ့အကြုံအသစ်ကို ခံစားနိုင်မယ်လို့ ပြောကြားခဲ့ပါတယ်။ လက်ရှိအချိန်မှာလည်း Pinterest ၊ Booking.com နဲ့ Doogle တို့က အခု Feature ကို စတင်အသုံးပြုပြီလို့ သိရပါတယ်။

Google ကတော့ အခုလိုမျိုး Gmail မှာ AMP ကို Support ပြုလုပ်လာတဲ့အတွက် တကယ်လို့ ကုမ္ပဏီတွေက Email မှာ ပါဝင်တဲ့ Content တွေကို Browse ပြုလုပ်ချင်တာပဲဖြစ်ဖြစ် Form တွေကိုဖြည့်ဖို့ ကြိုးစားချင်တာပဲဖြစ်ဖြစ် Gmail ကနေ ထွက်သွားဖို့မလိုအပ်ပဲ ပြုလုပ်နိုင်ဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

ဥပမာ Pinterest ဆိုရင် Gmail ထဲကို ဝင်ရောက်လာတဲ့ ဓါတ်ပုံတွေကို Website ပေါ်သွားစရာမလိုတော့ပဲ ပုံတွေကိုပဲ Click နှိပ်ပြီး သိချင်တဲ့အသေးစိတ်အချက်အလက်တွေကို ကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်။ အဲ့ဒါကြောင့် ကိုယ်သိချင်တဲ့ ဓါတ်ပုံတိုင်းကို Tab အသစ်တစ်ခုသီးခြားဖွင့်နေဖို့ မလိုအပ်တာက သိသာတဲ့အချိန်ကုန်သက်သာပြီးမြန်ဆန်စေတဲ့အချက်တစ်ခုဖြစ်ပါတယ်။

Google Gmail AMP Feature ဟာ လောလောဆယ်မှာ Developer Preview အနေနဲ့ပဲရရှိနေသေးတာဖြစ်ပြီးတော့ Stable အနေနဲ့တော့ ဒီနှစ်ကုန်မှ ရရှိလာမယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် အခုလောလောဆယ်စမ်းသပ်ချင်တယ်ဆိုရင်တော့ Developer Preview ကို Sign Up လုပ်ထားဖို့ လိုအပ်မှာပါ။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com