
Gboard



Gboard


Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

[UNICODE]

Google ကတော့ AI ကို နေရာတိုင်းမှာ ထည့်သွင်းဖို့ စဉ်းစားနေပုံပါပဲ။ Google ကနေ ထုတ်လုပ်ထားတဲ့ Pixel စမတ်ဖုန်းတွေက AI ကို ဖုန်းမှာ ထည့်သွင်းပေးထားပြီး အလွန် Smart ဖြစ်တယ်လို့ သတ်မှတ်ခံထားရတာပဲဖြစ်ပါတယ်။

Gboard

ဒါပေမယ့် အခုအချိန်မှာတော့ Google က သူ့ရဲ့ AI နည်းပညာတွေကို Pixel ဖုန်းတွေအပြင် တခြားသောနေရာတွေကိုပါ ယူဆောင်လာတော့မှာပါ။ ဒါကတော့ Google ကနေ Gboard Keyboard Application မှာပါ AI ကို ထည့်သွင်းလာတော့မှာဖြစ်ပါတယ်။

အခု Google Gboard ရဲ့ AI စနစ်က ကိုယ်စာရိုက်တဲ့အပေါ်ကို မူတည်ပြီးတော့ GIF တွေ၊ Emoji တွေနဲ့ Sticker တွေကို Suggest ပြုလုပ်ပေးမှာပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် ပုံမှန်အတိုင်း စာရိုက်နေရင်းနဲ့ ကိုယ်ရိုက်လိုက်တဲ့ စာကြောင်းအပေါ်မှုတည်ပြီးတော့ Google ကနေ မှန်ကန်တဲ့ Suggestion ကိုပြုလုပ်ပေးမှာဖြစ်ပါတယ်။ ဥပမာ Google Gboard နဲ့ Birthday ဒါမှမဟုတ် Dance လိုမျိုး စာကြောင်းကို ရိုက်နေပြီဆိုရင် Google က လိုက်ဖက်တဲ့ Sticker ၊ GIF နဲ့ Emoji တွေကို Suggest လုပ်ပေးမှာပါ။

Gboard

အခု Gboard ရဲ့ AI Suggestion Feature ကို Android နဲ့ iOS မှာရှိတဲ့ Gboard Application မှာ Update ရရှိနေပြီဖြစ်ပြီးတော့ လောလောဆယ်မှာတော့ English US Language တစ်ခုပဲရရှိဦးမှာပါ။ ကျန်တဲ့ Language မှာ ရရှိအောင်လည်း ဆောင်ရွက်နေပြီဖြစ်တယ်လို့ Google က ပြောကြားခဲ့ပါတယ်။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com