







Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

Google ကနေ Morse Code ကို Android အတွက် Gboard Keyboard မှာ Beta အနေနဲ့ ထည့်သွင်းပေးထားပြီးပြီဖြစ်ပါတယ်။ Google က အဆိုပါ Morse Code ပါဝင်တဲ့ Beta Version Keyboard ကို ပြီးခဲ့တဲ့ Google ရဲ့ I/0 2018 မှာ ထုတ်ပေးခဲ့တာဖြစ်ပါတယ်။

Google Gboard Morse Code on iOS

အခုအချိန်မှာတော့ Google ကနေ အဆိုပါ Morse Code ကို အခုအချိန်မှာ iOS အတွက် Gboard Keyboard မှာ ထည့်သွင်းပေးလိုက်ပြီဖြစ်ပါတယ်။ Google ရဲ့ ပြောကြားချက်အရတော့ အခုလိုမျိုး iOS အတွက် Gboard Keyboard မှာ Morse Code ကို ထည့်သွင်းလာတဲ့အပြင် Android မှာလည်း Gboard ရဲ့ Experience ကို ပိုပြီးကောင်းအောင် ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

အခုလိုမျိုး Morse Code ကို အသုံးပြုပြီဆိုရင် ကြီးမားတဲ့ အစက်တစ်ခုနဲ့ Dash တစ်ခု အနေနဲ့ပေါ်သွားမှာဖြစ်ပြီးတော့ ယခင်တုန်းက Morse Code နဲ့ စာရိုက်သလိုမျိုး အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အခုလိုမျိုး Morse Code နဲ့ အသုံးပြုတာက မသန်စွမ်းသူတွေအတွက် အဓိကရည်ရွယ်ထားတယ်လို့ သိရပါတယ်။

Google Gboard Morse Code

အခုလိုမျိုး Morse Code ကို အသုံးပြုနိုင်တဲ့အပြင် Google ကနေ ပုံမှန်အသုံးပြုသူတွေအတွက်လည်း Gboard မှာ Morse Code နဲ့ ရိုက်လိုက်တဲ့ စာလုံးတွေကနေ ဖြစ်နိုင်တဲ့စာလုံးတွေကို Suggestions အနေနဲ့ Keyboard အပေါ်မှာ ဖော်ပြပေးသွားဦးမှာဖြစ်ပြီးတော့ Morse Code ကို မသိသေးတဲ့သူတွေအတွက်လည်း သင်ယူလို့ရဦးမှာပါ။

Google Gboard Morse Code

အခုအချိန်မှာ Google ရဲ့ Gboard မှာ ထည့်သွင်ပေးထားတဲ့ Morse Code ကို Android မှာတင်မကဘဲ iOS မှာပါ အသုံးပြုလာနိုင်ပြီဖြစ်တဲ့အတွက် မကြာခင်အချိန်အတွင်းမှာ Google ကနေ မသန်စွမ်းဖြစ်နေတဲ့သူတွေအတွက် ကောင်းမွန်တဲ့ ဆက်သွယ်ရေးစနစ်တစ်ခုဖြစ်လာမယ်လို့ ယူဆထားတယ်လို့ သိရပါတယ်။ အခုအတွက်လည်း Gboard ကနေ External Switches ကို အခုဖုန်း ဒါမှမဟုတ် Devices တွေနဲ့ ချိတ်ဆက်လို့ရတဲ့အတွက် မသန်စွမ်းသူတွေအနေနဲ့ အလွယ်ကူဆုံးအသုံးပြုနိုင်ပြီပဲဖြစ်ပါတယ်။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com