[Zawgyi]
Google Arts & Culture
Selfissimo
Just a Line
Ref;Androidpit
Phone Hay Ko (Akhayar)
www.akhayar.com
[Unicode]
သင်ဟာ သူများထက် ဆန်းပြီးလန်းချင်တယ်ဆိုရင်တော့ Google ကထုတ်ပေးထားတဲ့ ဒီ App ၃မျိုးကိုစမ်းသပ်အသုံးပြုကြည့်ဖို့တိုက်တွန်းချင်ပါတယ်။
Google Arts & Culture
Arts & Culture app ဟာ Google ရဲ့ Product တွေထဲက လူသိနည်းတဲ့ App တစ်ခုပါပဲ။ ကမ္ဘာတဝှမ်းမှာရှိတဲ့ အနုပညာပြတိုက်တွေ ပန်းချီပညာရှင်ပေါင်းများစွာရဲ့လက်ရာတွေကို App တစ်ခုတည်းနဲ့ကြည့်ရှုနိုင်တဲ့ Appပါ။ ဒါပေမယ့် ခုချိန်မှာတော့ App အသုံးပြုသူရဲ့ မျက်နှာနဲ့ App ထဲမှာရှိတဲ့ ပုံတွေထဲက အတူဆုံးပုံတွေကိုရွေးထုတ်ပေးတဲ့ Feature ကိုထည့်သွင်းပေးလိုက်ပြီး လူသိများလာခဲ့ပါတယ်။ အသုံးပြုသူတွေဟာ ၎င်းတို့နဲ့ ရာခိုင်နှုန်းအများဆုံးတူညီတဲ့ မျက်နှာပြင်တွေကိုကြည့်ပြီးသဘောတွေကျ၊ Social Network တွေပေါ်မှာ ဝေမျှရင်းပျော်ရွှင်နေကြပါတယ်၊ ဒီတော့ သင်လည်း ဘယ်နိုင်ငံက ဘာလူမျိုးရဲ့ပုံနဲ့တူမလဲဆိုတာ ဆန်းကြည့်ပြီး Facebook တို့ Instagram တို့မှာ ပြန်ဝေမျှလိုက်ပါဦး။
Download Google Arts & Culture App via Play Store
Selfissimo
Selfissimo ဆိုတာကတော့ Google ရဲ့ Search Engine ကိုအသုံးပြုထားတဲ့ Selfie Camera App တစ်ခုဖြစ်ပါတယ်။ ဒီ App ရဲ့အားသာချက်ကတော့ သင့်ရဲ့ Selfie ပုံတွေထဲကမှ အလန်းဆုံး နဲ့ Perfect အဖြစ်ဆုံးပုံတွေကိုရွေးထုတ်ဖို့ကူညီပေးနိုင်တာပဲဖြစ်ပါတယ်။ App ကိုဖွင့်လိုက်တာနဲ့ Selfie ပုံတွေ အဆက်မပြတ်ရိုက်နေမှာဖြစ်ပြီး သင်ကတော့ Post အမျိုးမျိုးပေးနေရမှာပါ။ Post ပေးလို့ဝပြီဆိုရင်တော့ အကောင်းဆုံး ပုံကိုရွေးထုတ်ပြီး Social Network မှာ Share လိုက်ရုံပါပဲ။
Download Selfissimo App via Play Store
Just a Line
ဒီ App ကတော့ မကြာခင်ကမှ VR Headset နဲ့တွဲပြီးပိုခေတ်စားလာတဲ့ App တစ်ခုပါ။ AR (Augmented Reality) နည်းပညာနဲ့ဖန်တီးထားတာဖြစ်ပြီး လက်နဲ့ Line တွေကိုရေးဆွဲရတဲ့ App တစ်ခုဖြစ်ပါတယ်။ VR Headset မရှိဘူးဆိုရင်တော့ ဖုန်းရဲ့ Display ပေါ်မှာပဲ စိတ်ကြိုက်ရေးဆွဲနိုင်ပါတယ်။ ကိုယ်ရေးဆွဲထားတာကို Video အဖြစ် မှတ်တမ်းတင်ထားပြီး Social Network ပေါ်မှာပြန်ဝေမျှနိုင်ပါသေးတယ်။ အားနည်းချက်တစ်ခုကတော့ ဒီ App ဟာ ARCore Support လုပ်တဲ့ Google Pixel, Galaxy S7 or Galaxy S8 တို့လိုစမတ်ဖုန်းတွေမှာပဲ အလုပ်လုပ်နိုင်ပါတယ်။
လက်ရှိ ARCore Support လုပ်တဲ့စမတ်ဖုန်းအချို့ရဲ့စာရင်းကိုဖော်ပြပေးလိုက်ပါတယ်။
Download Just a Line App via Play Store
Ref;Androidpit
Phone Hay Ko (Akhayar)
www.akhayar.com