Google ကေန Android Go ကုိ အသံုးျပဳေနတဲ့သူေတြအတြက္ File Management Application တစ္ခုျဖစ္တဲ့ Files Go Application ကို မိတ္ဆက္ခဲ့တာ အခုဆုိရင္ ၁ ႏွစ္ျပည့္သြားျပီပဲျဖစ္ပါတယ္။ Google က အခု Files Go Application ကို Android Device တုိင္းမွာ အသံုးျပဳႏုိင္ေအာင္ Play Store မွာ ထုတ္ေပးခဲ့ျပီး အခုဆိုရင္ အသံုးျပဳေနတဲ့သူေတြ လစဥ္ သန္း ၃၀ အထိရွိေနျပီလုိ႔ သိရပါတယ္။

Google Files Go

အခုလုိမ်ိဳး လစဥ္အသံုးျပဳေနတဲ့သူ အေယာက္သန္း ၃၀ အထိရွိေနျပီျဖစ္တဲ့အတြက္ ေအာင္ျမင္ေနတယ္လုိ႔ ေျပာႏုိင္ျပီးေတာ့ Google ရဲ႕ ေျပာၾကားခ်က္အရဆုိရင္ Android Go လုိမ်ိဳး Storage နည္းပါးတဲ့ဖုန္းေတြတင္မကပဲ Storage မ်ားျပားတဲ့ Android Phone ေတြကပါ အသံုးျပဳေနတယ္လုိ႔ သိရပါတယ္။

Google က အခုလုိမ်ိဳး အသံုးျပဳေနတဲ့သူေတြအေရအတြက္ကိုေဖာ္ျပခဲ့တဲ့အျပင္ Files Go ကိုပါ နာမည္ေျပာင္းလဲခဲ့လုိက္ပါတယ္။ အဲ့ဒီအတြက္ ယခင္က Files Go နာမည္ကေန “Files by Google” ဆုိျပီး နာမည္ေျပာင္းသြားျပီျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ Google အေနနဲ႔ Files Go ကို Android Go လုိ ဖုန္းေတြတင္မဟုတ္ဘဲ Android ဖုန္းတိုင္းမွာ အသံုးျပဳေစခ်င္တဲ့ပံုပါပဲ။

Google Files Go

Google Files Application ဟာ နာမည္ေျပာင္းလုိက္တဲ့အျပင္ User Interface ကိုပါေျပာင္းလဲလုိက္ျပီးေတာ့ Material Design ပံုစံအသစ္ျဖစ္သြားပါတယ္။ ပိုျပီးလည္း အသံုးျပဳရတာလွပသြားတဲ့အတြက္ တကယ္လုိ႔ Files Application ကို မသံုးရေသးရင္ စမ္းသံုးၾကည့္သင့္ျပီလုိ႔ေတာင္ေျပာလုိ႔ရပါတယ္။

Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com

[UNICODE]

Google ကနေ Android Go ကို အသုံးပြုနေတဲ့သူတွေအတွက် File Management Application တစ်ခုဖြစ်တဲ့ Files Go Application ကို မိတ်ဆက်ခဲ့တာ အခုဆိုရင် ၁ နှစ်ပြည့်သွားပြီပဲဖြစ်ပါတယ်။ Google က အခု Files Go Application ကို Android Device တိုင်းမှာ အသုံးပြုနိုင်အောင် Play Store မှာ ထုတ်ပေးခဲ့ပြီး အခုဆိုရင် အသုံးပြုနေတဲ့သူတွေ လစဉ် သန်း ၃၀ အထိရှိနေပြီလို့ သိရပါတယ်။

Google Files Go

အခုလိုမျိုး လစဉ်အသုံးပြုနေတဲ့သူ အယောက်သန်း ၃၀ အထိရှိနေပြီဖြစ်တဲ့အတွက် အောင်မြင်နေတယ်လို့ ပြောနိုင်ပြီးတော့ Google ရဲ့ ပြောကြားချက်အရဆိုရင် Android Go လိုမျိုး Storage နည်းပါးတဲ့ဖုန်းတွေတင်မကပဲ Storage များပြားတဲ့ Android Phone တွေကပါ အသုံးပြုနေတယ်လို့ သိရပါတယ်။

Google က အခုလိုမျိုး အသုံးပြုနေတဲ့သူတွေအရေအတွက်ကိုဖော်ပြခဲ့တဲ့အပြင် Files Go ကိုပါ နာမည်ပြောင်းလဲခဲ့လိုက်ပါတယ်။ အဲ့ဒီအတွက် ယခင်က Files Go နာမည်ကနေ “Files by Google” ဆိုပြီး နာမည်ပြောင်းသွားပြီဖြစ်ပါတယ်။ အဲ့ဒါကြောင့် Google အနေနဲ့ Files Go ကို Android Go လို ဖုန်းတွေတင်မဟုတ်ဘဲ Android ဖုန်းတိုင်းမှာ အသုံးပြုစေချင်တဲ့ပုံပါပဲ။

Google Files Go

Google Files Application ဟာ နာမည်ပြောင်းလိုက်တဲ့အပြင် User Interface ကိုပါပြောင်းလဲလိုက်ပြီးတော့ Material Design ပုံစံအသစ်ဖြစ်သွားပါတယ်။ ပိုပြီးလည်း အသုံးပြုရတာလှပသွားတဲ့အတွက် တကယ်လို့ Files Application ကို မသုံးရသေးရင် စမ်းသုံးကြည့်သင့်ပြီလို့တောင်ပြောလို့ရပါတယ်။

Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com