Google CEO ဖြစ်သူ Sunder Pichai နဲ့ co-founder ဖြစ်သူ Sergey Brin တို့ဦးဆောင်ပြီး Google အလုပ်သမား ၂၀၀၀ကျော်ဟာ သမ္မတဖြစ်သူ Donald Trump ထုတ်ပြန်လိုက်တဲ့ မွတ်ဆလင်ခြောက်နိုင်ငံရဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို ပိတ်ပင်တဲ့ ဥပဒေနဲ့ ပတ်သက်ပြီး တနင်္လာနေ့က ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။

ဒီအကြောင်းကို Nest CEO ဖြစ်သူ Marian Fawaz အပါအဝင် Google အလုပ်သမားတွေက Twitter မှာ “#GooglersUnite” ဆိုတဲ့ Hashtag နဲ့ ပုံတွေ၊ ဗီဒီယိုတွေနဲ့ စာတွေကို မျှဝေခဲ့ကြတာပါ။

အိန္ဒိယဖွားတစ်ဦးဖြစ်သူ Pichai ဟာ Silicon Valley ကုမ္ပဏီအနေနဲ့ ဒီအပေါ် ဆက်လက်တိုက်ပွဲဝင်သွားဦးမှာ ဖြစ်ကြောင်းလည်း ပြောကြားခဲ့ကြောင်း သိရပါတယ်။

Google ဟာ ထရမ့်ရဲ့ Immigration Policy ကို ဆန့်ကျင်နေတဲ့ ကုမ္ပဏီတွေထဲမှာ ထင်ရှားလာတဲ့ ကုမ္ပဏီဖြစ်ပြီး တခြားနည်းပညာကုမ္ပဏီကြီးတွေဖြစ်တဲ့ Microsoft, Apple, Facebook တို့လို ကုမ္ပဏီတွေကလည်း ဒီဥပဒေအပေါ် ဆန့်ကျင်နေကြပါတယ်။

Joker (Akhayar)

Ref: Business Insider, TechCrunch