Joker (Akhayar) 
Ref: The Verge
===============
Play Store icon က Shopping Bag (အိတ်) ကို Google ဖယ်ရှား
Google ဟာ ဒီနေ့မှာ Play Store icon ကို ဒီနေ့မှာ Update လုပ်ခဲ့ပြီးတော့ အထဲက Shopping bag ကို ဖယ်ရှားလိုက်ပါတယ်။  “Goodbye, shopping bag”
ဒီအပြောင်းအလဲဟာ Android အသုံးပြုသူတွေကို ဒီနေ့ကစလို့ ပြောင်းလဲသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ Android Police ရဲ့ ပထမဆုံး ချပြခဲ့တဲ့ ပုံအရ Notification မှာ ပြတဲ့ icon ဟာလည်း နည်းနည်း ပြောင်းလဲသွားပါတယ်။ အဆိုပါ Notification icon မှာလည်း Shopping Bag မပါဝင်တော့ပဲ အထဲက Triangle တစ်ခုသာ ပါဝင်ခဲ့ပါတယ်။
Google ဟာ app ရဲ့ icons တွေကို ကိုယ်ပိုင်ဖုန်းဖြစ်တဲ့ Pixel Device တွေမှာလည်း အဝိုင်းပုံစံ ပြောင်းလဲထားခဲ့ပြီး Play Store ဟာဆိုရင်လည်း Bag မပါဝင်တော့ပါဘူး။ ကျွန်တော့်အမြင်မှာတော့ Play Store ဆိုတဲ့ နာမည်အတိုင်း Bag လေး ထည့်ထားတာက ပိုပြီး အသက်ဝင် စေပါတယ်။
ဒါက ဂိမ်းတွေကစားရင်း၊ App တွေသုံးရင်း ကိုယ့်အိတ်ထဲက ပိုက်ဆံတွေကို ယူသွားတာပဲမဟုတ်လားဗျ? ဘာပဲဖြစ်ဖြစ်ပါ ခေတ်ရေစီးကြောင်းအရ သေးကြုံ့ပြီးရှင်းလင်းတဲ့ပုံတွေဟာလည်း လူတွေကို ဆွဲဆောင်မှုတစ်မျိုး ရှိစေမှာပါ။
Joker (Akhayar) 
Ref: The Verge