
Google Drive


Google Drive



Google Drive


Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

Google Drive ကို အသုံးပြုဖူးတဲ့သူတွေရှိကြပါသလား? Google ရဲ့ ၆ နှစ်သက်တမ်းရှိပြီဖြစ်တဲ့ Google Drive Cloud File Storage ဟာ အခုဆိုရင် တကမ္ဘာလုံးမှာ အသုံးပြုသူ သန်း ၁၀၀၀ ပြည့်တော့မှာပဲဖြစ်ပါတယ်။

Google Drive

အခုကြေညာချက်ဟာ San Franciso မှာပြုလုပ်ခဲ့တဲ့ Google Cloud Next Conference မှာ ထုတ်ပြန်ခဲ့တာဖြစ်ပြီးတော့ Google ကနေ ဘယ်အချိန်မှာ အသုံးပြုသူ သန်း ၁၀၀၀ ပြည့်မလဲဆိုတာကို အတိအကျပြောကြားခဲ့ခြင်းမရှိပေမယ့် ယခုရက်သတ္တပတ်နောက်ပိုင်းမှာ ပြည့်တော့မှာဖြစ်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

Google Drive

တကယ်လို့သာ Google Drive ကို အသုံးပြုသူ သန်း ၁၀၀၀ (၁ ဘီလီယံ) ပြည့်သွားမယ်ဆိုရင် အဲ့ဒါက Google ရဲ့ Gmail ၊ Chrome နဲ့ Google Maps လို Product တွေပြီးရင် ၈ ခုမြောက် ၁ ဘီလီယံပြည့်သွားတဲ့ Product တစ်ခုဖြစ်လာမှာပါ။ ပြီးခဲ့တဲ့နှစ်တုန်းက Android ကလည်း အသုံးပြုသူ ၂ ဘီလီယံပြည့်သွားခဲ့ပြီး လက်ရှိတကမ္ဘာလုံးမှာ အကြီးမားဆုံးသော Mobile Operating System တစ်ခုဖြစ်လာခဲ့ပါတယ်။

Google ဟာ Drive ကို ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်ထဲက စတင်ခဲ့တာဖြစ်ပြီး အခုဆိုရင် Trillion ပေါင်းများစွာသော File တွေကို Store ပြုလုပ်ပေးနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းက ပြုလုပ်ခဲ့တဲ့ Google I/O Conference မှာ ပြောကြားချက်အရဆိုရင် Drive ကို နေ့စဉ်အသုံးပြုနေတဲ့သူအရေအတွက်ဟာ သန်း ၈၀၀ ကျော်အထိ ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။

Google Drive

Google ဟာ မကြာသေးမီကလည်း Business ပိုင်းဆိုင်ရာ Feature တွေဖြစ်တဲ့ Team Drives လို Feature အပြင် File Stream လိုမျိုး အသုံးပြုသူတွေကြားထဲမှာ Storage Space ကို Maximize ပြုလုပ်နိုင်တဲ့ Feature တွေကိုပါ မိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအတွက် Google ဟာ Drive ကို အသုံးပြုသူအများဆုံး Online Storage တစ်ခုအဖြစ်အသက်သွင်းနေတယ်ဆိုရင်လည်း မမှားပါဘူး။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com