
Google Docs





Grammarly Feature


Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

Google Docs ဆိုတာက လက်ရှိအချိန်မှာ Google ရဲ့ Microsoft Word ကို ယှဉ်ပြိုင်နိုင်တဲ့ Office Software တစ်ခုဖြစ်ပါတယ်။ Google Docs ဟာ အခုနောက်ဆုံးအနေနဲ့ Software Update တစ်ခုကို ရရှိလာခဲ့ပြီးတော့ အဆိုပါ Update ဟာ Grammar တွေကို စစ်ဆေးပြီး စာအရေးအသားမှန်မမှန်ကို ပြန်လည်ပြင်ဆင်ပေးသွားမှာပါ။

Google Docs

Google ရဲ့ ယခု Google Docs မှာ ရရှိနေတဲ့ Grammar Checker Feature ဟာ လက်ရှိ ရောလွယ်တဲ့ Affect နဲ့ Effect လိုမျိုး စကားလုံးတွေ၊ မှားယွင်းနေတဲ့ Tenses တွေနဲ့ Comma ၊ Clauses နဲ့ အခြားသော မှားယွင်းတတ်မှုတွေကို အလိုအလျောက်ပြင်ဆင်ပေးသွားမှာဖြစ်ပါတယ်။ Google ရဲ့ ပြောကြားချက်အရတော့ အခုလိုမျိုး Grammar စစ်ဆေးမှုတွေက လက်ရှိ Multiple Languages တွေကို Translate ပြုလုပ်ပေးနိုင်တဲ့ Machine Translation စနစ်ကိုပဲ အသုံးပြုထားတာဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် ဘယ်လိုမျိုး စာတွေကို မှားယွင်းစွာရေးထားမိပါစေ၊ Google Grammar Checker က Grammar နည်းအရ မှန်ကန်တဲ့ စာကြောင်းအဖြစ်ပြောင်းလဲပေးသွားမှာဖြစ်ပါတယ်။

ဒါပေမယ့် Google ကတော့ အခု Grammar Checking Feature ရဲ့ လုပ်ဆောင်နိုင်စွမ်းနဲ့ အဆိုပါ AI ပိုင်းဆိုင်ရာ ဆောင်ရွက်နိုင်မှုတွေကို အတိအကျပြောကြားထားခြင်းမရှိသေးဘဲ ကန့်သတ်ထားတုန်းပဲဖြစ်ပါတယ်။ Google ကတော့ ပြီးခဲ့တဲ့ ၂ နှစ်ထဲက အခု Machine Translation နည်းပညာက လူသားတွေရဲ့ တိကျမှု Level နဲ့ နီးစပ်နေပြီဖြစ်တယ်လို့ ပြောကြားထားတဲ့အတွက် ယခုအချိန်မှာ Google ရဲ့ ယခု Feature က ယခုအချိန်မှာ အကောင်းဆုံးသော Grammar Checker Feature တစ်ခုဖြစ်လာနိုင်တယ်လို့ ယူဆနိုင်မှာပါ။

Google Docs Grammar Checker Feature

အခုလိုမျိုး Google ကနေ Google Docs မှာ Grammar Checker ကို ထည့်သွင်းလိုက်တာက အဓိကအနေနဲ့ကတော့ Keyboard နဲ့ Browser Extension တစ်ခုဖြစ်တဲ့ Grammarly နဲ့ အဓိက ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ အဆိုပါ Grammarly ကလည်း သီးသန့် AI စနစ်တစ်ခုကို အသုံးပြုပြီး Sentence တစ်ခုချင်းစီကို Analyze လုပ်ပေးထားတဲ့အတွက် လက်ရှိအကောင်းဆုံး Grammar Checker တစ်ခုအဖြစ် သတ်မှတ်ခံထားရတာဖြစ်ပါတယ်။ အဲ့ဒီအတွက် Google က Grammarly ကို ကျော်တက်နိုင်မလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။

Grammarly Feature

Google ဟာ အခု Feature ကို မကြာခင်အပတ်တွေအတွင်းမှာ G Suite User တွေဆီကို အသုံးပြုနိုင်အောင် Update ထုတ်ပေးတော့မှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com