လက်ရှိမှာ လူသုံးအများဆုံးဖြစ်တဲ့ Microsoft Office File တွေဖြစ်တဲ့ Word ၊ Excel နဲ့ PowerPoint File တွေကို Google Docs မှာ Edit လုပ်ဖို့က တော်တော်လေးကို ခက်ခဲနေတဲ့ကိစ္စတစ်ခုဖြစ်နေဆဲပါ။ ဒီလိုမျိုး Microsoft Office Format နဲ့ File တွေကို Google Docs မှာ ကြည့်လို့ရတယ်ဆိုပေမယ့် ပြန် Edit လုပ်နိုင်တာကတော့ အခုထိ မလွယ်ကူသေးပါဘူး။

Google Docs

ဒီလိုမျိုး ခက်ခဲနေရတာကလည်း Google Docs မှာ Edit လုပ်တဲ့အချိန်မှာ အဆိုပါ Microsoft Office Format တွေကို Google Docs Format အနေနဲ့ ပြန်လည်ပြောင်းလဲလိုက်ပြီး File နောက်တစ်ခုအနေနဲ့ဖြစ်သွားတာကြောင့် အဓိကဖြစ်နေတာပါ။ ဒါပေမယ့် Google ရဲ့ ပြောကြားချက်အရတော့ ဒီအားနည်းချက်က ပျောက်ကွယ်သွားတော့မှာဖြစ်ပါတယ်။

ဘာကြောင့်လဲဆိုရင် လက်ရှိ Google Docs ရဲ့ Docs ၊ Sheets နဲ့ Slides တွေက Microsoft ရဲ့ အလားတူ Software တွေဖြစ်တဲ့ Word ၊ Excel နဲ့ PowerPoint Format တွေဖြစ်တဲ့ .docx ၊ .xls ၊ .ppt Format တွေကို တခြား Format ပြောင်းလဲစရာမလိုဘဲ Edit လုပ်နိုင်တော့မှာပါ။ အဲ့ဒီအတွက် နောက်ပိုင်းမှာ Microsoft Office File တွေကို Google Docs ကပဲ အကုန်လုံးပြုလုပ်နိုင်တော့မယ်လို့ ယူဆရပါတယ်။

Google Docs

Google ရဲ့ ပြောကြားချက်အရတော့ Google Docs က ယခု Format တွေကို လက်ခံနိုင်မှာဖြစ်ပါတယ်။

Word files: .doc, .docx, .dot

Excel files: .xls, .xlsx, .xlsm (macro enabled Excel files), .xlt

Powerpoint files: .ppt, .pptx, .pps, .pot

ဒီ Feature က အရင်ဆုံးအနေနဲ့ Google GSuite ကို အသုံးပြုသူတွေ အရင်ဆုံးရရှိမှာဖြစ်ပြီးတော့ နောက်ပိုင်းမှာ လူတိုင်းက ရရှိလာမှာဖြစ်ပါတယ်။

Ref : The Verge