[Zawgyi]

Black (သို့) Dark Mode အသုံးပြုခြင်းဖြင့် Battery သုံးစွဲနှုန်းကိုချွေတာနိုင်ကြောင်း Google အတည်ပြု

OLED Display အသုံးပြုထားတဲ့ Android စမတ်ဖုန်းတွေပေါ်က App တွေမှာ Dark Mode ၊ Night Mode အသုံးပြုခြင်းအားဖြင့် ဖုန်းရဲ့ Battery စွမ်းအင်သုံးစွဲနှုန်းကိုသက်သာစေတာ ကျနော်တို့သိပြီးခဲ့တာကြာပါပြီ။ (Screen ရဲ့ Dark Area တွေမှာ Pixel တစ်ခုချင်းစီရဲ့စွမ်းအင်လိုအပ်နှုန်းက အနည်းဆုံးဖြစ်တဲ့အတွက်ဖြစ်ပါတယ်၊ Dark Area များလေလေ Battery အကုန်သက်သာလေပါပဲ)

ဒီတစ်ခေါက်မှာတော့ Google ကိုယ်တိုင်က ၄င်းတို့ရရှိထားတဲ့ စမ်းသပ်ချက်ရလဒ်တွေကို ထုတ်ပြခဲ့ပြီး Dark Mode ကြောင့် Battery စွမ်းအင်သုံးစွဲမှုနှုန်း သက်သာစေတယ်ဆိုတာ အတည်ပြုပေးလိုက်ပါပြီ။

အောက်မှာဖော်ပြထားတဲ့ပုံကတော့ ၂၀၁၆ ခုနှစ်က ထုတ်ခဲ့တဲ့ ပထမဆုံး Google Pixel Phone ပေါ်မှာ စမ်းသပ်ထားတဲ့ ရလဒ်ကိုပြထားတာပါ။ မတူညီတဲ့အရောင်တွေအလိုက် Battery သုံးစွဲမှုကိုပြထားတဲ့ Slide တစ်ခုဖြစ်ပါတယ်။

ပုံအရ White Color ဟာ သုံးစွဲနှုန်းပမာဏအနေနဲ့ 300mAh ကျော်ရှိပြီး Battery သုံးစွဲမှုအများဆုံးနေရာမှာရှိပါတယ်။ ဆန့်ကျင်ဘက်ဖြစ်တဲ့ Black Color ကတော့ သုံးစွဲမှုအနည်းဖြစ်ပြီး ပမာဏ 100mAh အောက်သာရှိကြောင်းဖော်ပြထားပါတယ်။ Google အနေနဲ့ ဒီတွေ့ရှိချက်ကြောင့်ပဲ ၄င်းတို့ရဲ့ Apps တော်တော်များများကို Dark Mode Option အသစ်ထပ်ထည့်ပေးခဲ့တာဖြစ်နိုင်ပါတယ်။ ဒါပေမယ့် Android System တစ်ခုလုံးကိုဘာကြောင့် Dark Theme ရွေးချယ်ဖို့မထည့်ပေးသေးသလဲဆိုတာတော့ စဉ်းစားရခက်စေပါတယ်။ Pure Android စစ်စစ်ကိုအသုံးပြုထားတဲ့ Pixel ဖုန်းတွေအတွက် Android Pie OS မှာတော့ System တစ်ခုလုံးကို Dark Theme ပြောင်းနိုင်အောင်ထည့်ပေးထားပါတယ်။ ဘာပဲပြောပြော Google ကိုယ်တိုင်မထုတ်တဲ့ ဖုန်းတွေအတွက် Apps တွေမှာ Dark Mode ထည့်ပေးတာလောက်နဲ့တင် ကျေးဇူးတင်ရမလိုပါပဲ။

ဒါကတော့ YouTube ကို ပုံမှန် နဲ့ Dark Mode ယှဉ်သုံးတဲ့အခါ မြင်တွေ့ရမယ့် Battery အသုံးပြုနှုန်းပါ

Ref ;The Verge
Phone Hay Ko (Akhayar)

[Unicode]







Ref ;The Verge
Phone Hay Ko (Akhayar)