[Zawgyi] 


Acer Chromebook


Acer Chromebook 11


Google Pixelbook


Samsung Chromebook


Ref: Engadget

Min Than Htike (Akhayar)

www.akhayar.com


[Unicode] 

Windows 10 Support ပေးတဲ့ Chromebook အသစ်တွေကို Google ထုတ်ပြလာနိုင်တယ်လို့ သတင်းထွက်

Pixelbook တွေက Google ရဲ့ အပြောင်မြောင်ဆုံး Chromebook တွေဆိုရင် မမှားပါဘူး။ Chromebook ဈေးကွက်ထဲမှာလည်း Highend Device တွေအဖြစ်နေရာရပါတယ်။ ဒါပေမယ့် Chromebook တွေက ဈေးသက်သာတဲ့ Windows Laptop တွေရဲ့ ဈေးကွက်ကိုတော့ လုယူနိုင်ခြင်းမရှိသေးပါဘူး။ 

Acer Chromebook

Chromebook တွေနေရာရလာဖို့ဆိုရင် Google က အမြဲကြိုးစားနေခဲ့တာ Android Tablet တွေကိုတော့ အစားထိုးနိုင်တဲ့အဆင့်တစ်ခုကိုရောက်လာပြီလို့ပြောလို့ရပါတယ်။ Apple ရဲ့ iPad Pro လိုမျိုးနဲ့ယှဉ်ရင်လည်း OS အရ ဝယ်ယူသူကွာခြားနေသေးတာကြောင့် ဈေးကွက်လုယူဖို့ဆိုတာ မလွယ်ဘူးဖြစ်နေပြန်ပါတယ်။ Chrome OS ကလည်း အရင်ကထက်စာရင် တော်တော်လေး တိုးတက်မှုရှိလာပြီလို့ပြောလို့ရပါတယ်။ Android App တွေကို သုံးလို့ရတာနဲ့ Laptop တစ်လုံးလိုသုံးလို့ရတာက Chromebook ရဲ့အားသာချက်တွေလို့ပြောရမှာပါ။ 

Acer Chromebook 11

အခုထွက်လာတဲ့သတင်းအစအနတွေအရ Google က Chromebook တွေမှာ Dual-Boot နဲ့ OS နှစ်ခုကို သုံးနိုင်အောင် လုပ်ပေးလာမယ်လို့ သိရပါတယ်။ XDA-Developer Forum မှာ Chrome OS ရဲ့ Socurce Code ထဲက Windows 10 ကို Dual-Boot လို့ရမယ့် Feature တစ်ခုပါနေတာကို တွေ့တယ်ဆိုတာ တင်ထားပါတယ်။ Google အနေနဲ့ Chromebook မှာ Windows 10 အသုံးပြုလို့ရအောင် ဘယ်အချိန်မှာ တရားဝင်လုပ်ပေးလာမလဲ၊ မိတ်ဆက်ပေးလာမလဲဆိုတာကိုတော့ အတိအကျမသိရသေးပါဘူး။ Chromebook တွေကို Model အသစ်တွေမိတ်ဆက်ရင်း Version ကွဲတွေမှာ Windows 10 သုံးလို့ရအောင်လုပ်ပေးလာနိုင်ပါသေးတယ်။ 

Google Pixelbook

Windows 10 သုံးလို့ရမယ့် Chromebook မှာ Storage က 64GB အနည်းဆုံးရှိသင့်သလို ပိုများများလိုအပ်လာနိုင်ပါသေးတယ်။ လက်ရှိ Chromebook အများစုမှာက 32GB Storage ပဲပါတာက များနေတာကြောင့် Storage ပိုများများပါတဲ့ Chromebook Model အသစ်တွေ ဈေးကွက်မှာ မကြာခင်တွေ့ရလာနိုင်ပါသေးတယ်။ Windows 10 နဲ့ Chrome OS နှစ်ခု သုံးလို့ရမယ့် Chromebook တွေကို ဈေးကွက်တင်လာမယ့်အချိန်ရောက်ရင် Laptop ဈေးကွက်အပေါ် ဘယ်လိုသက်ရောက်မှုရှိနိုင်မလဲ၊ Laptop တွေနဲ့ Chromebook တွေကို ဘယ်ဟာရွေးရမလဲဆိုတာတွေက စိတ်ဝင်စားစရာကောင်းမယ့် အချက်တွေဖြစ်လာမှာပါ။ 

Samsung Chromebook

လက်ရှိအချိန်အထိတော့ Google ရဲ့ Chrome OS က ဈေးကွက်ဝေစုအနည်းဆုံး ထုတ်ကုန်တွေမှာသာတွေ့နေရတာကြောင့် လူအများစိတ်ဝင်စားမှုလည်း နောက်ထပ်တီထွင်မှုတွေထပ်လုပ်ရလောက်အောင် မများသေးပါဘူး။ Google အနေနဲတော့ Chromebook တွေကိုရော Chrome OS ကိုရော လက်လျှော့ဖို့အစီအစဉ်မရှိသေးပုံပါပဲ။ လာမယ့်နှစ်တွေမှာလည်း Chromebook တွေက ဘယ်လိုဖြစ်လာဦးမလဲ၊ ကွန်ပျူတာလောကကို ဘယ်လိုပြောင်းလဲစေနိုင်ဦးမလဲ ဒါမှမဟုတ် Android Tablet တွေမအောင်မြင်တဲ့နောက်ကွယ်က အကြောင်းပြချက်တစ်ခုအနေနဲ့ပဲ အဆုံးသတ်သွားမှာလားဆိုတဲ့မေးခွန်းတွေနဲ့ပဲ ပြည့်နေပါတယ်။ သင်ရော Chromebook တွေကို ဘယ်လိုမြင်ပါသလဲ။ 

Ref: Engadget

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။