
Google Clock App







Ref : Android Authority

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

မနက်တိုင်း အလုပ်သွားဖို့ပဲဖြစ်ဖြစ်၊ ကျောင်းသွားဖို့ပဲဖြစ်ဖြစ် ကိုယ့်ရဲ့ စမတ်ဖုန်းနဲ့ Alarm ပေးထားတတ်ကြမှာပါ။ အဲ့ဒီအချိန်မှာ ဖုန်းမှာပါဝင်္ငတဲ့ Alarm Ringtone တွေမဟုတ်ဘဲ ကိုယ့်စိတ်ကြိုက် သီချင်းတွေနဲ့ နှိုးထရရင် ဘယ်လောက်ကောင်းမလဲဆိုပြီး တွေးခဲ့ဖူးပါသလား?

Google Clock App

အခုအချိန်မှာ Google Clock ရဲ့ Update အသစ်နဲ့အတူ အခု Feature က တကယ်ဖြစ်လာပြီပဲဖြစ်ပါတယ်။ လက်ရှိ Google Clock ကို နောက်ဆုံး Update Version ကို Update လုပ်ပြီးတာနဲ့ Alarm အတွက် Ringtone ရွေးတဲ့နေရာမှာ ဖုန်းမှာပါဝင်တဲ့ Default Ringtone တွေအပြင် Spotify ထဲက သီချင်းတွေကိုပါ ရွေးချယ်နိုင်ပါပြီ။

Google Clock Spotify Integration

အခုလိုမျိုး Spotify က Google Clock မှာ Integration ပါဝင်လာတာက အရမ်းကိုကောင်းမွန်ပြီးတော့ လက်တလောမှာ နားထောင်ဖြစ်နေတဲ့ သီချင်းတွေကိုတောင် Recommend ပေးသွားဦးမှာဖြစ်ပါတယ်။ အခု Feature ဟာ ဒီအပတ်အတွင်းမှာ Google Play Store ကနေ Update ပြုလုပ်ပေးပြီး Android Version 5.0 Lollipop နဲ့အထက်ရှိတဲ့ Devices တွေအကုန်လုံးအသုံးပြုနိုင်မယ်လို့ သိရပါတယ်။

အခု Feature ရဲ့ နောက်ထပ်အားသာချက်ကတော့ မနက်တိုင်းမှာ ကိုယ့်ရဲ့ Spotify Playlist ထဲက သီချင်းတွေနဲ့ နိုးထလာဖို့အတွက် Spotify ကို Premium Subscription ဝယ်ထားဖို့ မလိုအပ်ဘဲ Free User တွေပါ အသုံးပြုနိုင်တာပဲဖြစ်ပါတယ်။

Google Clock Spotify Integration

Google ဟာ ဘာကြောင့် စစခြင်း ဒီလို Music Alarm Feature ကို Play Music ဒါမှမဟုတ် YouTube Music မဟုတ်ဘဲ Spotify နဲ့ စတင်သလဲဆိုတာကိုတော့ မသိရသေးပေမယ့် ဖြစ်နိုင်တာတစ်ခုကတော့ Spotify ကလက်ရှိအချိန်မှာ နားဆင်သူအများဆုံး Music Streaming Service ဖြစ်နေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ Google ကတော့ နောက်ပိုင်းမှာ တခြားသော Music Streaming Service တွေကိုပါ ထည့်သွင်းသွားဖို့ ရှိနေတယ်လို့ ပြောကြားခဲ့ပါသေးတယ်။

Ref : Android Authority

Zawyè (Akhayar) 

www.akhayar.com