
[Zawgyi]


Blocking Ads



Ref: Chromium Blog

Min Than Htike (Akhayar)

www.akhayar.com


Google Chrome Browser မှာ AD Blocking Feature စတင်

[Unicode]

Google ရဲ့ Chrome Browser မှာ Build-In AD Blocker ကိုဒီနေ့စတင်အသုံးပြုလို့ရပြီလို့ ကြေငြာလိုက်ပါတယ်။ Chrome ကအရင်က Internet ပေါ်ကစိတ်ညစ်စရာ ကြေငြာတွေကို Block လုပ်မပေးခဲ့ပါဘူး။ Chrome က AD တွေအားလုံးကို Block လုပ်ပေးမှာ မဟုတ်ပါဘူး။ Online AD နဲ့ပတ်သက်ပြီးစည်းမျဉ်းကိုမလိုက်နာတဲ့ ကြေငြာတွေကိုပဲ Block လုပ်မှာဖြစ်ပါတယ်။ စည်းမျဉ်းကိုတော့ Better Ads Standard လို့ခေါ်ပါတယ်။

Blockig Ads

AD တွေကို Block ရတဲ့အကြောင်းအရင်းကတော့ Online AD တွေအခုထက်ပို အရည်အသွေးကောင်းလာစေဖို့ဖြစ်ပါတယ်။ Website တော်တော်များများက အသုံးပြုသူတွေ စိတ်အနှောက်အယှက်ဖြစ်စေမယ့် ကြေငြာနည်းတွေကိုအသုံးပြုတာများနေတာကြောင့် AD တွေကိုလူတော်တော်များများ စိတ်ဝင်စားမှုနည်းလာကြပါတယ်။ Online မှာကြေငြာကောင်းကောင်းတွေ ပိုများလာစေဖို့အတွက် ဒီလိုကြေငြာတွေကို တွန်းအားပေးပြီး ဖယ်ထုတ်တာဖြစ်ပါတယ်။

Chrome Block ပေးမယ့် ကြေငြာအမျိုးအစားတွေကတော့ Screen အပြည့်နေရာယူတဲ့ကြေငြာ၊ စာဖတ်သူတွေကိုအနှောက်အယှက်ဖြစ်စေမယ့် ကြေငြာ၊ Pop-Up ကြေငြာတွေနဲ့ Auto-Play Video ကြေငြာမျိုးတွေကိုအဓိကထား Block လုပ်ပေးမှာဖြစ်ပါတယ်။ Google အနေနဲ့လည်း Website တွေကကြေငြာတွေကို Block မယ့်အကြောင်း အသိပေးပြီးမှ Block မှာဖြစ်တယ်လို့ဆိုပါတယ်။ အခုလို AD Block လုပ်ပေးလိုက်တာကြောင့် Chrome User တွေအတွက်တော့ မျက်စိနောက်သက်သာသွားမှာပါ။

Ref: Chromium Blog

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။