[Zawgyi]





Ref: Engadget

Min Than Htike (Akhayar)

www.akhayar.com


[Unicode]

Chromebook အတွက် Splitscreen ရတော့မယ်

Google ကနောက်ဆုံးထုတ်ပေးလိုက်တဲ့ Chrome OS Canary Version မှာ Android App တွေအတွက်ပါ Split Screen သုံးလို့ရလာနိုင်ပါပြီ။ အရင်က Chrome OS ထဲက Web App တွေလောက်ပဲ Split Screen Mode မှာသုံးလို့ရတာပါ။ Split Screen ကို Android App တွေမှာပါသုံးလို့ရလာတာက အရမ်းကောင်းပါတယ်။ Pro Feature တစ်ခုဖြစ်တဲ့အတွက် Chromebook အတွက်တော့ ကြီးမားတဲ့အဆင့်မြှင့်တင်မှုပါပဲ။

Split Screen ကို Android မှာသုံးလို့ရနေတာတော်တော်ကြာပါပြီ။ Chromebook တွေက Android မဟုတ်ပဲ Chrome OS ကိုသုံးထားတာကြောင့် Internet နဲ့အမြဲနီးပါးချိတ်ထားမှ သုံးလို့ကောင်းတာပါ။ ဒါပေမယ့် Google က Chrome OS ပေါ်မှာ Android App တွေကို အသုံးပြုနိုင်အောင်လုပ်ပေးပြီးနောက်ပိုင်းမှာ Chromebook တွေအပေါ်စိတ်ဝင်စားမှုများပြားလာခဲ့ပါတယ်။ Chromebook တွေဟာ အချို့ Laptop အသုံးပြုသူတွေအတွက် Laptop အစားထိုးအနေနဲ့ဝင်ရောက်လာတာဖြစ်ပေမယ့် အမှန်တစ်ကယ်အသုံးပြုနိုင်စွမ်းကသိပ်နည်းနေပါသေးတယ်။

Android Tablet တွေနေရာမှာဝင်လာဖို့ပိုသင့်တော်ပေမယ့် Laptop အနေနဲ့သုံးဖို့ Design ဆွဲထားတဲ့ Software ကြောင့် Tablet အနေနဲ့သုံးဖို့သိပ်တော့ အဆင်မပြေလှပါဘူး။ လောလောဆယ် Chromebook တွေကို Google အပါအဝင် ပြည်တွင်းမှာလူသုံးများတဲ့ Lenovo ၊ Asus ၊ Acer ၊ Samsung စတဲ့ကုမ္ပဏီတွေက ထုတ်လုပ်ရောင်းချနေပါတယ်။

Ref: Engadget

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။