





Ref : Android Authority

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

Google Chrome Browser ဟာ လက်ရှိအချိန်မှာ အသုံးပြုသူအများဆုံးသော Browser တစ်ခုဖြစ်နေပြီးတော့ အခုနောက်ပိုင်းမှာ Website တွေကလည်း AMP နဲ့ Progressive Web Apps တွေ အသုံးပြုမှုများပြားလာတဲ့အတွက် Chrome မှာ အသုံးပြုရတာ ပိုပြီးမြန်ဆန်လာတယ်လို့ ပြောလို့ရပါတယ်။

Chrome Heavy Page Capping

ဒါပေမယ့်လည်း တချို့သော Website တွေက Data စားသုံးမှုများပြားပြီးတော့ တကယ်လို့ အခုလိုမျိုး Data စားသုံးမှုများပြားတဲ့ Website တွေကို Browse လုပ်နေမယ်ဆိုရင် Data ဘယ်လောက်စားသလဲဆိုတာကို ဖော်ပြသွားမယ့် Feature တစ်ခုကို ထည့်သွင်းပေးသွားတော့မှာဖြစ်ပါတယ်။

အခု Chrome ရဲ့ Feature အသစ်ကို Chrome Canary မှာ စတင်ထည့်သွင်းလာခဲ့တာဖြစ်ပြီးတော့ Google က Heavy Page Capping Feature လို့ နာမည်ပေးထားတာဖြစ်ပါတယ်။ အခု Feature က Web Page တစ်ခုက Data စားသုံးမှုက 1MB ထက်ကျော်နေပြီဆိုရင် ဘယ်လောက်အထိ အသုံးပြုနေသလဲဆိုတာကို ဖော်ပြပြီး အသီးပေးသွားမှာဖြစ်ပါတယ်။

Chrome Heavy Page Clipping

တကယ်လို့ အခု Chrome ရဲ့ Heavy Page Capping Feature ကို အသုံးပြုချင်တယ်ဆိုရင်တော့ Google Chrome Canary ကို အသုံးပြုဖို့ လိုအပ်မှာဖြစ်ပြီး Address Bar မှာ “chrome://flags/#enable-heavy-page-capping” လို့ ရိုက်ပြီး “default”, “enabled”, “enabled (low)” နဲ့ “disabled” ဆိုပြီး ရွေးချယ်အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Ref : Android Authority

Zawyè (Akhayar) 

www.akhayar.com