
Google Chrome Browser



Google Chrome


Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

Google Chrome Browser ကို အသုံးပြုနေတဲ့သူတွေဆိုရင် Website တွေက Notification ကို On ထားမယ်ဆိုရင် Notification တွေက Windows က Notification တွေမဟုတ်ဘဲ သီးသန့် Notification အနေနဲ့ပဲ မြင်တွေ့ရမှာဖြစ်ပါတယ်။

Google Chrome Browser

ဒါပေမယ့် Google ကနေ လက်ရှိအချိန်မှာ Google Chrome ကို Update ပြုလုပ်လိုက်ပြီးဖြစ်ပြီးတော့ Google Chrome Website ကနေ ဝင်ရောက်လာတဲ့ Notification တွေကို Windows 10 ရဲ့ Notification နဲ့ ပူးပေါင်းပေးလိုက်ပြီဖြစ်ပါတယ်။ အဲ့ဒီအတွက် Chrome Browser က Notification တွေကို သီးသန့်မြင်ရတော့မှာမဟုတ်ဘဲ Windows 10 Action Center မှာပဲ မြင်ရတော့မှာဖြစ်ပါတယ်။

အခု Feature Update ကိုတော့ Chrome Version 68 မှာ စတင်အသုံးပြုနေနိုင်ပြီဖြစ်ပြီး တကယ်လို့ မရရှိသေးဘူးဆိုရင်လည်း New Tab မှာ “chrome://flags” မှာ “Native Notifications” ကို Enable ပြုလုပ်နိုင်ပြီး အသုံးပြုနိုင်ပြီလို့ သိရပါတယ်။

Google Chrome

Microsoft က လက်ရှိအချိန်မှာ Windows 10 မှာ Action Center ကနေ Notification တွေဝင်ရောက်မှုကို သေချာစွာကိုင်တွယ်နေပြီးတော့ Focus Assist Feature လိုမျိုး Game ဆော့နေတဲ့အချိန်၊ Do Not Disturb ပြုလုပ်ထားတဲ့အချိန်မှာ Notification တွေ ဝင်ရောက်မှုမရှိအောင် တားဆီးနိုင်တဲ့အတွက် အခု Chrome ရဲ့ Update က အရမ်းကောင်းတယ်လို့ ပြောရမှာပါ။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com