[Zawgyi]

၁၀ ႏွစ္သက္တမ္းရွိသြားၿပီျဖစ္တဲ့ Google Chrome Browser

၂၀၀၈ ေလာက္တုန္းက Google မိတ္ဆက္ခဲ့တဲ့ Chrome Browser ေလးကေတာ့ အခုဆိုရင္ ၁၀ ႏွစ္သက္တမ္း ရွိသြားခဲ့ပါၿပီ။ ပထမဦးဆုံး Chrome Browser ကို Web Comic ပုံစံနဲ႔ ဒီဇိုင္းဆြဲခဲ့သလို Beta Version အေနနဲ႔ Windows Platform အတြက္ ထုတ္ေပးခဲ့တာပါ။ အဲ့ခ်ိန္တုန္းက Internet Explorer နဲ႔ Firefox တို႔ ေခတ္ေကာင္းေနတာဆိုေတာ့ သူတို႔နဲ႔ၿပိဳင္ဖို႔ Chrome Browser ထဲမွာ HTML5 နဲ႔ Web Standard တခ်ိဳ႕ အေျခခံထားၿပီး ပိုစြမ္းေဆာင္နိင္တဲ့ အေနထားရွိဖို႔ ဒီဇိုင္းဆြဲဖန္တီးခဲ့ပါတယ္။

The first Google Chrome Browser

ဆိုေတာ့ Chrome Browser သုံးထားတဲ့ ဒီဇိုင္းဟာ Apple WebKit Rendering Engine Component တခ်ိဳ႕ နမူနာယူထားတာပါ။ ဒီလိုပဲ Firefox သုံးေနတဲ့ Web Engine နမူနာတခ်ိဳ႕က Google Chrome ကို Acid1 နဲ႔ Acid2 စမ္းသပ္မႈေတြ Pass ျဖစ္သြားတဲ့အထိ နာမည္ရေစခဲ့တာပါ။ ဒီစမ္းသပ္ခ်က္ႏွစ္ခုကို Internet Explorer ဘယ္လိုမွ မစြမ္းေဆာင္ႏိုင္တာဆိုေတာ့ First Release မွာတင္ Chrome Browser ဆိုၿပီး လူအသိမ်ားလာခဲ့ပါတယ္။ ဒီလိုနဲ႔ Windows အျပင္ MacOS နဲ႔ Linux Platform အတြက္ Chrome Browser ထုတ္ေပးခဲ့သလို ဘယ္သူမွ မသုံးေသးတဲ့ Sandboxing Feature မ်ိဳး ထပ္ၿပီးပါဝင္လာတာက Browser ေတြထဲ အထင္ရွားဆုံး အားသာခ်က္ ျဖစ္လာခဲ့ပါတယ္။

Chrome with Modern look with various features

အဲ့ဒါက Tab တခုမွာ Crash ျဖစ္သြားလို႔ က်န္တဲ့ Tab ေတြ မထိခိုက္နိင္တဲ့ အခ်က္ျဖစ္ၿပီး ေယဘူယ်အတိုင္းဆိုရင္ Browsing Speed နဲ႔ Stability ကို ထိန္းထားႏိုင္တဲ့ သေဘာပါ။ ေနာက္ၿပီး Google သုံးေနတဲ့ V8 Javascript လို Engine မ်ိဳးက Chrome Browser အားထားေနတဲ့ အခ်က္ျဖစ္ၿပီး အခုခ်ိန္ထိ အေကာင္းဆုံး Browser အျဖစ္ ရပ္တည္ေနေစတာလည္း ျဖစ္ပါတယ္။ အခုခ်ိန္မွာဆိုရင္ေတာ့ Browser အားလုံးရဲ႕ ၆၀ ရာခိုင္ႏႈန္းေလာက္ကို ပိုင္ဆိုင္ေနၿပီး Windows အျပင္ MacOS ၊ Linux နဲ႔ Android iOS တို႔ အားလုံးမွာ ေရပန္းစားေနတဲ့ Browser ျဖစ္လာခဲ့တာ အေပၚမွာ ေျပာခဲ့တဲ့ အားသာခ်က္ေတြေၾကာင့္ပါ။

Chrome OS

အဲ့ဒီလို Platform မ်ိဳးစုံးမွာ သုံးေနတဲ့အျပင္ Laptop နဲ႔ Tablet ေတြမွာ Android Apps ေတြ သုံးရပိုလြယ္ေအာင္ Chrome OS ဆိုၿပီး ထပ္မိတ္ဆက္ေပးခဲ့ပါတယ္။ အခုဆိုရင္ Linux မွာ အသုံးျပဳေနတဲ့ Apps ေတြ Chrome OS ေပၚေရာက္လာဦးမယ္ဆိုလို႔ Browser ေပၚ အေျခခံထားတဲ့ Google နည္းပညာက အေတာ္ေလး ေျခလွမ္းေပါက္ေနၿပီလို႔ ေျပာရမယ္ထင္ပါတယ္။

2B (Akhayar)
www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

၁၀ နှစ်သက်တမ်းရှိသွားပြီဖြစ်တဲ့ Google Chrome Browser

၂၀၀၈ လောက်တုန်းက Google မိတ်ဆက်ခဲ့တဲ့ Chrome Browser လေးကတော့ အခုဆိုရင် ၁၀ နှစ်သက်တမ်း ရှိသွားခဲ့ပါပြီ။ ပထမဦးဆုံး Chrome Browser ကို Web Comic ပုံစံနဲ့ ဒီဇိုင်းဆွဲခဲ့သလို Beta Version အနေနဲ့ Windows Platform အတွက် ထုတ်ပေးခဲ့တာပါ။ အဲ့ချိန်တုန်းက Internet Explorer နဲ့ Firefox တို့ ခေတ်ကောင်းနေတာဆိုတော့ သူတို့နဲ့ပြိုင်ဖို့ Chrome Browser ထဲမှာ HTML5 နဲ့ Web Standard တချို့ အခြေခံထားပြီး ပိုစွမ်းဆောင်နိင်တဲ့ အနေထားရှိဖို့ ဒီဇိုင်းဆွဲဖန်တီးခဲ့ပါတယ်။

The first Google Chrome Browser

ဆိုတော့ Chrome Browser သုံးထားတဲ့ ဒီဇိုင်းဟာ Apple WebKit Rendering Engine Component တချို့ နမူနာယူထားတာပါ။ ဒီလိုပဲ Firefox သုံးနေတဲ့ Web Engine နမူနာတချို့က Google Chrome ကို Acid1 နဲ့ Acid2 စမ်းသပ်မှုတွေ Pass ဖြစ်သွားတဲ့အထိ နာမည်ရစေခဲ့တာပါ။ ဒီစမ်းသပ်ချက်နှစ်ခုကို Internet Explorer ဘယ်လိုမှ မစွမ်းဆောင်နိုင်တာဆိုတော့ First Release မှာတင် Chrome Browser ဆိုပြီး လူအသိများလာခဲ့ပါတယ်။ ဒီလိုနဲ့ Windows အပြင် MacOS နဲ့ Linux Platform အတွက် Chrome Browser ထုတ်ပေးခဲ့သလို ဘယ်သူမှ မသုံးသေးတဲ့ Sandboxing Feature မျိုး ထပ်ြပီးပါဝင်လာတာက Browser တွေထဲ အထင်ရှားဆုံး အားသာချက် ဖြစ်လာခဲ့ပါတယ်။

Chrome with Modern look with various features

အဲ့ဒါက Tab တခုမှာ Crash ဖြစ်သွားလို့ ကျန်တဲ့ Tab တွေ မထိခိုက်နိင်တဲ့ အချက်ဖြစ်ပြီး ယေဘူယျအတိုင်းဆိုရင် Browsing Speed နဲ့ Stability ကို ထိန်းထားနိုင်တဲ့ သဘောပါ။ နောက်ပြီး Google သုံးနေတဲ့ V8 Javascript လို Engine မျိုးက Chrome Browser အားထားနေတဲ့ အချက်ဖြစ်ပြီး အခုချိန်ထိ အကောင်းဆုံး Browser အဖြစ် ရပ်တည်နေစေတာလည်း ဖြစ်ပါတယ်။ အခုချိန်မှာဆိုရင်တော့ Browser အားလုံးရဲ့ ၆၀ ရာခိုင်နှုန်းလောက်ကို ပိုင်ဆိုင်နေပြီး Windows အပြင် MacOS ၊ Linux နဲ့ Android iOS တို့ အားလုံးမှာ ရေပန်းစားနေတဲ့ Browser ဖြစ်လာခဲ့တာ အပေါ်မှာ ပြောခဲ့တဲ့ အားသာချက်တွေကြောင့်ပါ။

Chrome OS

အဲ့ဒီလို Platform မျိုးစုံးမှာ သုံးနေတဲ့အပြင် Laptop နဲ့ Tablet တွေမှာ Android Apps တွေ သုံးရပိုလွယ်အောင် Chrome OS ဆိုပြီး ထပ်မိတ်ဆက်ပေးခဲ့ပါတယ်။ အခုဆိုရင် Linux မှာ အသုံးပြုနေတဲ့ Apps တွေ Chrome OS ပေါ်ရောက်လာဦးမယ်ဆိုလို့ Browser ပေါ် အခြေခံထားတဲ့ Google နည်းပညာက အတော်လေး ခြေလှမ်းပေါက်နေပြီလို့ ပြောရမယ်ထင်ပါတယ်။

2B (Akhayar)
www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။