အရင္တုန္းက Windows 7 ကြန္ပ်ဴတာေတြမွာ Windows Security Essential – MSE လုိ႔ သိၾကတဲ့ Microsoft ကေန ကုိယ္တိုင္ထုတ္ထားတဲ့ Anti-virus ကို သိၾကမွာပါ။ အဆိုပါ MSE က Windows 8 ၊ 8.1 နဲ႔ Windows 10 OS ေတြမွာေတာ့ Windows Defender နာမည္ကို ေျပာင္းလဲခဲ့တာပဲျဖစ္ပါတယ္။

Microsoft

Microsoft ရဲ႕ Windows Defender Anti-Virus ဟာ အခုအခ်ိန္မွာ Windows 10 OS အသံုးျပဳထားတဲ့ ကြန္ပ်ဴတာေတြအကုန္လံုးမွာ အသံုးျပဳႏုိင္ေနျပီျဖစ္ျပီး အျခားေသာ အခေၾကးေငြေပးရတဲ့ Anti-Virus ေတြေလာက္ေတာင္ စြမ္းေဆာင္ရည္ျမင့္မားေနျပီလုိ႔ ေျပာလုိ႔ရပါတယ္။

ဒါေပမယ့္ Anti-Virus Program ဆုိတာက စက္ထဲကို Virus ဝင္ေရာက္မွသာ ဖယ္ရွားေပးႏုိင္တာျဖစ္ျပီးေတာ့ Web Browsing မွာ အသံုးျပဳေနတုန္း Malware ဝင္ေရာက္တာေတြကိုေတာ့ ဖယ္ရွားႏုိင္မွာမဟုတ္ပါဘူး။

အဲ့ဒီအတြက္ အခုအခ်ိန္မွာေတာ့ Microsoft ရဲ႕ Windows Defender က Google Chrome Web Store မွာပါ Extension တစ္ခုထုတ္ေပးလုိက္ျပီ ျဖစ္ျပီးေတာ့ ကြန္ပ်ဴတာမွာ Web Browsing ျပဳလုပ္ေနတုန္း Malware ဝင္ေရာက္မႈမရွိေအာင္ တားဆီးေပးသြားမွာပဲျဖစ္ပါတယ္။

Window Defender Extension

Microsoft ကေတာ့ အခု Window Defender Extension ဟာ အႏၱရာယ္ရွိတဲ့ Website Link ေတြကို ၉၉ ရာခုိင္ႏႈန္းအထိ တားဆီးေပးႏုိင္တယ္လုိ႔ သိရျပီးေတာ့ ကိုယ့္ကြန္ပ်ဴတာကို Malware ဝင္ေရာက္မွာ စိုးရိမ္ေနတယ္ဆုိရင္ေတာ့ အခု Link ကေန အခုပဲ Window Defender Extension ကို ထည့္သြင္းထားဖို႔ လိုမယ္ေနာ္။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

အရင်တုန်းက Windows 7 ကွန်ပျူတာတွေမှာ Windows Security Essential – MSE လို့ သိကြတဲ့ Microsoft ကနေ ကိုယ်တိုင်ထုတ်ထားတဲ့ Anti-virus ကို သိကြမှာပါ။ အဆိုပါ MSE က Windows 8 ၊ 8.1 နဲ့ Windows 10 OS တွေမှာတော့ Windows Defender နာမည်ကို ပြောင်းလဲခဲ့တာပဲဖြစ်ပါတယ်။

Microsoft

Microsoft ရဲ့ Windows Defender Anti-Virus ဟာ အခုအချိန်မှာ Windows 10 OS အသုံးပြုထားတဲ့ ကွန်ပျူတာတွေအကုန်လုံးမှာ အသုံးပြုနိုင်နေပြီဖြစ်ပြီး အခြားသော အခကြေးငွေပေးရတဲ့ Anti-Virus တွေလောက်တောင် စွမ်းဆောင်ရည်မြင့်မားနေပြီလို့ ပြောလို့ရပါတယ်။

ဒါပေမယ့် Anti-Virus Program ဆိုတာက စက်ထဲကို Virus ဝင်ရောက်မှသာ ဖယ်ရှားပေးနိုင်တာဖြစ်ပြီးတော့ Web Browsing မှာ အသုံးပြုနေတုန်း Malware ဝင်ရောက်တာတွေကိုတော့ ဖယ်ရှားနိုင်မှာမဟုတ်ပါဘူး။

အဲ့ဒီအတွက် အခုအချိန်မှာတော့ Microsoft ရဲ့ Windows Defender က Google Chrome Web Store မှာပါ Extension တစ်ခုထုတ်ပေးလိုက်ပြီ ဖြစ်ပြီးတော့ ကွန်ပျူတာမှာ Web Browsing ပြုလုပ်နေတုန်း Malware ဝင်ရောက်မှုမရှိအောင် တားဆီးပေးသွားမှာပဲဖြစ်ပါတယ်။

Window Defender Extension

Microsoft ကတော့ အခု Window Defender Extension ဟာ အန္တရာယ်ရှိတဲ့ Website Link တွေကို ၉၉ ရာခိုင်နှုန်းအထိ တားဆီးပေးနိုင်တယ်လို့ သိရပြီးတော့ ကိုယ့်ကွန်ပျူတာကို Malware ဝင်ရောက်မှာ စိုးရိမ်နေတယ်ဆိုရင်တော့ အခု Link ကနေ အခုပဲ Window Defender Extension ကို ထည့်သွင်းထားဖို့ လိုမယ်နော်။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com