Google Chrome Browser မှာ Emoji Button ထည့်သွင်းပေးတော့မည်


Chrome Browser



Chrome Browser


Ref : Engadget

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

Web Browser တစ်ခုခုမှာ စာရိုက်နေတာပဲဖြစ်ဖြစ်၊ Blogs တစ်ခုခုမှာ စာရေးနေတာပဲဖြစ်ဖြစ် ဖုန်းရဲ့ Keyboard နဲ့ စာရိုက်နေသလိုမျိုး Emoji တွေကို အလွယ်တကူထည့်သွင်းနိုင်ရင်ကောင်းမယ်ဆိုတဲ့ စိတ်ကူးရှိကြမှာပါ။ အခုစိတ်ကူးက လာမယ့် Google Chrome Browser Version အသစ်မှာတော့ တကယ်ဖြစ်လာတော့မှာပါ။

Chrome Browser

9to5Google ကနေ သိရတဲ့ သတင်းအရတော့ MacOS အတွက် Google Chrome Canary Version 67.0.3389.0 မှာ Right-click Menu ကနေ “Emoji” ဆိုတဲ့ Function တစ်ခုကို ထည့်သွင်းပေးထားပြီဖြစ်ပြီး Emoji တွေကို အလွယ်တကူထည့်သွင်းနိုင်နေပြီဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမယ့် အခု Feature က Developers တွေအတွက် ရည်ရွယ်တဲ့ စမ်းသပ်ဆဲ Chrome Canary Version မှာပဲ ထည့်သွင်းထားသေးတာဖြစ်ပြီးတော့ Stable Version မှာ ရရှိလာဖို့ကတော့ အချိန်အနည်းငယ်စောင့်ရဖွယ်ရှိနေပါတယ်။ ဒါ့အပြင် နောက်ထပ်တစ်ခုက အခုစမ်းသပ်နေမှုက MacOS အတွက် ဖြစ်တဲ့အတွက် Windows OS မှာရော အခုလိုမျိုး Emoji တွေကို Right-click Menu ကနေ ထည့်သွင်းနိုင်ဖို့ကို Update လုပ်ပေးသွားမလားဆိုတာကတော့ မသိရသေးပါဘူး။

Chrome Browser

ဘာပဲဖြစ်ဖြစ် အခုလိုမျိုး Web Browser တွေအတွက်လည်း Emoji တွေ အလွယ်တကူထည့်သွင်းလို့ရလာတာက အဆင်ပြေတဲ့ Feature တစ်ခုဖြစ်လာမယ်လို့ ယူဆရပါတယ်။

Ref : Engadget

Zawyè (Akhayar) 

www.akhayar.com