
Google Chrome Browser


Google Chrome Browser



Google Chrome Browser


Ref : Engadget

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

Google Chrome Browser ဟာ လက်ရှိအချိန်မှာ အသုံးပြုသူအများဆုံး Browser တစ်ခုအဖြစ်ရပ်တည်နေပြီး Desktop Browser နဲ့ Mobile မှာပါ အသုံးပြုသူတွေအများအပြားရှိနေတာပဲဖြစ်ပါတယ်။ အခုအချိန်မှာတော့ Google Chrome အသုံးပြုသူတွေအနေနဲ့ ကြီးမားတဲ့ ဒီဇိုင်းပြောင်းလဲမှုတစ်ခုကို မြင်ရတော့မှာပါ။

Google Chrome Browser

Google ရဲ့ ယခုပြောင်းလဲမှုကတော့ Chrome Browser တစ်ခုလုံးကို Google ရဲ့ Material Design အနေနဲ့ ပြောင်းလဲသွားတော့မှာပါ။ အဲ့ဒီအတွက် Google Chrome Browser ကို အသုံးပြုရတာက ပုံမှန် Android Applications အများစုလိုပဲ Material Design နဲ့ ဖြစ်သွားတော့မှာပါ။

Google Chrome Browser

လက်ရှိအချိန်မှာ Google ကနေ Windows ၊ Linux နဲ့ Chrome OS အတွက် အခု Chrome Canary Version အသစ်ကို ထုတ်ပေးလိုက်တာဖြစ်ပြီး အဆိုပါ Chrome Canary မှာ အခု Material Design UI အသစ်ကို Default အနေနဲ့ ဖော်ပြသွားမှာပဲဖြစ်ပါတယ်။

အခု Chrome Canary Version အသစ်မှာ Chrome Browser ဟာ ပြောင်းလဲမှုတော်တော်များများရှိပြီးတော့ Address Bar အသစ်အပြင် Tabs တွေရဲ့ Shapes တွေနဲ့ အရောင်တွေကိုလည်း ပြောင်းလဲထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် Tab Strip Coloring ၊ Pinned Tabs နဲ့ Alert Indicator တွေကိုပါ ဒီဇိုင်းအသစ်နဲ့ တွေ့မြင်ရမှာပါ။

Google Chrome Browser

အခုလိုမျိုး Material Design အသစ်နဲ့ Google Chrome ကို Canary Version အနေနဲ့ တွေ့မြင်ရပြီဖြစ်တဲ့အတွက် မကြာခင်မှာ Stable Version အနေနဲ့ ထွက်လာတော့မှာဖြစ်တယ်လို့ သိရပါတယ်။ အခု Chrome Canary ကို စမ်းသပ်အသုံးပြုချင်တဲ့သူတွေအနေနဲ့ကတော့ MacOS နဲ့ iOS ကလွဲပြီး စမ်းသပ်အသုံးပြုလို့ရပါတယ်။

Ref : Engadget

Zawyè (Akhayar) 

www.akhayar.com