


Display Notch



Google Chrome


Ref : Engadget

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

Google Chrome Browser ဟာ လက်ရှိ စမတ်ဖုန်းတွေမှာရော၊ PC တွေမှာပါ အသုံးပြုမှုအများဆုံး Browser တစ်ခုဖြစ်ပါတယ်။ အခုအချိန်မှာ Google Chrome Browser Version 68 ကို ထွက်ရှိထားတာမကြာသေးပေမယ့် နောက်လာမယ့် Chrome Version 69 က စိတ်ဝင်စားဖွယ် Feature တွေပါဝင်လာဦးမယ်လို့ သိရပါတယ်။

Google Maps Notch Optimization

အခုသတင်းကို Android Police ကနေ ပြောကြားခဲ့တာဖြစ်ပြီးတော့ လက်ရှိအချိန်မှာ Chrome 69 က Beta Testing အဆင့်ကို ရောက်ရှိနေပြီလို့ သိရပါတယ်။ အခု Chrome 69 မှာ အဓိကပြောင်းလဲသွားမယ့်အချက်ကတော့ လက်ရှိ စမတ်ဖုန်းတွေမှာ ခေတ်စားလာတဲ့ Display မှာ ပါဝင်တဲ့ Notch ကို Optimize ပြုလုပ်ထားမှာဖြစ်ပြီး Web Page တွေကို Browse ပြုလုပ်တဲ့အချိန်မှာ ယခင်ကလို Notch ရဲ့ တဖက်တချက်မှာ အမည်းရောင်ဖြစ်နေတော့မှာမဟုတ်ဘဲ Screen အပြည့်မြင်ရတော့မှာဖြစ်ပါတယ်။

Display Notch

ဒါ့အပြင် Chrome 69 ဟာ Android Go စမတ်ဖုန်းတွေအတွက်လည်း Media Player တစ်ခုအနေနဲ့ ဖြစ်လာမှာဖြစ်ပြီး Android Go ဖုန်းတွေဟာ ဘတ်ဂျတ်စမတ်ဖုန်းတွေဖြစ်တဲ့အတွက် RAM 1GB အောက် စမတ်ဖုန်းတွေအတွက် သီးခြား Media Player ကို ထည့်သွင်းထားဖို့ လိုအပ်မှာမဟုတ်ဘဲ Google Chrome နဲ့ပဲအသုံးပြုနိုင်တော့မှာပါ။

နောက်တစ်ခုကတော့ PC တွေအတွက်ဖြစ်ပြီးတော့ Chrome 69 မှာ Windows နဲ့ Mac ကွန်ပျူတာတွေအတွက် Picture-in-Picture Mode ကို Support ပြုလုပ်ပြီပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် Chrome 69 ကို Update တင်ပြီးသွားရင် Video တွေကို Floating Mode အနေနဲ့ ဖွင့်ထားပြီး ပုံမှန် လုပ်ငန်းဆောင်တာတွေကို ဆောင်ရွက်နိုင်မှာပါ။

Google Chrome

ဒါ့အပြင် Chrome 69 မှာ Download Manager ကိုလည်း အဆင့်မြှင့်တင်ထားမယ်လို့ သိရှိရပြီးတော့ Search Button နဲ့ အခြားသော Feature Update တွေရရှိလာမယ်လို့ သိရပါတယ်။ ယခု Google Chrome Version 69 ဟာ လာမယ့် စက်တင်ဘာလမှာ စတင် Update ပြုလုပ်နိုင်မယ်လို့ ယူဆရပါတယ်။

Ref : Engadget

Zawyè (Akhayar) 

www.akhayar.com