Apple ရဲ႕ iPhone နဲ႔ iDevice အသံုးျပဳေနတဲ့သူေတြ iMessage ကို အသံုးျပဳဖူးၾကမွာပါ။ Apple User ေတြအခ်င္းခ်င္း Messages ေတြကို စိတ္ၾကိဳက္အသံုးျပဳႏုိင္တဲ့အျပင္ iPhone နဲ႔ Apple Mac Computer ေတြမွာပါ အသံုးျပဳႏုိင္တဲ့အတြက္ Apple အသံုးျပဳသူေတြအေနနဲ႔ မျဖစ္မေနကို သံုးစြဲေနတဲ့အရာတစ္ခုလည္းျဖစ္ပါတယ္။

ဒါေပမယ့္ Android ဘက္ကို ၾကည့္မယ္ဆုိရင္ အင္တာနက္ကေန တစ္ဆင့္ အသံုးျပဳရတဲ့ Messaging Application ေတြျဖစ္တဲ့ Facebook Messenger ၊ Viber ၊ WhatsApp လုိမ်ိဳး Application ကိုပဲ အသံုးျပဳႏုိင္ခဲ့တာျဖစ္ပါတယ္။ ဒါမွမဟုတ္ရင္ေတာ့ သာမန္ SMS ပဲ ေပးပို႔ႏုိင္မွာပါ။

Google Messaging Apps

Google ဟာ ယခင္တုန္းက Google Talk ၊ Hang out ၊ Google Allo အစရွိတဲ့ Messaging Applications ေတြမ်ားစြာထုတ္ေပးခဲ့ျပီးေတာ့ အခုခ်ိန္မွာေတာ့ အဆိုပါ Google ရဲ႕ Messaging Apps ေတြဟာ ေအာင္ျမင္သင့္သေလာက္ မေအာင္ျမင္ခဲ့ဘူးလို႔ ေျပာလုိ႔ရပါတယ္။ အဲ့ဒီအတြက္ Google ကေန ေနာက္ထပ္ Messaging Application တစ္ခုကို ပံုစံေျပာင္းလဲျပီး ထုတ္လုပ္ဖုိ႔ ၾကံစည္ေနပါတယ္။

ဒီတစ္ခါ Google ကေန ထုတ္လုပ္မယ့္ Messaging App ကိုေတာ့ Google Chat လုိ႔ပဲ နာမည္ေပးထားျပီးေတာ့ သီးျခား Application တစ္ခုအေနနဲ႔မဟုတ္ေတာ့ပဲ Android ရဲ႕ SMS Messaging App ေနရာမွာ အစားထုိးဝင္ေရာက္လာမွာျဖစ္ပါတယ္။ ဒါ့အျပင္ Google Chat မွာ လက္ရွိအျခားေသာ Messaging Apps ေတြလိုမ်ိဳးပဲ Stickers ေတြ၊ High Resolution Photo & Videos ေတြနဲ႔ အျခားေသာ Multimedia Files ေတြကို ေပးပို႔လုိ႔ရမွာျဖစ္ပါတယ္။

Android Messages

ဒါေပမယ့္ အခုစနစ္ဟာ Account သီးျခားဖြင့္လွစ္ဖုိ႔ လုိအပ္မွာမဟုတ္ပဲ Apple iMessage လုိပဲ ဖုန္းနံပါတ္ကေနပဲ သြားမွာျဖစ္ျပီးေတာ့ SMS အစား RHS – Rich Communication Services လုိ႔ ေခၚတဲ့ Data Based Message တစ္ခုအေနနဲ႔ ေပးပို႔သြားမွာျဖစ္ပါတယ္။ အဲ့ဒီအတြက္ SMS လုိမ်ိဳး စာလံုးေရ ကန္႔သတ္ခ်က္ရွိမွာမဟုတ္သလုိ အင္တာနက္ကေနတစ္ဆင့္ ေပးပို႔သြားမွာပဲျဖစ္ပါတယ္။

ဒါေပမယ့္ ျပႆနာတစ္ခုကေတာ့ အခုလုိမ်ိဳး RHS စနစ္ကို အသံုးျပဳျပီးေတာ့ ေပးပို႔တာျဖစ္တဲ့အတြက္ ကိုယ္အသံုးျပဳမယ့္ Operator ကိုယ္တုိင္က RHS Messaging စနစ္ကို ေထာက္ပံ့ဖုိ႔ လုိအပ္မွာျဖစ္ျပီး အသံုးျပဳမယ့္ Device ေတြကလည္း ေထာက္ပံ့ဖို႔လုိအပ္မွာျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာ Google ရဲ႕ Android OS က RHS စနစ္ကို ေထာက္ပံ့ေပးေနျပီး Microsoft ရဲ႕ Windows OS ကလည္း ေထာက္ပံ့ေပးမွာျဖစ္တဲ့အတြက္ ေနာက္ပိုင္းအခု Google Chat ကို စမတ္ဖုန္းေတြမွာေရာ ကြန္ပ်ဴတာေတြမွာပါ အသံုးျပဳႏုိင္မယ္လုိ႔ ယူဆရပါတယ္။

တကယ္လုိ႔ ေအာ္ပေရတာက RHS စနစ္ကို မေထာက္ပံ့ေပးဘူးဆိုရင္ေတာ့ အခု Features ေတြအမ်ားအျပားပါဝင္လာမယ့္ Google Chat စနစ္ကို သံုးႏုိင္ေတာ့မွာမဟုတ္ပဲ သာမန္ SMS အေနနဲ႔ပဲ ေပးပို႔ႏုိင္မွာျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ Google ကေန ကမၻာတဝန္းက Network Service Provider ေပါင္း ၅၀ ေက်ာ္နဲ႔ ေျပာဆုိထားျပီးျဖစ္ျပီးေတာ့ ေနာက္ပိုင္းမွာလည္း ပိုမိုက်ယ္ျပန္႔စြာအသံုးျပဳႏုိင္ဖုိ႔ ေဆာင္ရြက္သြားမယ္လုိ႔ သိရပါတယ္။

Android Messaging in Desktop

Google ဟာ လက္ရွိအခ်ိန္မွာ လက္ရွိ Messaging Apps တစ္ခုျဖစ္တဲ့ Google Allo Service ကို ရပ္ဆုိင္းေနျပီးေတာ့ Web Browser အတြက္လည္း Messaging Service ကို စမ္းသပ္ေနတဲ့အတြက္ အခု Google ရဲ႕ Chat ဟာ Android ဖုန္းေတြရဲ႕ SMS အပါအဝင္ အင္တာနက္ Messaging Apps ေတြကိုပါ ေျပာင္းလဲပစ္ႏုိင္မလားဆိုတာကေတာ့ ေစာင့္ၾကည့္ရေတာ့မွာပါ။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

Apple ရဲ့ iPhone နဲ့ iDevice အသုံးပြုနေတဲ့သူတွေ iMessage ကို အသုံးပြုဖူးကြမှာပါ။ Apple User တွေအချင်းချင်း Messages တွေကို စိတ်ကြိုက်အသုံးပြုနိုင်တဲ့အပြင် iPhone နဲ့ Apple Mac Computer တွေမှာပါ အသုံးပြုနိုင်တဲ့အတွက် Apple အသုံးပြုသူတွေအနေနဲ့ မဖြစ်မနေကို သုံးစွဲနေတဲ့အရာတစ်ခုလည်းဖြစ်ပါတယ်။

ဒါပေမယ့် Android ဘက်ကို ကြည့်မယ်ဆိုရင် အင်တာနက်ကနေ တစ်ဆင့် အသုံးပြုရတဲ့ Messaging Application တွေဖြစ်တဲ့ Facebook Messenger ၊ Viber ၊ WhatsApp လိုမျိုး Application ကိုပဲ အသုံးပြုနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါမှမဟုတ်ရင်တော့ သာမန် SMS ပဲ ပေးပို့နိုင်မှာပါ။

Google Messaging Apps

Google ဟာ ယခင်တုန်းက Google Talk ၊ Hang out ၊ Google Allo အစရှိတဲ့ Messaging Applications တွေများစွာထုတ်ပေးခဲ့ပြီးတော့ အခုချိန်မှာတော့ အဆိုပါ Google ရဲ့ Messaging Apps တွေဟာ အောင်မြင်သင့်သလောက် မအောင်မြင်ခဲ့ဘူးလို့ ပြောလို့ရပါတယ်။ အဲ့ဒီအတွက် Google ကနေ နောက်ထပ် Messaging Application တစ်ခုကို ပုံစံပြောင်းလဲပြီး ထုတ်လုပ်ဖို့ ကြံစည်နေပါတယ်။

ဒီတစ်ခါ Google ကနေ ထုတ်လုပ်မယ့် Messaging App ကိုတော့ Google Chat လို့ပဲ နာမည်ပေးထားပြီးတော့ သီးခြား Application တစ်ခုအနေနဲ့မဟုတ်တော့ပဲ Android ရဲ့ SMS Messaging App နေရာမှာ အစားထိုးဝင်ရောက်လာမှာဖြစ်ပါတယ်။ ဒါ့အပြင် Google Chat မှာ လက်ရှိအခြားသော Messaging Apps တွေလိုမျိုးပဲ Stickers တွေ၊ High Resolution Photo & Videos တွေနဲ့ အခြားသော Multimedia Files တွေကို ပေးပို့လို့ရမှာဖြစ်ပါတယ်။

Android Messages

ဒါပေမယ့် အခုစနစ်ဟာ Account သီးခြားဖွင့်လှစ်ဖို့ လိုအပ်မှာမဟုတ်ပဲ Apple iMessage လိုပဲ ဖုန်းနံပါတ်ကနေပဲ သွားမှာဖြစ်ပြီးတော့ SMS အစား RHS – Rich Communication Services လို့ ခေါ်တဲ့ Data Based Message တစ်ခုအနေနဲ့ ပေးပို့သွားမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် SMS လိုမျိုး စာလုံးရေ ကန့်သတ်ချက်ရှိမှာမဟုတ်သလို အင်တာနက်ကနေတစ်ဆင့် ပေးပို့သွားမှာပဲဖြစ်ပါတယ်။

ဒါပေမယ့် ပြဿနာတစ်ခုကတော့ အခုလိုမျိုး RHS စနစ်ကို အသုံးပြုပြီးတော့ ပေးပို့တာဖြစ်တဲ့အတွက် ကိုယ်အသုံးပြုမယ့် Operator ကိုယ်တိုင်က RHS Messaging စနစ်ကို ထောက်ပံ့ဖို့ လိုအပ်မှာဖြစ်ပြီး အသုံးပြုမယ့် Device တွေကလည်း ထောက်ပံ့ဖို့လိုအပ်မှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ Google ရဲ့ Android OS က RHS စနစ်ကို ထောက်ပံ့ပေးနေပြီး Microsoft ရဲ့ Windows OS ကလည်း ထောက်ပံ့ပေးမှာဖြစ်တဲ့အတွက် နောက်ပိုင်းအခု Google Chat ကို စမတ်ဖုန်းတွေမှာရော ကွန်ပျူတာတွေမှာပါ အသုံးပြုနိုင်မယ်လို့ ယူဆရပါတယ်။

တကယ်လို့ အော်ပရေတာက RHS စနစ်ကို မထောက်ပံ့ပေးဘူးဆိုရင်တော့ အခု Features တွေအများအပြားပါဝင်လာမယ့် Google Chat စနစ်ကို သုံးနိုင်တော့မှာမဟုတ်ပဲ သာမန် SMS အနေနဲ့ပဲ ပေးပို့နိုင်မှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ Google ကနေ ကမ္ဘာတဝန်းက Network Service Provider ပေါင်း ၅၀ ကျော်နဲ့ ပြောဆိုထားပြီးဖြစ်ပြီးတော့ နောက်ပိုင်းမှာလည်း ပိုမိုကျယ်ပြန့်စွာအသုံးပြုနိုင်ဖို့ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

Android Messaging in Desktop

Google ဟာ လက်ရှိအချိန်မှာ လက်ရှိ Messaging Apps တစ်ခုဖြစ်တဲ့ Google Allo Service ကို ရပ်ဆိုင်းနေပြီးတော့ Web Browser အတွက်လည်း Messaging Service ကို စမ်းသပ်နေတဲ့အတွက် အခု Google ရဲ့ Chat ဟာ Android ဖုန်းတွေရဲ့ SMS အပါအဝင် အင်တာနက် Messaging Apps တွေကိုပါ ပြောင်းလဲပစ်နိုင်မလားဆိုတာကတော့ စောင့်ကြည့်ရတော့မှာပါ။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com