[Zawgyi]

Android ဖုန္းအသံုးျပဳသူရဲ႕Location Service ကိုပိတ္ထားရင္ေတာင္ Google ကသိရွိႏိုင္ဟုဆို

စမတ္ဖုန္းေပၚမွာ Location နဲ႔ပတ္သက္တဲ့အခ်က္အလက္ေတြကို ဘယ္လိုပဲပိတ္ပိတ္ Google က တိတ္တဆိတ္ရယူႏိုင္တယ္လို႔ဆိုပါတယ္။ ဖုန္းအသံုးျပဳသူေတြဘက္က ဘယ္လိုပဲအတိအက် တရားဝင္ေတာင္းဆိုေပမယ့္ Google ကေတာ့ သူတို႔စိတ္တိုင္းက်လုပ္ေဆာင္ေနတာ ေပၚလြင္ေနပါတယ္။

Google ရဲ႕ လုပ္ေဆာင္ႏိုင္စြမ္းကေတာ့ အေတာ္ေလးေၾကာက္စရာေကာင္းပါတယ္။ သင့္ဖုန္းမွာ Location Service ကိုပိတ္ထားမယ္၊ Google နဲ႔ပတ္သက္တဲ့ Apps ေတြကိုမသံုးဘူး၊ ၿပီးေတာ့ SIM Card ကိုပါျဖဳတ္ထားဦးမယ္ဆိုရင္ေတာင္ သင့္ရဲ႕ တည္ေနရာကို Google ကေထာက္လွမ္းႏိုင္စြမ္းရွိေသးတယ္လို႔ Quartz ကထုတ္ျပန္ထားပါတယ္။ ( Quartz https://qz.com ကေတာ့ နည္းပညာကုမၸဏီေတြနဲ႔ သတင္းေတြကိုသုေတသနလုပ္ၿပီး မွန္ကန္တိက်တဲ့သတင္းေတြကိုထုတ္ျပန္တဲ့အဖြဲ႕အစည္းတစ္ခုျဖစ္ပါတယ္) ဒီအေၾကာင္းကို ၂၀၁၇ ႏွစ္ကုန္ပိုင္းေလာက္ကတည္းက ထုတ္ျပန္ခဲ့တာျဖစ္ၿပီး၊ Google ကေတာ့ အခုခ်ိန္ထိ ေထာက္လွမ္းမႈေတြျပဳလုပ္ေနဆဲျဖစ္တယ္လို႔လည္းသိရပါတယ္။

၂၀၁၈ ခုႏွစ္မတိုင္ခင္ Quartz ရဲ႕ေဖာ္ထုတ္မႈအရ Google ဟာ Android ဖုန္းအသံုးျပဳသူရဲ႕ တည္ေနရာတဲ့ အခ်က္အလက္ေတြကို ဖုန္းတာဝါတိုင္ေတြကေနတစ္ဆင့္ Cell ID Codes ေတြကိုအသံုးျပဳၿပီး ရယူခဲ့တာျဖစ္ပါတယ္။ အခုလိုရယူေနေၾကာင္း ေပၚေပါက္သြားတဲ့အခါမွာေတာ့ Mobile Network ျမန္ႏႈန္းနဲ႔ စာတိုေပးပို႔တဲ့အခါ ပိုၿပီးျမန္ဆန္ေစဖို႔အတြက္သာ ျဖစ္ေၾကာင္း Google ရဲ႕ေျပာေရးဆိုခြင့္ရွိသူက တု႔ံျပန္ေျပာဆိုခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ Cell ID Codes ေတြကိုအသံုးျပဳၿပီး User Data ရယူျခင္းလုပ္ငန္းကိုရပ္ဆိုင္းေၾကာင္းထုတ္ျပန္ခဲ့ပါတယ္။ ဒါေပမယ့္၂၀၁၇ ႏိုဝင္ဘာလ ေနာက္ဆံုးအပတ္ေလာက္ထိ Data ေတြရယူေနေသးေၾကာင္းေတြ႕ရွိရပါတယ္။ အခုလည္း အလားတူျဖစ္ရပ္မ်ိဳးကို Google ကလုပ္ေဆာင္ေနတယ္ဆိုတဲ့ သတင္းတခ်ိဳ႕ထြက္ေပၚလာျပန္ပါတယ္။

အထက္မွာေဖာ္ျပခဲ့တဲ့အခ်က္ေတြကိုၾကည့္ျခင္းအားျဖင့္ အကယ္၍မ်ားသင္ဟာ လံုျခံဳေရးအရသြားလာလႈပ္ရွားမႈေတြျပဳလုပ္ေနရတယ္ဆိုရင္ Android OS အစားတျခား OS ကိုအသံုးျပဳဖို႔စဥ္းစားသင့္ပါၿပီ။ Google အေနနဲ႔အသံုးျပဳသူရဲ႕အခ်က္အလက္ေတြ၊ တည္ေနရာေတြကို ဘယ္လိုပဲ ရယူျခင္းမရွိပါဘူးလို႔ေျပာေျပာ အလြယ္တစ္ကူယံုၾကည္လက္ခံႏိုင္စရာအေၾကာင္းေတာ့မရွိေတာ့ပါဘူး။ ဘယ္လိုပဲအသံုးျပဳသူေတြရဲ႕ေကာင္းက်ိဳးအတြက္ လုပ္ေဆာင္ေနတယ္ပဲေျပာေျပာ ကိုယ္ေရးကိုယ္တာ အခ်က္အလက္နဲ႔ တည္ေနရာကိုေတြ တပါးသူသိရွိေနတာဟာ ေကာင္းမြန္တဲ့လကၡဏာတစ္ရပ္ေတာ့မဟုတ္ပါဘူး။ သင့္ဖုန္းမွာ Location Service ကိုပိတ္ထားရင္ေတာင္မွ Google ကအခ်ိန္မေရြးသိႏိုင္တဲ့အတြက္ေၾကာင့္ျဖစ္ပါတယ္။

Ref; Independentnews
ncTori95 (Akhayar)
www.akhayar.com
[Unicode]

Android ဖုန်းအသုံးပြုသူရဲ့Location Service ကိုပိတ်ထားရင်တောင် Google ကသိရှိနိုင်ဟုဆို

စမတ်ဖုန်းပေါ်မှာ Location နဲ့ပတ်သက်တဲ့အချက်အလက်တွေကို ဘယ်လိုပဲပိတ်ပိတ် Google က တိတ်တဆိတ်ရယူနိုင်တယ်လို့ဆိုပါတယ်။ ဖုန်းအသုံးပြုသူတွေဘက်က ဘယ်လိုပဲအတိအကျ တရားဝင်တောင်းဆိုပေမယ့် Google ကတော့ သူတို့စိတ်တိုင်းကျလုပ်ဆောင်နေတာ ပေါ်လွင်နေပါတယ်။

Google ရဲ့ လုပ်ဆောင်နိုင်စွမ်းကတော့ အတော်လေးကြောက်စရာကောင်းပါတယ်။ သင့်ဖုန်းမှာ Location Service ကိုပိတ်ထားမယ်၊ Google နဲ့ပတ်သက်တဲ့ Apps တွေကိုမသုံးဘူး၊ ပြီးတော့ SIM Card ကိုပါဖြုတ်ထားဦးမယ်ဆိုရင်တောင် သင့်ရဲ့ တည်နေရာကို Google ကထောက်လှမ်းနိုင်စွမ်းရှိသေးတယ်လို့ Quartz ကထုတ်ပြန်ထားပါတယ်။ ( Quartz https://qz.com ကတော့ နည်းပညာကုမ္ပဏီတွေနဲ့ သတင်းတွေကိုသုတေသနလုပ်ပြီး မှန်ကန်တိကျတဲ့သတင်းတွေကိုထုတ်ပြန်တဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်) ဒီအကြောင်းကို ၂၀၁၇ နှစ်ကုန်ပိုင်းလောက်ကတည်းက ထုတ်ပြန်ခဲ့တာဖြစ်ပြီး၊ Google ကတော့ အခုချိန်ထိ ထောက်လှမ်းမှုတွေပြုလုပ်နေဆဲဖြစ်တယ်လို့လည်းသိရပါတယ်။

၂၀၁၈ ခုနှစ်မတိုင်ခင် Quartz ရဲ့ဖော်ထုတ်မှုအရ Google ဟာ Android ဖုန်းအသုံးပြုသူရဲ့ တည်နေရာတဲ့ အချက်အလက်တွေကို ဖုန်းတာဝါတိုင်တွေကနေတစ်ဆင့် Cell ID Codes တွေကိုအသုံးပြုပြီး ရယူခဲ့တာဖြစ်ပါတယ်။ အခုလိုရယူနေကြောင်း ပေါ်ပေါက်သွားတဲ့အခါမှာတော့ Mobile Network မြန်နှုန်းနဲ့ စာတိုပေးပို့တဲ့အခါ ပိုပြီးမြန်ဆန်စေဖို့အတွက်သာ ဖြစ်ကြောင်း Google ရဲ့ပြောရေးဆိုခွင့်ရှိသူက တုံ့ပြန်ပြောဆိုခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ Cell ID Codes တွေကိုအသုံးပြုပြီး User Data ရယူခြင်းလုပ်ငန်းကိုရပ်ဆိုင်းကြောင်းထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့်၂၀၁၇ နိုဝင်ဘာလ နောက်ဆုံးအပတ်လောက်ထိ Data တွေရယူနေသေးကြောင်းတွေ့ရှိရပါတယ်။ အခုလည်း အလားတူဖြစ်ရပ်မျိုးကို Google ကလုပ်ဆောင်နေတယ်ဆိုတဲ့ သတင်းတချို့ထွက်ပေါ်လာပြန်ပါတယ်။

အထက်မှာဖော်ပြခဲ့တဲ့အချက်တွေကိုကြည့်ခြင်းအားဖြင့် အကယ်၍များသင်ဟာ လုံခြုံရေးအရသွားလာလှုပ်ရှားမှုတွေပြုလုပ်နေရတယ်ဆိုရင် Android OS အစားတခြား OS ကိုအသုံးပြုဖို့စဉ်းစားသင့်ပါပြီ။ Google အနေနဲ့အသုံးပြုသူရဲ့အချက်အလက်တွေ၊ တည်နေရာတွေကို ဘယ်လိုပဲ ရယူခြင်းမရှိပါဘူးလို့ပြောပြော အလွယ်တစ်ကူယုံကြည်လက်ခံနိုင်စရာအကြောင်းတော့မရှိတော့ပါဘူး။ ဘယ်လိုပဲအသုံးပြုသူတွေရဲ့ကောင်းကျိုးအတွက် လုပ်ဆောင်နေတယ်ပဲပြောပြော ကိုယ်ရေးကိုယ်တာ အချက်အလက်နဲ့ တည်နေရာကိုတွေ တပါးသူသိရှိနေတာဟာ ကောင်းမွန်တဲ့လက္ခဏာတစ်ရပ်တော့မဟုတ်ပါဘူး။ သင့်ဖုန်းမှာ Location Service ကိုပိတ်ထားရင်တောင်မှ Google ကအချိန်မရွေးသိနိုင်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။

Ref; Independentnews
ncTori95 (Akhayar)
www.akhayar.com