Google Calendar နဲ့ပတ်သက်ပြီး ဒီတစ်ခေါက်မှာတော့ အသုံးဝင် Tools တွေအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ Calendar View Setting နဲ့ Shortcut Key တွေအကြောင်းကိုတော့ အပိုင်း ၁ နဲ့ တို့မှာဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

17.ရှိပြီးသား Event လိုဟာမျိုးကို Blueprint ထုတ်ပြီးနောက်တစ်ခုအတွက်လည်း သုံးလို့ရပါတယ်။

18.Event တွေကို PDF, Image file, နဲ့ Document တွေတိုက်ရိုက်တွဲကပ်လို့ရပါသေးတယ်။Description Field ရဲ့အပေါ်ဆုံး Tool Bar ထဲက Paper Clip Icon ကိုနှိပ်ပြီး ကိုယ်လိုချင်တဲ့ File တွေကို Event တွေနဲ့တွဲထားနိုင်ပါတယ်။

19.ကိုယ်မှတ်ထားတဲ့ Event ကနေပြီးတော့ ကိုယ်ဖိတ်မယ့်သူတွေကို Email ပို့ပြီးဖိတ်လို့ရပါသေးတယ်။

20.Group Event တစ်ခုကို ဖန်တီးပြီး ကိုယ်တိုင်မတက်ရောက်နိုင်တဲ့အခါ Ownership ကိုသူများကိုလွှဲပေးပြီး ပွဲမပျက်အောင်ပြုလုပ်နိုင်ပါတယ်။
Event ကိုဖွင့်ပြီးတော့ More Actions>Change Owner နှိပ်ကာပြောင်းလဲပေးနိုင်ပါတယ်။

21. Default Duration နဲ့ Notification ကိုလည်းစိတ်ကြိုက်ပြောင်းလဲလို့ရပါတယ်။Durationပြောင်းဖို့အတွက်ကတော့ Event Settings>Default Duration ကိုသွားရမှာဖြစ်ပြီး Notification အတွက် ကတော့ Events>Default Notifications ကိုဝင်ကာလိုသလိုပြောင်းလဲနိုင်ပါတယ်။

22. Event အသစ်တွေပြုလုပ်နေတုန်း Alarm ပေးတဲ့အခါမှာ Does Not Repeat ဆိုတဲ့ Box လေးကိုနှိပ်လိုက်ရုံနဲ့ နောက်ထပ် Repeat မလုပ်တော့အောင်လို့ တားဆီးနိင်မှာဖြစ်ပါတယ်။

23. Calendar ကိုလာမယ့် Event တိုင်းအတွက် Email Notification ကိုလည်းပို့ခိုင်းနိုင်ပါတယ်။Event ကိုနှိပ်ပြီး Add Notification>Notification ကို Email ပြောင်းလိုက်ပြီး Event မတိုင်ခင်နှစ်ရက်အလိုမှာပို့ပေးရမယ်ဆိုတာမှတ်ပြီး Save လုပ်ပေးရုံပါပဲ။

24. Event အားလုံးအတွက် Email Notification လိုချင်တယ်ဆိုရင်လည်း Calendar Setting ကိုဖွင့်၊ကိုယ်လိုချင်တဲ့ Calendar ကိုရွေးပြီး Event Notifications Section ကိုသွားရပါမယ်။ပြီးရင် Add Notification ကိုနှိပ်လိုက်တဲ့အခါ Notification ဆိုတဲ့ Box အသစ်လေးပေါ်လာပြီး Email ကို ပြောင်း Change ပေးလိုက်ရုံပါပဲ။

25.အသုံးပြုနေကျ Calendar Notification တွေရဲ့
Alert Time ကို Changeချင်တယ်ဆိုရင် Website Settings ထဲကိုဝင်ပြီး Notifications တွေရဲ့ဘေးက Minutes လေးတွေကိုပြောင်းပေးလိုက်ရုံပါပဲ။

26. Calendar ထဲမှာရေးဆွဲထားတဲ့ တစ်နေ့တာအချိန်ဇယားကို အကျဉ်းချုပ်ပြီး မနက်တိုင်း Email နဲ့ပို့ပေးပါသေးတယ်။ဒီလိုလုပ်ချင်ရင်တော့ Daily Agenda ဆိုတဲ့ Line ရဲ့ဘေးက None ဆိုတဲ့ Box ကိုနှိပ်ပြီး Email လို့ပြောင်းပေးလိုက်ပါ။ဒါဆိုရင် မနက် ငါးနာရီထိုးတိုင်း တစ်နေ့တာအချိန်ဇယားအကျဉ်းချုပ်ကို Email ကနေပို့ပေးသွားမှာပါ။

ဒီလောက်ဆိုရင်တော့ Google Calendar နဲ့ပတ်သက်ပြီး ဆရာကျကျ Pro Trips တွေကိုသိရှိနားလည်လောက်ပြီလို့ထင်ပါတယ်။ ကိုယ့်ရဲ့တစ်နေ့တာလုပ်ငန်းစဉ်တွေကို ပိုပြီးစနစ်တကျ စီမံနိုင်ဖို့ အခုကစပြီး Google Calendar လေးကိုစသုံးနိုင်ပါပြီ။

Ref; fastcompany

SiD (Akhayar)

www.akhayar.com