အလုပ်ကိစ္စနဲ့ပတ်သက်ပြီးပဲဖြစ်ဖြစ်၊မိသားစုကိစ္စနဲ့ပဲဖြစ်ဖြစ်အချိန်ဇယားတွေရေးဆွဲတဲ့နေရာမှာမရှိမဖြစ်အသုံးပြုရတာကတော့ Calendar ပါပဲ။

အသုံးပြုတာများလေလေ Calendar ရဲ့အသုံးဝင်ပုံတွေကိုပိုမိုတွေ့ရှိလာလေလေဖြစ်ပြီး အချိန်ကိုစနစ်တကျဖွဲ့စည်းကာ အလုပ်လုပ်ကိုင်ရာမှာ ပိုမိုပြီးထိရောက်လာမှာဖြစ်ပါတယ်။ Google Calendar မှာတော့ အသုံးဝင်တဲ့ Function တွေအများကြီးပါဝင်ပြီး သေချာအသုံးချတတ်ရင် အချိန်ကိုအကျိုးရှိရှိအသုံးပြုလာနိုင်မှာပါ။ Google Calendar နဲ့ပတ်သက်တဲ့ Tips & Tricks ၂၆ ချက်ရှိပြီး ဒုတိယပိုင်းမှာတော့ Google Calendar နဲ့ပတ်သက်တဲ့ Shortcut Key တွေအသုံးပြုပုံကိုဖော်ပြပေးလိုက်ပါတယ်။ ပထမပိုင်းကိုတော့ ဒီနေရာမှာဝင်ရောက်ဖတ်ရှုနိုင်ပါတယ်

9. Calendar မှာ World Time Clock လည်းပါရှိပြီးဖွင့်ချင်တယ်ဆိုရင်တော့ Website Setting ထဲက World Clock ဆိုတာလေးကို Activate လုပ်ပေးရုံပါပဲ။

10. Calendar Viewကို Shortcut တွေအသုံးပြုပြီးပြောင်းလို့ရပါသေးတယ်။ ဥပမာ Day View အတွက် d, Week View အတွက် w, Month View အတွက် m, Year View အတွက် y စတဲ့ Shortcut တွေကိုအသုံးပြုနိုင်ပါတယ်။

11.g ဆိုတဲ့ Shortcut ကိုအသုံးပြုပြီး Date ကိုလိုသလို Changeနိုင်ပါတယ်။

12. Calendar Site ရဲ့ဘယ်နေရာကနေပဲဖြစ်ဖြစ် Esc Keyကိုနှိပ်လိုက်ရင် Main Calendar Screen ကိုပြန်ရောက်သွားမှာပါ။ တခြား Calendar တွေကိုကြည့်နေတူန်း t ကိုနှိပ်လိုက်ရင် လက်ရှိ Date ကိုပြန်ရောက်သွားပါလိမ့်မယ်။

13. Calendar တွေကိုကြည့်နေတုန်းမှာ Event တစ်ခူကို Left Click ထောက်ကာ Detail တွေကို ကြည့်ရှုနိုင်ပြီး Right Click ထောက်လိုက်ရင်တော့ Quick Event Adjustment Options ဆိုပြီးထွက်လာမှာပဲဖြစ်ပါတယ်။

14. Calendar Site ရဲ့ထိပ်နားက Search Icon ကိုနှိပ်ပြီး ကိုယ်သီးသန့်ရှာချင်တဲ့ Calendar ၊ Date ၊ Location တွေကိုရှာလို့ရပါတယ်။

15.အရေးကြီးတဲ့ Event တွေ၊ရက်ချိန်းတွေကို မှားဖျက်မိတဲ့အခါမှာ ဆယ်စက္ကန့်အတွင်း Ctrl-Z or z ကိုနှိပ်နိုင်ရင် မှားဖျက်မိတဲ့ Action ကို Undo လုပ်လို့ရပါတယ်။

16.အရေးကြီး Event တွေကိုဖျက်မိရင် Google Calendar ရဲ့ Tucked-away Trash Section ကိုအသုံးပြုကာတစ်လအတွင်းပြန် Restore လုပ်လို့ရပါတယ်။ Gear Icon>Trash Option ကိုနှိပ်ပြီးအသုံးပြုနိုင်ပါတယ်။

Ref; fastcompany

SiD (Akhayar)

www.akhayar.com

အပိုင်း ၃ ဆက်လက်ဖတ်ရှုရန်