အလုပ်ကိစ္စနဲ့ပတ်သက်ပြီးပဲဖြစ်ဖြစ်၊မိသားစုကိစ္စနဲ့ပဲဖြစ်ဖြစ်အချိန်ဇယားတွေရေးဆွဲတဲ့နေရာမှာမရှိမဖြစ်အသုံးပြုရတာကတော့ Calendar ပါပဲ။

အသုံးပြုတာများလေလေ Calendar ရဲ့အသုံးဝင်ပုံတွေကိုပိုမိုတွေ့ရှိလာလေလေဖြစ်ပြီး အချိန်ကိုစနစ်တကျဖွဲ့စည်းကာ အလုပ်လုပ်ကိုင်ရာမှာ ပိုမိုပြီးထိရောက်လာမှာဖြစ်ပါတယ်။ Google Calendar မှာတော့ အသုံးဝင်တဲ့ Function တွေအများကြီးပါဝင်ပြီး သေချာအသုံးချတတ်ရင် အချိန်ကိုအကျိုးရှိရှိအသုံးပြုလာနိုင်မှာပါ။
ဒီတစ်ခေါက်မှာတော့ Akhayar-Tech ရဲ့ Fans တွေအတွက် Google Calendar ရဲ့အသုံးဝင်တဲ့ Function 26မျိုးအကြောင်းကိုတင်ဆက်ပေးလိုက်ပါတယ်။

1.Calendar ကို Space နည်းနည်းပဲသုံးပြီး Info ပိုပြတာလိုချင်ပါသလား။
Google Calendar မှာ Display Density ကို တိုးမြှင့်လို့ရပါတယ်။
Website ရဲ့ညာဘက်အပေါ်ဆုံးထောင့်နားက Gear Icon လေးကိုနှိပ်၊ Density and Colour ကိုရွေးပြီး Information Density ကို Compact ပြောင်းပေးလိုက်ရုံပါပဲ။

2.ချိန်းထားတဲ့ပွဲတွေအားလုံးနီးပါး ဒီတစ်ပတ်အတွင်းမှာဆိုရင်လည်း Weekends တွေကိုဖယ်ပြီး View ကို ကျစ်လစ်သွားအောင်ပြောင်းလို့ရပါတယ်။

3.Weekends တွေထည့်ထားချင်တယ်ဆိုရင်လည်း View Options ဆိုတာလေးကိုဖွင့်ပြီးအလွယ်တကူပြောင်းလဲနိုင်ပါတယ်။

4.ဒါ့အပြင် Calendar ရဲ့ View ကို မိမိစိတ်ကြိုက်ပြုပြင်ပြောင်းလဲလို့ရပါသေးတယ်။ ပြောင်းချင်ရင်တော့ “View Option” ထဲကိုဝင်ပြီး “set Custom View” Option ကို ပြောင်းကာ စိတ်ထဲရှိသလို အသုံးချနိုင်မှာဖြစ်ပါတယ်။

5. Account ထဲမှာ လုပ်စရာတွေ၊ ချိန်းထားတာတွေအရမ်းများတဲ့အခါ ပြွတ်သိပ်မသွားအောင် Calendar တွေကိုခွဲထားတတ်ကြပါတယ်။ ဒီ Calendar တွေထဲမှာ အရေးမကြီးတဲ့ Calendar တွေကို တစ်ချိန်လုံးပေါ်မနေအောင် ဖျောက်ထားလို့ရပြီး Calendar ဘေးမှာရှိတဲ့ Box လေးကို Uncheck လုပ်ပေးလိုက်တာနဲ့ ပျောက်သွားမှာပါ။

6. Calendar တစ်ခုတည်းကို Display လုပ်ထားချင်ရင်တော့ Calendar Name ဘေးက Menu Icon ကိုနှိပ်ပြီး “Display this only”ကို ရွေးပေးလိုက်ရုံပါပဲ။

7.Calendar ကိုနေရာပိုရစေဖို့အတွက် Google Calendar ရဲ့ Sidebars တွေကိုဖျောက်ပစ်ထားလို့ရပါတယ်။ Screen ရဲ့ ဘယ်ဘက်အပေါ်က Three-Line Menu Icon ကိုနှိပ်ပြီး Sidebar တွေကိုဖျက်ပစ်နိုင်ပါတယ်။

8.အချိန်ဇယားကို စီမံတဲ့အခါမှာ Time Zone အများအပြားအသုံးပြုပြီးတော့လည်း စီစဉ်လို့ရပါတယ်။ Website Setting ထဲမှာ Time Zone ဆိုတာကိုရှာပြီး ကိုယ်လိုချင်တဲ့ Time Zone ကို ရွေးချယ်နိုင်ပါတယ်။

Ref; fastcompany

SiD (Akhayar)

www.akhayar.com

အပိုင်း ၂ ဆက်လက်ဖတ်ရှုရန်