
Google Calendar


Google Calendar


Google Calendar


Ref : Tech Crunch

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

Google Calendar ဆိုတာက လူတိုင်းနီးပါး အသုံးပြုနေကြတဲ့ Calendar တစ်ခုဖြစ်မှာပါ။ Event တွေထည့်သွင်းတာတွေအပြင် တစ်ခုခုကို အချိန်းအချက်လုပ်ချင်တယ်ဆိုရင် တခြားသူတွေကို Event Invite တွေပေးပို့တာက Google Calendar ရဲ့ အကောင်းဆုံး Feature တစ်ခုဆိုရင်လည်း မမှားပါဘူး။

Google Calendar

အခုအချိန်မှာ Google ကနေ Calendar မှာ အသုံးဝင်တဲ့ Feature အသစ်တစ်ခုကို ထည့်သွင်းပေးလိုက်ပါတယ်။ အဲ့ဒါကတော့ ကိုယ်က တယောက်ယောက်နဲ့ Event တစ်ခုပြုလုပ်ထားပြီး အကြောင်းကိစ္စတစ်ခုခုကြောင့် အချိန်ကိုပြောင်းချင်တယ်ဆိုရင် ဘာအတွက်ကြောင့်ပြောင်းတယ်ဆိုတာကို Event ထဲမှာ ပါဝင်တဲ့သူတွေကို သိရှိအောင် Message ချန်ထားခဲ့နိုင်တာပဲဖြစ်ပါတယ်။

Google Calendar

အခုလိုမျိုးအချိန်ပြောင်းလဲလိုက်တဲ့အကြောင်းကိုလည်း Event Invitation ရရှိထားတဲ့သူတွေက “Updated invitation with note” ဆိုပြီး Email လည်း ရရှိမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် ချိန်းဆိုထားတဲ့ Event တစ်ခုက အချိန်ပြောင်းသွားတယ်ဆိုရင် ဘယ်အချိန်ပြောင်းသွားတယ်၊ ဘာအတွက်ကြောင့်ပြောင်းသွားတယ်ဆိုတာကို ပိုပြီး လွယ်လွယ်ကူကူသိနိုင်တဲ့အတွက် အခု Feature ဟာ သေးငယ်တယ်ဆိုပေမယ့် လက်ရှိမှာ ထင်ထားတာထက်တောင် ပိုပြီး အသုံးဝင်လာမှာပါ။

Google Calendar

အခု Google Calendar Update ဟာ G Suite အသုံးပြုသူတွေအပြင် Google Account တိုင်းမှာ စတင်ရရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။

Ref : Tech Crunch

Zawyè (Akhayar) 

www.akhayar.com