[Zawgyi]

Cryptomining Extensions ေတြကို Web store ကေနျဖဳတ္ခ်လိုက္တဲ့ Google

Google Chrome ဟာ အြန္လိုင္းမွာမသမာတဲ့နည္းလမ္းနဲ႔ဝင္ေငြရွာခ်င္သူေတြအတြက္ အရမ္းလြယ္တဲ့ေနရာေကာင္းတစ္ခုမ်ားျဖစ္ေနမလား?၊ အေၾကာင္းကေတာ့ Google Web Store မွာ Google ကမဟုတ္တဲ့ အခ်ိဳ႔ေသာ Extensions ေတြဟာ Chrome Browser ထဲကိုအလိုေလွ်ာက္ထည့္သြင္းလိုက္ၿပီးေၾကာ္ျငာေတြျပသတဲ့ျပႆနာေတြျဖစ္ေပၚခဲ့ပါတယ္။ (အေယာင္ျပၿပီးဝင္လာတဲ့ Extensions ေတြပါ) ဒီထဲကမွအဆိုးဆံုးကေတာ့ Crypto Mining နဲ႔ပတ္သက္တဲ့ Extensions ေတြခိုးသြင္းၿပီးေတာ့ Mining လုပ္တဲ့ျပႆနာပဲျဖစ္ပါတယ္။

၄င္းျပႆနာကိုေျဖရွင္းဖို႔အတြက္ အစပိုင္းမွာ Secret Cryptomining Extensions ေတြကိုျဖဳတ္ခ်ခဲ့ၿပီး ယခုအခါမွာေတာ့ Cryptomining Extensions အားလံုးကို Google Chrome ရဲ႕ Web Store ေပၚကေနျဖဳတ္ခ်လိုက္ၿပီျဖစ္ပါတယ္။ အျခားေသာ Mining နဲ႔ပတ္သက္တဲ့ Extensions ေတြကိုေတာ့ June လေနာက္ဆံုးထားၿပီးဖ်က္ခ်သြားမွာျဖစ္တယ္လို႕ဆိုပါတယ္။

Google chrome with cryptomining
ဒါေပမယ့္ ဒီျပႆနာဟာ အျခား Blockchain-Related Tools ေတြနဲ႔ေတာ့သက္ဆိုင္ျခင္းမရွိေၾကာင္းကိုေတာ့ ေျပာထားပါတယ္။ Google ရဲ႕ထုတ္ျပန္ခ်က္အရ ၉၀% ေသာ Cryptomining Extensions ေတြဟာ Google Web store ကထုတ္ျပန္ထားတဲ့စည္းကမ္းခ်က္ေတြကို လိုက္နာျခင္းမပဲ အသံုးျပဳသူေတြကို မမွန္မကန္သတင္းေတြနဲ႔ လိမ္လည္ၿပီး ထည့္သြင္းခိုင္းေနတယ္လို႔ဆိုပါတယ္။

Opera Browser ကလည္း Cryptomining နဲ႔ပတ္သက္တဲ့လုပ္ေဆာင္ခ်က္အေတာ္မ်ားမ်ား ကို ၿပီးခဲ့တဲ့ January လေလာက္ကစတင္ၿပီး ထိန္းခ်ဳပ္ခဲ့သလို Internet User အေတာ္မ်ားမ်ားဟာလည္း uBlock Origin၊ NoCoin အစရွိတဲ့ Extensions ေတြကိုအသံုးျပဳၿပီး Software ေတြနဲ႕ Mining လုပ္တာကို ကာကြယ္ခဲ့ပါတယ္။ အခုလည္း Google ရဲ႕လုပ္ရပ္ဟာ နည္းပညာနယ္ပယ္မွာ Cryptocurrency Mining နဲ႔ပတ္သက္ၿပီးႀကီးမားတဲ့ တိုက္ခိုက္ထိုးႏွပ္ခ်က္တစ္ခုကို လုပ္ေဆာင္ခဲ့တယ္လို႔ဆိုရမွာျဖစ္ပါတယ္။ Cryptomining လုပ္ငန္းေတြ ဘယ္အခ်ိန္ထိ ေတာင့္ခံႏိုင္ပါ့မလဲဆိုတာကေတာ့…

Ref;AndroidPolice

Phone Hay Ko (Akhayar)

www.akhayar.com

[Unicode]

Cryptomining Extensions တွေကို Web store ကနေဖြုတ်ချလိုက်တဲ့ Google

Google Chrome ဟာ အွန်လိုင်းမှာမသမာတဲ့နည်းလမ်းနဲ့ဝင်ငွေရှာချင်သူတွေအတွက် အရမ်းလွယ်တဲ့နေရာကောင်းတစ်ခုများဖြစ်နေမလား?၊ အကြောင်းကတော့ Google Web Store မှာ Google ကမဟုတ်တဲ့ အချို့သော Extensions တွေဟာ Chrome Browser ထဲကိုအလိုလျှောက်ထည့်သွင်းလိုက်ပြီးကြော်ငြာတွေပြသတဲ့ပြဿနာတွေဖြစ်ပေါ်ခဲ့ပါတယ်။ (အယောင်ပြပြီးဝင်လာတဲ့ Extensions တွေပါ) ဒီထဲကမှအဆိုးဆုံးကတော့ Crypto Mining နဲ့ပတ်သက်တဲ့ Extensions တွေခိုးသွင်းပြီးတော့ Mining လုပ်တဲ့ပြဿနာပဲဖြစ်ပါတယ်။

၎င်းပြဿနာကိုဖြေရှင်းဖို့အတွက် အစပိုင်းမှာ Secret Cryptomining Extensions တွေကိုဖြုတ်ချခဲ့ပြီး ယခုအခါမှာတော့ Cryptomining Extensions အားလုံးကို Google Chrome ရဲ့ Web Store ပေါ်ကနေဖြုတ်ချလိုက်ပြီဖြစ်ပါတယ်။ အခြားသော Mining နဲ့ပတ်သက်တဲ့ Extensions တွေကိုတော့ June လနောက်ဆုံးထားပြီးဖျက်ချသွားမှာဖြစ်တယ်လို့ဆိုပါတယ်။

Google chrome with cryptomining
ဒါပေမယ့် ဒီပြဿနာဟာ အခြား Blockchain-Related Tools တွေနဲ့တော့သက်ဆိုင်ခြင်းမရှိကြောင်းကိုတော့ ပြောထားပါတယ်။ Google ရဲ့ထုတ်ပြန်ချက်အရ ၉၀% သော Cryptomining Extensions တွေဟာ Google Web store ကထုတ်ပြန်ထားတဲ့စည်းကမ်းချက်တွေကို လိုက်နာခြင်းမပဲ အသုံးပြုသူတွေကို မမှန်မကန်သတင်းတွေနဲ့ လိမ်လည်ပြီး ထည့်သွင်းခိုင်းနေတယ်လို့ဆိုပါတယ်။

Opera Browser ကလည်း Cryptomining နဲ့ပတ်သက်တဲ့လုပ်ဆောင်ချက်အတော်များများ ကို ပြီးခဲ့တဲ့ January လလောက်ကစတင်ပြီး ထိန်းချုပ်ခဲ့သလို Internet User အတော်များများဟာလည်း uBlock Origin၊ NoCoin အစရှိတဲ့ Extensions တွေကိုအသုံးပြုပြီး Software တွေနဲ့ Mining လုပ်တာကို ကာကွယ်ခဲ့ပါတယ်။ အခုလည်း Google ရဲ့လုပ်ရပ်ဟာ နည်းပညာနယ်ပယ်မှာ Cryptocurrency Mining နဲ့ပတ်သက်ပြီးကြီးမားတဲ့ တိုက်ခိုက်ထိုးနှပ်ချက်တစ်ခုကို လုပ်ဆောင်ခဲ့တယ်လို့ဆိုရမှာဖြစ်ပါတယ်။ Cryptomining လုပ်ငန်းတွေ ဘယ်အချိန်ထိ တောင့်ခံနိုင်ပါ့မလဲဆိုတာကတော့…

Ref;AndroidPolice

Phone Hay Ko (Akhayar)

www.akhayar.com