



Google Play Store



Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

Google က ယနေ့မှာ Play Store ရဲ့ Developer Policies တွေကို ပြန်လည် Update ပြုလုပ်ပေးခဲ့ပြီး အဆိုပါ Update ပြုလုပ်လိုက်တဲ့ Developer Policies အရ Application အတော်များများ Ban ခံလိုက်ရပြီပဲဖြစ်ပါတယ်။

Play Store Cryptocurrency Apps

အခုလိုမျိုး Ban ခံလိုက်ရတဲ့ App တွေထဲမှာ စိတ်ကို အနှောင့်အယှက်ဖြစ်စေတဲ့ ကြော်ငြာတွေပါဝင်တဲ့ Application တွေ အပြင် Crytocurrency Mining Application တွေ အဓိကပါဝင်ခဲ့တယ်လို့ သိပါတယ်။ Google ရဲ့ ပြောကြားချက်အရတော့ ယခင်ထဲက Cryptocurrency Mining App တွေကို တားမြစ်ထားတာဖြစ်ပြီး အရင်တုန်းက Cryptocurrency ကို Remotely ထိန်းချူပ်နေတဲ့ Application တွေ ပါဝင်ခြင်းမရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် အခုအချိန်မှာတော့ အဆိုပါ Application တွေပါ ပိတ်ပင်ခံလိုက်ရတာပဲဖြစ်ပါတယ်။

Apple ကလည်း မကြာသေးမီကမှ Device ပေါ်ကနေ တဆင့် Cryptocurrency ကို Mining ပြုလုပ်နေတဲ့ Application တွေကို Ban ခဲ့တာဖြစ်ပြီးတော့ Device ပေါ်ကနေ မဟုတ်ဘဲ Cloud Based Mining လိုမျိုး ပြုလုပ်တဲ့ Application တွေကိုပဲ ခွင့်ပြုပေးခဲ့တာဖြစ်ပါတယ်။

Google Play Store

Google Play Store ရဲ့ Developer Policies အသစ်အရ တားမြစ်ခံလိုက်ရတဲ့ Application တွေထဲမှာ လက်နက် နဲ့ ဆက်စပ်ပစ္စည်းတွေကိုပါ ရောင်းချတဲ့ Application တွေပါ ပါဝင်ခဲ့တာပဲဖြစ်ပါတယ်။ Google က ပိုင်ဆိုင်တဲ့ YouTube မှာလည်း ယခုနှစ်အစောပိုင်းတုန်းက လက်နက် ရောင်းဝယ်မှုပြုလုပ်တဲ့ ဗီဒီယိုတွေကို ပိတ်ပင်ခဲ့တဲ့အတွက် အခု Google Play Store မှာ ပြုလုပ်မှုက ဒုတိယမြောက်ဖြစ်လာပါတယ်။

နောက်ထပ် ပိတ်ပင်မှုတွေထဲမှာ ကလေးငယ်တွေအတွက်ရည်ရွယ်ပေမယ့် Adult Themes တွေထည့်သွင်းထားတဲ့ App တွေ၊ ကြော်ငြာမှာ Personal Information တွေကို အတင်းအကျပ်ဖြည့်သွင်းခိုင်းတဲ့ App တွေလည်း တားမြစ်ခံခဲ့ရတယ်လို့ သိရပါတယ်။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com