Google Assistant ရဲ႕ လက္ရွိရရွိေနတဲ့ ဘာသာစကား နဲ႔ ႏိုင္ငံေတြကို ၂ဆေက်ာ္ တုိးခ်ဲ႕ေတာ့မယ္

Google ရဲ႕ AI Assistant တစ္ခုျဖစ္တဲ့ Google Assistant ဟာ အခုအခ်ိန္တိုအတြင္းမွာ အသံုးျပဳမႈအလြန္မ်ားျပားလာတာျဖစ္ပါတယ္။ အဲ့ဒီအတြက္ ယခင္က Apple Siri တို႔ကို မေက်ာ္ႏုိင္ခဲ့ေပမယ့္လည္း အခုအခ်ိန္မွာေတာ့ အနီးစပ္ဆံုး ယွဥ္ျပိဳင္ႏုိင္တဲ့အဆင့္တစ္ခုကို ေရာက္ရွိေနျပီပဲျဖစ္ပါတယ္။

လက္ရွိအခ်ိန္မွာ Google Assistant ဟာ ဘာသာစကားအေနနဲ႔ English ၊ French, German ၊ Italian ၊ Japanese ၊ Korean ၊ Spanish နဲ႔ Portuguese စတဲ့ ဘာသာစကား ၈ မ်ိဳးပဲရရွိေနေသးတာျဖစ္ျပီး ဖုန္းမဟုတ္တဲ့ Google Home Accessories ေတြကိုလည္း Australia ၊ Canada ၊ France ၊ Germany ၊ Japan ၊ United Kingdom နဲ႔ United States လုိ ႏုိင္ငံေတြမွာပဲ ေရာင္းခ်တာျဖစ္တဲ့အတြက္ အျခားႏုိင္ငံအမ်ားအျပားမွာ Google Assistant ကို ေသခ်ာအသံုးခ်ႏုိင္ျခင္းမရွိေသးတာပဲျဖစ္ပါတယ္။

ဒါေပမယ့္ Google ဟာ ယခုႏွစ္မွာ အဆိုပါ ကိစၥကို အေလးေပးေဆာင္ရြက္သြားဖုိ႔ရွိေနျပီးေတာ့ လက္ရွိသိရွိရတဲ့သတင္းေတြအရ Google Assistant ကို ေနာက္ထပ္ ဘာသာစကား ၁၇ မ်ိဳးနဲ႔ ႏုိင္ငံေပါင္း ၅၂ ႏုိင္ငံအထိ ထပ္မံတိုးခ်ဲ႕ဖုိ႔ ေဆာင္ရြက္ေနတယ္လုိ႔ သိရပါတယ္။ အခုလုိတိုးခ်ဲ႕မႈဟာ လက္ရွိထက္ ၂ ဆေက်ာ္တုိးတက္လာမွာျဖစ္သလုိ Google Assistant ကို အသံုးျပဳရတာလည္း ပိုျပီး လြယ္ကူလာမွာပဲျဖစ္ပါတယ္။

ယခုသတင္းကို Google ရဲ႕ Conference တစ္ခုကို တက္ေရာက္ခဲ့ပံုရတဲ့ Netherlands သတင္းေထာက္တစ္ဦးကတင္ထားခဲ့တာျဖစ္ျပီး Google ကေတာ့ တရားဝင္ထုတ္ျပန္ထားျခင္းမရွိေသးပါဘူး။

ဘာပဲျဖစ္ျဖစ္ Google Assistant လုိမ်ိဳး AI Assistant ေတြကို အဂၤလိပ္ဘာသာစကားနဲ႔မဟုတ္ပဲ ျမန္မာဘာသာနဲ႔ပဲ ေမးျမန္းႏုိင္မယ္ဆုိရင္ ဒါဟာ လက္ရွိစမတ္ဖုန္းအသံုးျပဳမႈေတြကို ေျပာင္းလဲသြားေစမယ့္ အရာတစ္ခုျဖစ္လာေတာ့မွာပါ။

Ref : Android Authority

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

Google ရဲ့ AI Assistant တစ်ခုဖြစ်တဲ့ Google Assistant ဟာ အခုအချိန်တိုအတွင်းမှာ အသုံးပြုမှုအလွန်များပြားလာတာဖြစ်ပါတယ်။ အဲ့ဒီအတွက် ယခင်က Apple Siri တို့ကို မကျော်နိုင်ခဲ့ပေမယ့်လည်း အခုအချိန်မှာတော့ အနီးစပ်ဆုံး ယှဉ်ပြိုင်နိုင်တဲ့အဆင့်တစ်ခုကို ရောက်ရှိနေပြီပဲဖြစ်ပါတယ်။

လက်ရှိအချိန်မှာ Google Assistant ဟာ ဘာသာစကားအနေနဲ့ English ၊ French, German ၊ Italian ၊ Japanese ၊ Korean ၊ Spanish နဲ့ Portuguese စတဲ့ ဘာသာစကား ၈ မျိုးပဲရရှိနေသေးတာဖြစ်ပြီး ဖုန်းမဟုတ်တဲ့ Google Home Accessories တွေကိုလည်း Australia ၊ Canada ၊ France ၊ Germany ၊ Japan ၊ United Kingdom နဲ့ United States လို နိုင်ငံတွေမှာပဲ ရောင်းချတာဖြစ်တဲ့အတွက် အခြားနိုင်ငံအများအပြားမှာ Google Assistant ကို သေချာအသုံးချနိုင်ခြင်းမရှိသေးတာပဲဖြစ်ပါတယ်။

ဒါပေမယ့် Google ဟာ ယခုနှစ်မှာ အဆိုပါ ကိစ္စကို အလေးပေးဆောင်ရွက်သွားဖို့ရှိနေပြီးတော့ လက်ရှိသိရှိရတဲ့သတင်းတွေအရ Google Assistant ကို နောက်ထပ် ဘာသာစကား ၁၇ မျိုးနဲ့ နိုင်ငံပေါင်း ၅၂ နိုင်ငံအထိ ထပ်မံတိုးချဲ့ဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ အခုလိုတိုးချဲ့မှုဟာ လက်ရှိထက် ၂ ဆကျော်တိုးတက်လာမှာဖြစ်သလို Google Assistant ကို အသုံးပြုရတာလည်း ပိုပြီး လွယ်ကူလာမှာပဲဖြစ်ပါတယ်။

ယခုသတင်းကို Google ရဲ့ Conference တစ်ခုကို တက်ရောက်ခဲ့ပုံရတဲ့ Netherlands သတင်းထောက်တစ်ဦးကတင်ထားခဲ့တာဖြစ်ပြီး Google ကတော့ တရားဝင်ထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။

ဘာပဲဖြစ်ဖြစ် Google Assistant လိုမျိုး AI Assistant တွေကို အင်္ဂလိပ်ဘာသာစကားနဲ့မဟုတ်ပဲ မြန်မာဘာသာနဲ့ပဲ မေးမြန်းနိုင်မယ်ဆိုရင် ဒါဟာ လက်ရှိစမတ်ဖုန်းအသုံးပြုမှုတွေကို ပြောင်းလဲသွားစေမယ့် အရာတစ်ခုဖြစ်လာတော့မှာပါ။

Ref : Android Authority

Zawyè (Akhayar) 

www.akhayar.com