Google ကအခုအခ်ိန္မွာ Android ဖုန္းေတြမွာ အေကာင္းဆံုးလို႔ေျပာႏုိင္တဲ့ Google Assistant ကို ထည့္သြင္းထားျပီးျဖစ္သလုိ Android တင္မဟုတ္ဘဲ iOS မွာပါ Google Assistant ကို အသံုးျပဳေစခ်င္ေနတဲ့ပံုပါပဲ။

Google Assistant Siri Shortcuts

အခုအခ်ိန္မွာ Google က iOS အတြက္ Google Assistant ကို ထုတ္ေပးထားတာ ၁ ႏွစ္မျပည့္ေသးေပမယ့္ iOS 12 ရဲ႕ Feature တစ္ခုကို ပါးနပ္စြာအသံုးခ်ျပီးေတာ့ Google Assistant ကို သံုးရတာပိုျပီးလြယ္ကူေအာင္ ျပဳလုပ္လုိက္ျပီျဖစ္ပါတယ္။ ဒါကေတာ့ Apple ရဲ႕ ကိုယ္ပိုင္ Assistant ျဖစ္တဲ့ Siri ကိုပဲ အသံုးခ်လိုက္တာပါ။

Siri Shortcuts

Apple ဟာ iOS 12 မွာ Siri Shortcuts Feature ကို ထည့္သြင္းလာခဲ့ျပီးေတာ့ အခု Siri Shortcuts ဆုိတာက Siri ကိုပဲ တျခားေသာ Application ေတြကို တဆင့္ခုိင္းေစႏုိင္ေအာင္ေဆာင္ရြက္တဲ့ Feature တစ္ခုျဖစ္ပါတယ္။ အခုအခ်ိန္မွာ Google ကေန Assistant ကို Siri Shortcuts ကိုပါ Support ျပဳလုပ္ေအာင္ Update ျပဳလုပ္လုိက္တဲ့အတြက္ “Hey Siri, Okay Google” လုိမ်ိဳး ေခၚဆိုလုိက္တာနဲ႔ Siri အစား Google Assistant ကို တုိက္ရုိက္အသံုးျပဳႏုိင္ေတာ့မွာပါ။

Google ရဲ႕ Assistant ဟာ လက္ရွိအခ်ိန္မွာ အေကာင္းဆံုးေသာ Virtual Assistant တစ္ခုျဖစ္ျပီးေတာ့ Google Pixel လုိမ်ိဳး စမတ္ဖုန္းေတြမွာဆိုရင္ ဖုန္းေျဖဆိုမႈေတြပါ ျပဳလုပ္ႏိုင္တဲ့ Call Screening Feature ကိုပါ ျပဳလုပ္ႏုိင္တဲ့အထိ Powerful ျဖစ္ေနတဲ့ Assistant တစ္ခုျဖစ္ပါတယ္။

Siri Shortcuts

ဘာပဲျဖစ္ျဖစ္ Google ရဲ႕ Assistant ကို iOS ေပၚမွာပါ ေကာင္းေကာင္းအသံုးျပဳလုိ႔ရေအာင္ နယ္ခ်ဲ႕လာတာက Siri ေၾကာင့္ တဆင့္ပိုျပီးေအာင္ျမင္လာျပီလုိ႔ ေျပာရမွာပါ။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

[UNICODE]

Google ကအခုအချိန်မှာ Android ဖုန်းတွေမှာ အကောင်းဆုံးလို့ပြောနိုင်တဲ့ Google Assistant ကို ထည့်သွင်းထားပြီးဖြစ်သလို Android တင်မဟုတ်ဘဲ iOS မှာပါ Google Assistant ကို အသုံးပြုစေချင်နေတဲ့ပုံပါပဲ။

Google Assistant Siri Shortcuts

အခုအချိန်မှာ Google က iOS အတွက် Google Assistant ကို ထုတ်ပေးထားတာ ၁ နှစ်မပြည့်သေးပေမယ့် iOS 12 ရဲ့ Feature တစ်ခုကို ပါးနပ်စွာအသုံးချပြီးတော့ Google Assistant ကို သုံးရတာပိုပြီးလွယ်ကူအောင် ပြုလုပ်လိုက်ပြီဖြစ်ပါတယ်။ ဒါကတော့ Apple ရဲ့ ကိုယ်ပိုင် Assistant ဖြစ်တဲ့ Siri ကိုပဲ အသုံးချလိုက်တာပါ။

Siri Shortcuts

Apple ဟာ iOS 12 မှာ Siri Shortcuts Feature ကို ထည့်သွင်းလာခဲ့ပြီးတော့ အခု Siri Shortcuts ဆိုတာက Siri ကိုပဲ တခြားသော Application တွေကို တဆင့်ခိုင်းစေနိုင်အောင်ဆောင်ရွက်တဲ့ Feature တစ်ခုဖြစ်ပါတယ်။ အခုအချိန်မှာ Google ကနေ Assistant ကို Siri Shortcuts ကိုပါ Support ပြုလုပ်အောင် Update ပြုလုပ်လိုက်တဲ့အတွက် “Hey Siri, Okay Google” လိုမျိုး ခေါ်ဆိုလိုက်တာနဲ့ Siri အစား Google Assistant ကို တိုက်ရိုက်အသုံးပြုနိုင်တော့မှာပါ။

Google ရဲ့ Assistant ဟာ လက်ရှိအချိန်မှာ အကောင်းဆုံးသော Virtual Assistant တစ်ခုဖြစ်ပြီးတော့ Google Pixel လိုမျိုး စမတ်ဖုန်းတွေမှာဆိုရင် ဖုန်းဖြေဆိုမှုတွေပါ ပြုလုပ်နိုင်တဲ့ Call Screening Feature ကိုပါ ပြုလုပ်နိုင်တဲ့အထိ Powerful ဖြစ်နေတဲ့ Assistant တစ်ခုဖြစ်ပါတယ်။

Siri Shortcuts

ဘာပဲဖြစ်ဖြစ် Google ရဲ့ Assistant ကို iOS ပေါ်မှာပါ ကောင်းကောင်းအသုံးပြုလို့ရအောင် နယ်ချဲ့လာတာက Siri ကြောင့် တဆင့်ပိုပြီးအောင်မြင်လာပြီလို့ ပြောရမှာပါ။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com