Joker (Akhayar)
Google Assistant ကို တခြား Android ဖုန်းတွေအတွက်ပါ ရရှိနိုင်ပြီ
Google Assistant လို့နာမည်ပေးထားတဲ့ Google ရဲ့ Digital Voice Assistant ကို Google က Pixels နဲ့ Pixels XL ဖုန်းတွေမှာ စတင်ထည့်သွင်းခဲ့ပါတယ်။ လူကြိုက်လည်း များခဲ့ပါတယ်။ အဲ့ဒီနောက် ဒုတိယမြောက်အဖြစ် LG က အသစ်ထုတ်လုပ်လိုက်တဲ့ LG G6 ဖုန်းမှာ ထည့်သွင်းပြီး Android ဗားရှင်းအထက်ပိုင်း ဖုန်းတွေ၊ တက်ဘလက်တွေမှာ ရရှိတော့မှာဖြစ်ကြောင်း Google က ဒီသတင်းပတ်အစောပိုင်းမှာ ကြေညာချက်တစ်ရပ်ထုတ်ပြန်ခဲ့ပါတယ်။
သတင်းအတိုင်းပဲ Google Assistant ကို ယခုအခါမှာ Marshmallow ဒါမှမဟုတ် Nougat ရှိတဲ့ ဖုန်းတွေမှာ စတင်ရရှိနိုင်ပြီဖြစ်ကြောင်း သိရပါတယ်။ ဒါကြောင့် သင့်ရဲ့ဖုန်းကို စစ်ဆေးကြည့်ဖို့ လိုအပ်ပါတယ်။
သင့်အနေနဲ့ Google Assistant ကို ရယူဖို့ Google Play Store မှာ သွားရှာစရာမလိုပဲ Google အနေနဲ့ Play Services ကနေတစ်ဆင့် Update ပြုလုပ်ပေးသွားမှာပါ။ ဆိုလိုတာကတော့ Google Assistant ကို အလိုအလျောက်ရရှိစေမှာပါ။ Google အတည်ပြုချက်ဟာ ထုတ်ဖော်ခဲ့တဲ့ YouTube ဗီဒီယိုဖြစ်တဲ့ “It’s here” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဗီဒီယိုမှာ Google Assistant ရဲ့ လုပ်ဆောင်ချက်တွေကို Highlight လုပ်ပြီး ထုတ်ဖော်သွားခဲ့တာပါ။
Google Assistant ဟာ Google Now နဲ့ မတူညီပဲ သင်နဲ့ ပိုမိုနက်ရှိုင်းတဲ့ စကားစမြည်ပြောဆိုမှုတွေကို Google ရဲ့ AI က ပြုလုပ်ပေးမှာပါ။ Google ထုတ်ဖော်ခဲ့တဲ့ ဗီဒီယိုကိုအောက်မှာကြည့်ရှုနိုင်ပါတယ်။  ကဲရနေပြီဆိုရင်လည်း ရာသီဥတုတွေ၊ ဟာသတွေ၊ ပြောခိုင်းကြည့်ပြီး ဘယ်လိုနေတယ်ဆိုတာ အောက်မှာ ရေးပေးသွားကြပါဦး။ ?
Joker (Akhayar)
Ref: TechnoBuffalo, Engadget