Google Assistant ရဲ့ Answer ပြန်ဖြေတဲ့ ပုံစံတွေဟာတစ်နေ့တခြားဆန်းသစ်လာပြီး ပြောင်းလဲနေပါတယ်။ဒီတစ်ခေါက် Update မှာတော့ Google Assistant ဟာကိုယ်မေးတဲ့မေးခွန်း အကြောင်းအရာကိုလိုက်ပြီးတော့ သက်ဆိုင်တဲ့ Ad တွေကို ပြပြီး Answer ပြန်လုပ်ပေးသွားမှာဖြစ်ပါတယ်။
Ad တွေကတော့ Normal Google Search တွေမှာတွေ့ရလေ့ရှိတဲ့ Ad အမျိုးအစားတွေပါပဲ။

Assistant ဟာ Answer ပြန်ပေးတဲ့အခါမှာ Ad တွေပြပြီး ပြန်ဖြေပေးတဲ့အတွက် အဖြေတွေဟာ ပိုပြီး ပြည့်စုံလာပါတယ်။ Ad တွေကတော့ကိုယ်တွေ့မြင်ပြီးသား Ad တွေလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဥပမာအနေနဲ့ တည်းခိုဖို့အတွက် အနီးနားမှာရှိတဲ့ Hotel တွေကိုရှာခိုင်းလိုက်ရင် Hotel ကို Booking လုပ်နိုင်တဲ့ Website တွေကိုပါချပြပေးသွားမှာဖြစ်ပါတယ်။

အသုံးပြုသူ တော်တော်များများ သတိထားမိနေပြီးဖြစ်တဲ့ ဒီ Ad Delivery စနစ်ကို လာမယ့် February မှာ Google ကနေ စမ်းသပ်မှုတွေ ပြုလုပ်သွားမှာဖြစ်ပါတယ်။ Google ကတော့ “ကျွန်တော်တို့က အသုံးပြုသူတွေ စိတ်ကျေနပ်မှုရရှိအောင် အမြဲတမ်း နည်းလမ်းအသစ်တွေကိုရှာဖွေနေပါတယ်။ ဒါပေမယ့် ခုလောလောဆယ်မှာတော့ ဘာမှထွေထွေထူးထူး ပြောစရာမရှိပါဘူး။” လို့ဆိုခဲ့တဲ့အတွက်ကြောင့် ဒီ Ad-Free Assistant Experience ဟာ Bug တစ်ခုဖြစ်နိုင်တယ်လို့ User တွေကထင်ကြေးပေးနေကြပါတယ်။ သင်လည်းGoogle ကို Feedback ပို့ပြီး သင့်ရဲ့ထင်မြင်ချက်ကို ပြောဆိုနိုင်ပါတယ်။

Ref; AndrodiPolice

SiD (Akhayar)